July 15, 2018

Facebook ေပၚက ကုိယ္ေရးအခ်က္အလက္ေတြကုိ ကာကြယ္ႏိုင္ေစမယ့္ အခ်က္ (၉) ခ်က္

[ Zawgyi ]

လုံၿခဳံေရးစစ္ေဆးမႈဟာ အလုပ္႐ႈပ္ေပမယ့္ အြန္လုိင္းသုံးစြဲသူေတြအတြက္ အေရးပါတဲ့လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။ လုံၿခဳံေရး တိုက္ခိုက္ခံရမႈအမ်ိဳးမ်ိဳးက အင္တာနက္သုံးစြဲသူေတြမ်ားစြာရဲ႕ အခ်က္အလက္ကို ေပါက္ၾကားေစပါတယ္။ ဒါေၾကာင့္ သုံးစြဲသူအေနနဲ႔ လူမႈကြန္ရက္ေတြနဲ႔ app ေတြက အခ်က္အလက္ေတြ လိုတာထက္ ပိုမရယူဖုိ႔အတြက္ ဂ႐ုစိုက္ဖုိ႔လိုပါတယ္။

Facebook ရဲ႕ ေနာက္ဆံုးေပၚ အခ်က္အလက္ေပါက္ၾကားမႈဟာလညး္ သမား႐ိုးက်နည္းလမ္းအတိုင္း hack ခံခဲ့ရတာ မဟုတ္ပါဘူး။ ၂၀၁၄ ခုႏွစ္မွာ လူတစ္ေယာက္က သုေတသီအျဖစ္နဲ႔ Facebook အခ်က္အလက္ေတြကို ရယူသြားခဲ့ပါတယ္။ အဲဒီလူက သတင္းအခ်က္အလက္စိစစ္ေရးကုမၸဏီ Cambridge Analytica ကို အဆိုပါအခ်က္အလက္ေတြ ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ Facebook ရဲ႕စည္းမ်ဥ္းနဲ႔အညီ အခ်က္အလက္ေတြ ဖ်က္ဆီးပစ္ဖို႔ Cambridge ကို ညႊန္ၾကားခဲ့ပါတယ္။ အဲဒီအခ်က္အလက္ေတြကို ဖ်က္ဆီးခဲ့တယ္လို႔ Cambridge က ေျပာေပမယ့္ အခ်က္အလက္ေတြ ရွိေသးတယ္လို႔ သုေတသီေယာင္ေဆာင္သူက ေျပာပါတယ္။

Facebook အေနနဲ႔ အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တုန္လႈပ္ခဲ့ရပါတယ္။ ဒါေပမဲ့ နည္းပညာကုမၸဏီႀကီးေတြကေတာ့ ပစၥည္းေတြကိုေရာင္းခ်ဖို႔ အခ်က္အလက္ေတြကို mine လုပ္တာ ဒါမွမဟုတ္ အျခားသူေတြဆီကို ေရာင္းခ်တာ စတဲ့ သုံးစြဲသူေတြရဲ႕ အခ်က္အလက္ေတြနဲ႔ ေငြေၾကးမ်ားစြာ ရွာေဖြႏိုင္ပါတယ္။

Facebook အေနနဲ႔ သုံးစြဲသူ account ေတြကုိ ပိုမိုတင္းက်ပ္ လုံၿခဳံေအာင္လည္း ျပဳလုပ္ခြင့္ေပးထားပါတယ္။ ဒါေပမယ့္ အဲဒီ tool ေတြဟာ ရွာေဖြရခက္ခဲပါတယ္။ အဲဒီ tool တစ္ခ်ိဳ႕ုဟာ Facebook သုံးစြဲမႈတစ္ခ်ိဳ႕အတြက္လည္း အကန္႔အသတ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ Facebook သုံးစြဲသူေတြရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြကို မေဝမွ်ႏိုင္ေအာင္ ကာကြယ္မယ့္ နည္းလမး္ေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) App Settings ကို စစ္ေဆးပါ

App Settings ဒါမွမဟုတ္ Settings > Apps ကိုသြားပါ။ စမတ္ဖုန္းေပၚမွာေတာ့ hamburger menu >Settings> Account Settings > Apps ဆိုၿပီး သြားႏိုင္ပါတယ္။

(၂) Log In ဝင္ထားတဲ့ App ေတြကို ဖယ္ရွားပါ

App Setting စာမ်က္ႏွာမွာ “Show All” ကိုႏွိပ္လိုက္ပါ။ အဲဒီအခါ သုံးစြဲသူက Facebook အခ်က္အလက္နဲ႔ log in ျပဳလုပ္ထားတဲ့ app, site နဲ႔ ဂိမ္းေတြပါဝင္တဲ့ စာရင္းတစ္ခုကို ေတြ႕ရပါမယ္။ အဲဒီအခါက်ရင္ သုံးစြဲသူက ဖယ္ရွားလိုတဲ့ app ကိုႏွိပ္ၿပီး ဖယ္ရွားလို႔ရပါတယ္။ ေနာက္ပုိင္းမွာ app/game/ site ေတြကို Facebook အခ်က္အလက္ေတြ ျပန္အသုံးျပဳခ်င္ရင္ log in ျပန္လုပ္ရပါမယ္။

(၃) Log In ျပဳလုပ္ထားတဲ့ App ေတြကို edit လုပ္ပါ

Facebook နဲ႔ log in ဝင္ထားတဲ့ app တစ္ခုခ်င္းစီအတြက္ setting ေတြကို ေျပာင္းလဲႏိုင္တဲ့ option လည္း ရိွပါတယ္။ ဥပမာအေနနဲ႔ အမ်ားျမင္ေတြ႕ေအာင္ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေဝမွ်ႏိုင္ေအာင္ ဒါမွမဟုတ္ ကိုယ္ကိုယ္တိုင္ပဲ ျမင္ေတြ႕ႏိုင္ေအာင္ ေျပာင္းလဲႏိုင္ပါတယ္။ App တစ္ခုခ်င္းစီမွာ cursor ေထာက္ၿပီး Edit Settings လို႔အမည္တပ္ထားတဲ့ ခဲတံ icon ကုိႏွိပ္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။

(၄) မိုဘိုင္းေပၚက App ေတြကုိ ျပင္ဆင္ဖယ္ရွားပါ

စမတ္ဖုနး္မွာေတာ့ Account Settings က Apps အတြင္း Logged In with Facebook ကို click ျပဳလုပ္လုိက္ရင္ အလားတူ စာရင္းတစ္ခု ေတြ႕ရပါမယ္။ အဲဒီစာရင္းမွာ public နဲ႔ friends ေတြကို ေဝမွ်ထားတဲ့ app ေတြကို ခြဲျခား ျပသထားပါတယ္။ အဲဒီမွာ အေျပာင္းအလဲ ျပဳလုပ္ႏိုင္ပါတယ္။

(၅) Facebook ကေဝမွ်ေနတဲ့ app ေတြကို ပိတ္ပါ

Facebook အေနနဲ႔ ေဝမွ်တာေတြ မျပဳလုပ္ႏုိင္ေအာင္ app အမ်ားအျပားကို ပိတ္ႏိုင္ပါတယ္။ Desktop ေပၚမွာ Apps, Websites, and Plugins ဆိုတဲ့ box က Edit ခလုတ္ကုိ ႏွိပ္လုိက္ရင္ pop-up တစ္ခု ေပၚလာပါမယ္။

(၆) Platform ကို disable လုပ္ပါ

ေပၚလာတဲ့ pop up က Disable Platform ခလုတ္ကုိ ပိတ္လိုက္မယ္ဆိုရင္ Facebook အေနနဲ႔ သုံးစြဲသူ account အခ်က္အလက္ေတြကို third-party ဆိုက္ေတြနဲ႔ ခ်ိတ္ဆက္ေပးေတာ့မွာ မဟုတ္ပါဘူး။ အဲဒီနညး္လမ္းရဲ႕ အားနည္းခ်က္ကေတာ့ Facebook နဲ႔ခ်ိတ္ဆက္ထားတဲ့ ဂိမ္းေတြနဲ႔ ဝက္ဘ္ဆိုက္ေတြထဲ log in ဝင္လို႔ မရေတာ့သလုိ app ေတြကို သူငယ္ခ်င္းေတြနဲ႔ ေဝမွ်တာ ဒါမွမဟုတ္ စိတ္ႀကိဳက္ျပင္ဆင္တာတို႔ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။ Facebook အသုံးျပဳၿပီး log in ျပဳလုပ္ထားတဲ့ app ေတြကို အသုံးျပဳလုိ႔ ရေတာ့မွာ မဟုတ္ပါဘူး။ မိုဘုိင္းမွာေတာ့ Platform > Edit > Turn of Platform within the Apps section ကေန အလားတူအတုိင္း ျပဳလုပ္ႏိုင္ပါတယ္။

(၇) App ေတြကို ကန္႔သတ္ပါ

သုံးစြဲသူက အသုံးျပဳထားၿပီး ေဝမွ်ထားတဲ့ အခ်က္အလက္ေတြကို ပုိမိုကန္႔သတ္ႏိုင္တဲ့ option တစ္ခုရွိပါတယ္။ အဲဒါကေတာ့ Apps Others Use ေအာက္က Edit box ကိုႏွိပ္လုိက္ပါ။

(၈) Apps Other Use မွာ မေဝမွ်လိုတဲ့ အခ်က္အလက္ေတြကို ျဖဳတ္ပါ

Facebook ေပၚမွာရွိတဲ့ တစ္ကိုယ္ေရ အခ်က္အလက္ေတြကို သုံးစြဲသူရဲ႕ သူငယ္ခ်င္းျဖစ္သူက third-party app ေတြနဲ႔ ဝက္ဘ္ဆိုက္ေတြ အသုံးျပဳတဲ့အခါ အသုံးခ်ႏိုင္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူေတြအေနနဲ႔ အျခားလူေတြက ကုိယ္ပုိင္ အခ်က္အလက္ေတြကို အသုံးမခ်ႏိုင္ေအာင္ အခု screen မွာကန္႔သတ္ႏိုင္ပါတယ္။ သုံးစြဲသူက မေဝမွ်လုိတဲ့ အခ်က္အလက္ေတြကို UNCHECK ျပဳလုပ္ႏိုင္ပါတယ္။

(၉) Data Policy အျပည့္အစုံကို ဖတ္ပါ

Facebook သုံးစြဲသူေတြအေနနဲ႔ Facebook Data Policy ကိုဖတ္သင့္ပါတယ္။ အဲဒီ ေပၚလစီေတြကို ၂၀၁၆ ခုႏွစ္ စက္တင္ဘာလကတည္းက စိစစ္တည္းျဖတ္ထားျခင္း မရွိေသးပါဘူး။ ေနာက္ပုိင္းမွာ အေျပာင္းအလဲျပဳလုပ္ဖြယ္ရွိပါတယ္။ အဲဒီေပၚလစီကို အေျပာင္းအလဲ မျပဳလုပ္ခင္မွာ အဖြဲ႕ဝင္အားလုံးကို သတိေပးမယ့္ အခ်က္အလက္ပါဝင္ပါတယ္။

စိုးထက္
Ref: PCMag

[ Unicode ]

လုံခြုံရေးစစ်ဆေးမှုဟာ အလုပ်ရှုပ်ပေမယ့် အွန်လိုင်းသုံးစွဲသူတွေအတွက် အရေးပါတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ လုံခြုံရေး တိုက်ခိုက်ခံရမှုအမျိုးမျိုးက အင်တာနက်သုံးစွဲသူတွေများစွာရဲ့ အချက်အလက်ကို ပေါက်ကြားစေပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ လူမှုကွန်ရက်တွေနဲ့ app တွေက အချက်အလက်တွေ လိုတာထက် ပိုမရယူဖို့အတွက် ဂရုစိုက်ဖို့လိုပါတယ်။

Facebook ရဲ့ နောက်ဆုံးပေါ် အချက်အလက်ပေါက်ကြားမှုဟာလညး် သမားရိုးကျနည်းလမ်းအတိုင်း hack ခံခဲ့ရတာ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ လူတစ်ယောက်က သုတေသီအဖြစ်နဲ့ Facebook အချက်အလက်တွေကို ရယူသွားခဲ့ပါတယ်။ အဲဒီလူက သတင်းအချက်အလက်စိစစ်ရေးကုမ္ပဏီ Cambridge Analytica ကို အဆိုပါအချက်အလက်တွေ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် Facebook ရဲ့စည်းမျဉ်းနဲ့အညီ အချက်အလက်တွေ ဖျက်ဆီးပစ်ဖို့ Cambridge ကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီအချက်အလက်တွေကို ဖျက်ဆီးခဲ့တယ်လို့ Cambridge က ပြောပေမယ့် အချက်အလက်တွေ ရှိသေးတယ်လို့ သုတေသီယောင်ဆောင်သူက ပြောပါတယ်။

Facebook အနေနဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး တုန်လှုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပညာကုမ္ပဏီကြီးတွေကတော့ ပစ္စည်းတွေကိုရောင်းချဖို့ အချက်အလက်တွေကို mine လုပ်တာ ဒါမှမဟုတ် အခြားသူတွေဆီကို ရောင်းချတာ စတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ငွေကြေးများစွာ ရှာဖွေနိုင်ပါတယ်။

Facebook အနေနဲ့ သုံးစွဲသူ account တွေကို ပိုမိုတင်းကျပ် လုံခြုံအောင်လည်း ပြုလုပ်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီ tool တွေဟာ ရှာဖွေရခက်ခဲပါတယ်။ အဲဒီ tool တစ်ချို့ုဟာ Facebook သုံးစွဲမှုတစ်ချို့အတွက်လည်း အကန့်အသတ်ဖြစ်စေပါတယ်။ ဒါကြောင့် Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မဝေမျှနိုင်အောင် ကာကွယ်မယ့် နည်းလမး်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) App Settings ကို စစ်ဆေးပါ

App Settings ဒါမှမဟုတ် Settings > Apps ကိုသွားပါ။ စမတ်ဖုန်းပေါ်မှာတော့ hamburger menu >Settings> Account Settings > Apps ဆိုပြီး သွားနိုင်ပါတယ်။

(၂) Log In ဝင်ထားတဲ့ App တွေကို ဖယ်ရှားပါ

App Setting စာမျက်နှာမှာ “Show All” ကိုနှိပ်လိုက်ပါ။ အဲဒီအခါ သုံးစွဲသူက Facebook အချက်အလက်နဲ့ log in ပြုလုပ်ထားတဲ့ app, site နဲ့ ဂိမ်းတွေပါဝင်တဲ့ စာရင်းတစ်ခုကို တွေ့ရပါမယ်။ အဲဒီအခါကျရင် သုံးစွဲသူက ဖယ်ရှားလိုတဲ့ app ကိုနှိပ်ပြီး ဖယ်ရှားလို့ရပါတယ်။ နောက်ပိုင်းမှာ app/game/ site တွေကို Facebook အချက်အလက်တွေ ပြန်အသုံးပြုချင်ရင် log in ပြန်လုပ်ရပါမယ်။

(၃) Log In ပြုလုပ်ထားတဲ့ App တွေကို edit လုပ်ပါ

Facebook နဲ့ log in ဝင်ထားတဲ့ app တစ်ခုချင်းစီအတွက် setting တွေကို ပြောင်းလဲနိုင်တဲ့ option လည်း ရှိပါတယ်။ ဥပမာအနေနဲ့ အများမြင်တွေ့အောင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဝေမျှနိုင်အောင် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ မြင်တွေ့နိုင်အောင် ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုချင်းစီမှာ cursor ထောက်ပြီး Edit Settings လို့အမည်တပ်ထားတဲ့ ခဲတံ icon ကိုနှိပ်ပြီး ပြောင်းလဲနိုင်ပါတယ်။

(၄) မိုဘိုင်းပေါ်က App တွေကို ပြင်ဆင်ဖယ်ရှားပါ

စမတ်ဖုနး်မှာတော့ Account Settings က Apps အတွင်း Logged In with Facebook ကို click ပြုလုပ်လိုက်ရင် အလားတူ စာရင်းတစ်ခု တွေ့ရပါမယ်။ အဲဒီစာရင်းမှာ public နဲ့ friends တွေကို ဝေမျှထားတဲ့ app တွေကို ခွဲခြား ပြသထားပါတယ်။ အဲဒီမှာ အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။

(၅) Facebook ကဝေမျှနေတဲ့ app တွေကို ပိတ်ပါ

Facebook အနေနဲ့ ဝေမျှတာတွေ မပြုလုပ်နိုင်အောင် app အများအပြားကို ပိတ်နိုင်ပါတယ်။ Desktop ပေါ်မှာ Apps, Websites, and Plugins ဆိုတဲ့ box က Edit ခလုတ်ကို နှိပ်လိုက်ရင် pop-up တစ်ခု ပေါ်လာပါမယ်။

(၆) Platform ကို disable လုပ်ပါ

ပေါ်လာတဲ့ pop up က Disable Platform ခလုတ်ကို ပိတ်လိုက်မယ်ဆိုရင် Facebook အနေနဲ့ သုံးစွဲသူ account အချက်အလက်တွေကို third-party ဆိုက်တွေနဲ့ ချိတ်ဆက်ပေးတော့မှာ မဟုတ်ပါဘူး။ အဲဒီနညး်လမ်းရဲ့ အားနည်းချက်ကတော့ Facebook နဲ့ချိတ်ဆက်ထားတဲ့ ဂိမ်းတွေနဲ့ ဝက်ဘ်ဆိုက်တွေထဲ log in ဝင်လို့ မရတော့သလို app တွေကို သူငယ်ချင်းတွေနဲ့ ဝေမျှတာ ဒါမှမဟုတ် စိတ်ကြိုက်ပြင်ဆင်တာတို့ မပြုလုပ်နိုင်တော့ပါဘူး။ Facebook အသုံးပြုပြီး log in ပြုလုပ်ထားတဲ့ app တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။ မိုဘိုင်းမှာတော့ Platform > Edit > Turn of Platform within the Apps section ကနေ အလားတူအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၇) App တွေကို ကန့်သတ်ပါ

သုံးစွဲသူက အသုံးပြုထားပြီး ဝေမျှထားတဲ့ အချက်အလက်တွေကို ပိုမိုကန့်သတ်နိုင်တဲ့ option တစ်ခုရှိပါတယ်။ အဲဒါကတော့ Apps Others Use အောက်က Edit box ကိုနှိပ်လိုက်ပါ။

(၈) Apps Other Use မှာ မဝေမျှလိုတဲ့ အချက်အလက်တွေကို ဖြုတ်ပါ

Facebook ပေါ်မှာရှိတဲ့ တစ်ကိုယ်ရေ အချက်အလက်တွေကို သုံးစွဲသူရဲ့ သူငယ်ချင်းဖြစ်သူက third-party app တွေနဲ့ ဝက်ဘ်ဆိုက်တွေ အသုံးပြုတဲ့အခါ အသုံးချနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ အခြားလူတွေက ကိုယ်ပိုင် အချက်အလက်တွေကို အသုံးမချနိုင်အောင် အခု screen မှာကန့်သတ်နိုင်ပါတယ်။ သုံးစွဲသူက မဝေမျှလိုတဲ့ အချက်အလက်တွေကို UNCHECK ပြုလုပ်နိုင်ပါတယ်။

(၉) Data Policy အပြည့်အစုံကို ဖတ်ပါ

Facebook သုံးစွဲသူတွေအနေနဲ့ Facebook Data Policy ကိုဖတ်သင့်ပါတယ်။ အဲဒီ ပေါ်လစီတွေကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက စိစစ်တည်းဖြတ်ထားခြင်း မရှိသေးပါဘူး။ နောက်ပိုင်းမှာ အပြောင်းအလဲပြုလုပ်ဖွယ်ရှိပါတယ်။ အဲဒီပေါ်လစီကို အပြောင်းအလဲ မပြုလုပ်ခင်မှာ အဖွဲ့ဝင်အားလုံးကို သတိပေးမယ့် အချက်အလက်ပါဝင်ပါတယ်။

စိုးထက်
Ref: PCMag