September 19, 2017

Galaxy Note 8 ဓာတ်ပုံသစ်များ ပေါက်ကြားထွက်ပေါ်လာ

SlashLeaks ဟာ Galaxy Note 8 ဓာတ်ပုံသစ်တွေကို ဖော်ပြခဲ့ပြီး ဒီဇိုင်းကတော့ Olixar ကထုတ်လုပ်ထားတဲ့ တရားဝင် Galaxy Note 8 case နဲ့ကိုက်ညီနေပါတယ်။

ပေါက်ကြားထွက်ပေါ်တဲ့ ဓာတ်ပုံအရ Galaxy Note 8 မှာ Infinity Display ပါဝင်ပြီး Galaxy S8 ဒါမှမဟုတ် Galaxy S8 Plus ထက် မျက်နှာပြင်ပိုမိုကြီးမားပါတယ်။ Galaxy Note 8 ရဲ့မျက်နှာပြင်က ၆.၃ လက်မ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားတဲ့အချက်နဲ့လည်း ကိုက်ညီနေပါတယ်။

Galaxy Note 8 မျက်နှာပြင်ဟာ ရှည်မျောမျောပုံစံရှိပြီး Galaxy S8 နဲ့ Galaxy S8 Plus မှာပါဝင်တဲ့ 19.5:9 aspect ratio ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ဖုန်းအကြီးစားတွေကို လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ကိုင်ပြီး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Samsung ဟာ Galaxy S မျိုးဆက်မှာ မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ်နည်းပညာကို နှစ်ကုန်ပိုင်းမှာ ထွက်ရှိလေ့ရှိတဲ့ Galaxy Note ထုတ်ကုန်သစ်တိုင်းမှာ မိတ်ဆက်လေ့ရှိပါတယ်။

စိုးထက်
Ref: Forbes