Facebook Messenger မှာ သူငယ်ချင်းတွေ နဲ့ Instant Game ဘယ်လိုကစားမလဲ

Facebook Messenger မှာ Instant Game feature ကို သုံးစွဲသူများအတွက် တစ်ဖြည်းဖြည်း ဖြန့်ဝေပေးနေပါ တယ်။ Facebook ကနေ ဖြန့်ချိပေးနေတဲ့ Instant Game တွေကို Facebook Messenger မှာကစားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း ကစားနိုင်မှာဖြစ်သလို သူငယ်ချင်းများနဲ့လည်း ချိတ်ဆက်ပြီး ကစားနိုင်ပါတယ်။

Instant Game ဆိုတဲ့အတိုင်းပဲ ဂိမ်းတွေကို install လုပ်ရန်မလိုဘဲ တစ်ခါတည်း အလွယ်တကူနဲ့ ဝင်ရောက်ကစားနိုင်ပါတယ်။ Facebook Messenger က Instant Game ကို ကစားမယ်ဆိုရင် Messenger app ကို ဖွင့်ပါ။ ပြီးရင် ဂိမ်းလက်ကိုင်ခလုတ် icon ကိုတွေ့ရပါမယ်။ အဆိုပါ ဂိမ်းလက်ကိုင် ပုံကို နှိပ်လိုက်ရင် Instant Game ကို ရွေးချယ်ကာ စတင်ကစားနိုင်ပြီဖြစ်ပါတယ်။

တစ်ကယ်လို့ သူငယ်ချင်းအပေါင်းအသင်းနဲ့ ကစားချင်တယ်ဆိုရင် ကိုယ်ကစားချင်တဲ့ သူငယ်ချင်းနဲ့ စကားပြောဆိုတဲ့ chat box ကိုဖွင့်ပါ။ စာရိုက်တဲ့ ဘယ်ဘက်ထောင့်ဘေးနားမှာ “+” sign ကို နှိပ်လိုက်ရင် Location, Plans, Quick Photo အစရှိတဲ့ အတန်းမှာ Game ဆိုတာကိုတွေ့ရပါမယ်။ အဆိုပါ ဂိမ်းကို နှိပ်ပြီး ဂိမ်းတွေကိုရွေးချယ်ကာ ကစားနိုင်မှာဖြစ်ပါတယ်။ ကစားလို့ရတဲ့ ဂိမ်းအမျိုးအစားတွေကတော့ –

1 – Words With Friends
2 – EverWing
3 – Basketball FRVR
4 – Snake
5 – Solitaire
6 – Endless Lake
7 – Master Archer
8 – PAC-MAN
9 – Hex FRVR
10 – Bingo
11 – Nom Cat
12 – Slope Slider
13 – Brick Pop
14 – Bat Climb
15 – Dominoes Battle!
16 – Jewel Academy
17 – Harry High Dive

တို့အပါအဝင် အခြား ဂိမ်းပေါင်း ၅၀ ခန့် ပါဝင်မှာဖြစ်ပါတယ်။ Facebook Messenger Instant Game တွေကို mobile device တွေပေါ်မှာသာမက ကွန်ပျူတာတွေပေါ်ကနေလည်း ကစားနိုင်မှာဖြစ်ပါတယ်။