Fotor Photo Editor

Mac ပေါ်ကနေ ဓာတ်ပုံပြင်ဆင်ဖို့အတွက်သာမက filter တွေများစွာကို ထည့်သွင်းပေးထားတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ဓာတ်ပုံပြင်ဆင်နိုင်မယ့် tool များကိုလည်း ထည့်သွင်းပေးထားပါတယ်။ Free app တွေထဲမှာတော့ လူကြိုက်များတဲ့ app အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

ထည့်သွင်းအသုံးပြုလိုသူတွေအတွက် Mac App Store မှာအခမဲ့ ရယူနိုင်မှာဖြစ်ပြီး download လုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 98.4 MB ခန့်ရှိမှာဖြစ်ပါတယ်။ OS X 10.7 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်