July 15, 2018

Galaxy J8 ကို အေရာင္သုံးေရာင္ျဖင့္ ဇူလုိင္ ၂၃ ရက္တြင္ ျပည္တြင္း၌ စတင္ဝယ္ယူႏုိင္မည္

[ Zawgyi ]

အနက္၊ ေရႊ၊ ခရမ္း စတဲ့ အေရာင္သုံးေရာင္နဲ႔ မ်ဳိးဆက္သစ္ Samsung Galaxy J8 ကို ဇူလု္ိင္လ ၂၃ ရက္မွစတင္ကာ ၃၆၉,ဝဝဝ က်ပ္နဲ႔ ျမန္မာတစ္ႏုိင္ငံလုံးရွိ Samsung အေရာင္းဆုိင္ႀကီးမ်ားနဲ႔ အေရာင္းကိုယ္စားလွယ္ဆုိင္ေတြမွာ စတင္၀ယ္ႏုိင္မယ္လို႔ သိရပါတယ္။

အဆိုပါ Galaxy J8 ကို အဆုံးအစမဲ့ ၆ လက္မ Super AMOLED HD+ မ်က္ႏွာျပင္၊ f/1.7 apeture ရွိ 16 MP နဲ႔ f/1.9 apeture ရွိ 5MP အမ်ဳိးအစား အေနာက္ဘက္ကင္မရာႏွစ္လုံး၊ f/1.9 ရွိ 16MP အမ်ဳိးအစား ေရွ႕ဘက္မရာမ်ားပါဝင္ၿပီး ေရွ႕ေနာက္ ကင္မရာႏွစ္မ်ဳိး စလုံးမွာ Live Focus လုပ္ေဆာင္ခ်က္မ်ား ေထာက္ပံ့ပါ၀င္ပါတယ္။ 3GB RAM နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈပမာဏ 32GB ရွိမွာျဖစ္ၿပီး လက္ေဗြလုံၿခဳံေရးစနစ္၊ Dual Messenger ၊ Dolby Atmos Surround အသံစနစ္နဲ႔ မ်က္ႏွာျဖင့္ဖုန္းကို unlock လုပ္ႏုိင္မယ့္ Face recoginition နည္းပညာမ်ားေထာက္ပံ့ပါ၀င္တယ္ လုိ႔သိရပါတယ္။

“Galaxy J စီးရီးစမတ္ဖုန္းေတြက ျမန္မာႏုိင္ငံမွာ ေရာင္းအားအေကာင္းဆုံးဖုန္းေတြပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ Samsung ရဲ႕ ကိုယ္ပိုင္ထူးျခားမႈျဖစ္တဲ့ အဆုံးအစမဲ့မ်က္ႏွာျပင္က လူငယ္ေတြၾကားမွာ အထူးလူႀကိဳက္မ်ားတဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။ Galaxy J8 ကိုလည္း သုံးစြဲသူေတြရဲ႕ လူႀကိဳက္အမ်ားဆုံး အခ်က္တစ္ခ်က္ျဖစ္တဲ့ ကင္မရာပိုင္း Dual Camera အျဖစ္ အဓိက ဦးစားေပးၿပီး ထုတ္ထားပါတယ္။ ေနာက္ၿပီး သုံးစြဲသူေတြအေနနဲ႔ အျခားျပင္ပက App ေတြကို အသုံးျပဳစရာမလိုဘဲ ဓာတ္ပုံေတြကို စိတ္ႀကိဳက္ ျပင္ဆင္ႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ Flagship ဖုန္းေတြမွာသာပါဝင္တဲ့ Live Focus လုပ္ေဆာင္ခ်က္ကိုလည္း ထည့္သြင္း ေပးထားတဲ့အတြက္ သုံးစြဲသူေတြအေနနဲ႔ သေဘာက်ႏွစ္သက္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္” လုိ႔ Samsung Myanmar ရဲ႕ Head of IT and Mobile မွ ကိုဇာနည္ဝင္းထက္က ေျပာပါတယ္။

Samsung ျမန္မာနဲ႔ Mytel တိုပူးေပါင္းကာ စတင္မိတ္ဆက္ျခင္း အထူးအစီအစဥ္အေနနဲ႔ Galaxy J8 ဝယ္ယူသူမ်ား ၁၂ လ ဆက္တိုက္ လစဥ္ အနည္းဆုံး ၅,ဝဝဝ က်ပ္ ဖုန္းေငြျဖည့္သြင္းတုိင္း ရက္ေပါင္း ၃ဝ အတြင္းအသုံးျပဳႏုိင္တဲ့ ေဒတာ 2GB နဲ႔အတူ Mytel နံပါတ္အခ်င္းခ်င္း မိနစ္ေပါင္း ၁ဝဝ ဖုန္းေခၚဆိုခြင့္ ရရွိႏုိင္မယ္လို႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

အနက်၊ ရွှေ၊ ခရမ်း စတဲ့ အရောင်သုံးရောင်နဲ့ မျိုးဆက်သစ် Samsung Galaxy J8 ကို ဇူလု်ိင်လ ၂၃ ရက်မှစတင်ကာ ၃၆၉,ဝဝဝ ကျပ်နဲ့ မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းဆိုင်ကြီးများနဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ စတင်ဝယ်နိုင်မယ်လို့ သိရပါတယ်။

အဆိုပါ Galaxy J8 ကို အဆုံးအစမဲ့ ၆ လက်မ Super AMOLED HD+ မျက်နှာပြင်၊ f/1.7 apeture ရှိ 16 MP နဲ့ f/1.9 apeture ရှိ 5MP အမျိုးအစား အနောက်ဘက်ကင်မရာနှစ်လုံး၊ f/1.9 ရှိ 16MP အမျိုးအစား ရှေ့ဘက်မရာများပါဝင်ပြီး ရှေ့နောက် ကင်မရာနှစ်မျိုး စလုံးမှာ Live Focus လုပ်ဆောင်ချက်များ ထောက်ပံ့ပါ၀င်ပါတယ်။ 3GB RAM နဲ့ အချက်အလက်သိုလှောင်နိုင်မှုပမာဏ 32GB ရှိမှာဖြစ်ပြီး လက်ဗွေလုံခြုံရေးစနစ်၊ Dual Messenger ၊ Dolby Atmos Surround အသံစနစ်နဲ့ မျက်နှာဖြင့်ဖုန်းကို unlock လုပ်နိုင်မယ့် Face recoginition နည်းပညာများထောက်ပံ့ပါ၀င်တယ် လို့သိရပါတယ်။

“Galaxy J စီးရီးစမတ်ဖုန်းတွေက မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံးဖုန်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Samsung ရဲ့ ကိုယ်ပိုင်ထူးခြားမှုဖြစ်တဲ့ အဆုံးအစမဲ့မျက်နှာပြင်က လူငယ်တွေကြားမှာ အထူးလူကြိုက်များတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ Galaxy J8 ကိုလည်း သုံးစွဲသူတွေရဲ့ လူကြိုက်အများဆုံး အချက်တစ်ချက်ဖြစ်တဲ့ ကင်မရာပိုင်း Dual Camera အဖြစ် အဓိက ဦးစားပေးပြီး ထုတ်ထားပါတယ်။ နောက်ပြီး သုံးစွဲသူတွေအနေနဲ့ အခြားပြင်ပက App တွေကို အသုံးပြုစရာမလိုဘဲ ဓာတ်ပုံတွေကို စိတ်ကြိုက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ Flagship ဖုန်းတွေမှာသာပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်း ပေးထားတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile မှ ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

Samsung မြန်မာနဲ့ Mytel တိုပူးပေါင်းကာ စတင်မိတ်ဆက်ခြင်း အထူးအစီအစဉ်အနေနဲ့ Galaxy J8 ဝယ်ယူသူများ ၁၂ လ ဆက်တိုက် လစဉ် အနည်းဆုံး ၅,ဝဝဝ ကျပ် ဖုန်းငွေဖြည့်သွင်းတိုင်း ရက်ပေါင်း ၃ဝ အတွင်းအသုံးပြုနိုင်တဲ့ ဒေတာ 2GB နဲ့အတူ Mytel နံပါတ်အချင်းချင်း မိနစ်ပေါင်း ၁ဝဝ ဖုန်းခေါ်ဆိုခွင့် ရရှိနိုင်မယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း