August 22, 2017

Final Fantasy XII: The Zodiac Age

Developer – Square Enix
Publisher – Square Enix
Platform(s) – PS4
Genre(s) – Open World, Action RPG
Release Date – July 13, 2017
Gameplay – 10
Story – 8
Graphics – 7.5
Presentation – 10
Final Score – 9 out of 10

Final Fantasy XII: The Zodiac Age ဟာ PlayStation 2 မှာထွက်ရှိခဲ့တဲ့ Final Fantasy XII ဂိမ်းရဲ့ HD Remastered Version ဂိမ်းသစ်ဖြစ်ပါတယ်။ Square Enix ရဲ့ Nintendo NES ခေတ်ကတည်းက စတင်အောင်မြင်ခဲ့တဲ့ Final Fantasy ဂိမ်းစီးရီးဟာ main titles တွေနဲ့ spin-off titles တွေ နှစ်စဉ်တစ်ခုမဟုတ်တစ်ခု ထွက်နေပေမယ့် main title series အနေနဲ့ကတော့ နှစ် ၃၀ အတွင်းမှာ ၁၅ ဂိမ်းပဲ ထွက်ရသေးတာ တွေ့ရမှာပါ။ အစောပိုင်းနှစ်တွေကတောင် main titles ထွက်တာများတယ်လို့ ပြောနိုင်ပြီး ၂၀၀၆ ခုနှစ် ကနေ ၂၀၁၆ အတွင်း Final Fantasy XII ကနေ Final Fantasy XV အထိပဲ ထွက်ရသေးတာတွေ့ရမှာပါ။ Final Fantasy XIII တုန်းက ရောင်းအား ကောင်းခဲ့လို့ spin-off title အနေနဲ့နောက်ထပ် နှစ်ဂိမ်း ထွက်ခဲ့ပေမယ့် reviewers တွေနဲ့ အမာခံပရိသတ် အများစုကတော့အခြား Final Fantasy ဂိမ်းတွေလောက် အားမရခဲ့ကြပါဘူး။ Final Fantasy XII ဂိမ်း ၂၀၀၆ ခုနှစ်မှာ ထွက်ရှိတုန်းက PlayStation 3 ဂိမ်းစက်တောင် ထွက်ခါနီးဖြစ်နေလို့ အချို့ကစားသူတွေ သတိမထားမိခဲ့ပေမယ့် ပရိသတ်အများစုရဲ့ ချီးကျူးမှုကြောင့် နောက်ပိုင်းမှာတော့ ရောင်းအားကောင်းခဲ့ပါတယ်။ အခု PlayStation 4 မှာလည်း remastered version အဖြစ် ပိုမိုကောင်းမွန်တဲ့ graphics ပိုင်းအပြင် gameplay ပိုင်းပြောင်းလဲမှုတွေပါ ပါဝင်လာတဲ့အတွက် ပထမအကြိမ် ထွက်တုန်းကမဆော့ခဲ့ရ သူတွေရော မူရင်းပရိသတ်တွေပါ အကြိုက်တွေ့မှာပါ။

Final Fantasy XII: The Zodiac Age ရဲ့ ဇာတ်လမ်းက တော့ Vagrant Story နဲ့ Final Fantasy Tactics လိုမျိုး ဂိမ်းတွေ
နေရာယူခဲ့တဲ့ Ivalice နယ်မြေမှာ ဇာတ်လမ်းဆင်ထားပြီး magicite အမည်ရတဲ့ မှော်အစွမ်းအသုံးပြုနိုင်တဲ့ mineral တွေကြောင့် မည်သူမဆို magic spell တွေ အသုံးပြုနိုင်တဲ့ ခေတ်ကာလဖြစ်ပြီး Steampunk ခေတ်ပုံစံ Airship ကြီးတွေ၊ Victorian ခေတ်အဆောက်အဦနဲ့ ဝတ်ပုံစားပုံတွေ ပေါင်းစပ်ထားတာ တွေ့ရမှာပါ။ အဓိကဇာတ်ကောင် Vaan ကတော့ ဇာတ်လမ်းအစမှာ skypirate ဖြစ်ချင်သူ လူငယ်တစ်ယောက်ဘဝကနေ စတင်ထားပါ တယ်။ Rozarria Empire နဲ့ Archadia Empire တို့အကြား စစ်ပွဲပိတ်မိနေတဲ့ Dalmasca တိုင်းပြည်မှစတင်ပြီး အခြား Dalmasca ရဲ့ Princess Ashe , sky pirate Balthier နဲ့ Fran တို့လိုမျိုး ဇာတ်ကောင်တွေနဲ့ တွေ့ဆုံရပြီး စွန့်စားခန်းမျိုးစုံမှာ ဝင်ရောက်ပါဝင်ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။

Gameplay ပိုင်းမှာ အဓိကလူကြိုက်များမယ့် အချက်ကတော့ အခြား character class ရွေးချယ်နိုင်တဲ့ RPG တွေနဲ့ Final Fantasy
Tactics လိုမျိုး ဂိမ်းတွေမှာလို license boards အမျိုးအစားနဲ့ ability တွေပြောင်းလဲနိုင်တဲ့ Zodiac Job System ပါဝင်လာတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အစောပိုင်းထွက်ခဲ့တဲ့ FFXII မှာ board တစ်ခုပဲ ပါဝင်ခဲ့သလို အစောပိုင်း Final Fantasy XII International Zodiac Job System ဂိမ်းကလည်း Japan မှာပဲ ထွက်ရှိခဲ့ပါတယ်။ အခု Zodiac Age မှာတော့ license boards တစ်ခုအစား ၁၂ ခုတောင် ပါဝင်လာသလို အချို့ RPG ဂိမ်းတွေမှာလို class ပြောင်းလဲနိုင်ပေမယ့် ဇာတ်ကောင်တွေရဲ့ အခြေခံ stats တွေအရ အမှန် တကယ်အသုံးဝင်တဲ့ class က နည်းနည်းပဲ ရွေးချယ်နိုင်မှာ ဆိုပေမယ့် Zodiac Age မှာတော့ စိတ်ကြိုက် board တွေကိုပြောင်းလဲ အသုံးပြုနိုင်မှာ တွေ့ရပါတယ်။ Side quests တွေ၊ level grinding တွေလုပ်တဲ့အခါမှာ လည်း အဆင်ပြေအောင်လို့ Game Speed ကို နှစ်ဆတင်နိုင်တဲ့အတွက် မူရင်း FF XII ဂိမ်းမှာ အချိန်နာရီပေါင်းရာနှင့်ချီ ကစားပြီးသူတွေအတွက် အဆင်ပြေမှာပါ။ Kingdom Hearts Remix ဂိမ်းတွေပြန်ထွက်သလိုမျိုးပဲ အချို့မြေပုံလမ်းကြောင်းတည် ဆောက်ပုံတွေရော ရန်သူတွေရဲ့ Hunting Quest နေရာတွေ၊ ရန်သူ enemy location နေရာတွေကိုလည်းပြင်ဆင်ထား တဲ့အတွက် ပုံမှန် graphics ပိုင်း မြှင့်တင်ထားရုံ သက်သက်မဟုတ်တဲ့ Remastered ဂိမ်းဖြစ် တာ တွေ့ရမှာပါ။

Final Fantasy XII: The Zodiac Age ဟာ ပုံမှန် Remastered ဂိမ်းတွေထက် အများကြီး ထူးခြားကောင်းမွန်လို့ မူရင်းဂိမ်း ကစားပြီးသူတွေ အတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ အသုံးပြုရမခက်ခဲဘဲ strategy မျိုးစုံပြောင်းလဲနိုင်တဲ့ Gambit System ပါဝင်ထားသလို license boards ၁၂ မျိုးကို အသုံးပြုပြီးတော့လည်း summoning ပိုင်းတွေ gameplay ပိုင်းတွေကို စိတ်ကြိုက်ပြောင်း လဲနိုင်တဲ့အတွက် Final Fantasy ပရိသတ်အသစ်ရော အဟောင်းတွေပါ သဘောကျမယ့် Remastered Version ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

-နေအောင်လတ်