Facebook follower အများဆုံး ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi ရဲ့ personal account ကို follow လုပ်တဲ့ အရေအတွက် သန်း ၄၀ ကျော် ရှိပြီး Facebook ပေါ်မှာ follow အရေအတွက် အများဆုံး ကမ္ဘာ့ခေါင်းဆောင်  ဖြစ်လာတယ်လို့ Burson-Marsteller ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ဟာ Facebook ရဲ့ Crowdtangle tool က စုစည်းထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ၂၀၁၆ ခုနှစ်တစ်လျှောက် ကမ္ဘာတစ်ဝန်းက အစိုးရအဖွဲ့အစည်း၊ နိုင်ငံအကြီးအကဲ၊ ဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတို့ထံမှ ရွေးချယ်ထားတဲ့ Facebook စာမျက်နှာ ၅၉၀ ရဲ့ လှုပ်ရှားမှုတွေကို လေ့လာဆန်းစစ် ဖော်ပြထားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ရဲ့ personal page က follower သန်း ၂၀ ရှိပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ PMO account က follower ၁၃ သန်းကျော်နဲ့ ရပ်တည်ခဲ့ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဝန်ကြီးချုပ် Modi က Facebook ပေါ်မှာ interaction (likes, comments, shares) အများဆုံးပြုလုပ်သူ အနေနဲ့လည်း ရပ်တည်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Modi ရဲ့ interaction အရေအတွက်က ၁၆၉ သန်းပါ။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Hun Sen က interaction အရေအတွက် ၅၈ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ObamaWhiteHouse စာမျက်နှာက interaction ၃၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

Ref: TimesOfIndia