July 25, 2017

Eye Protection Lamp

Remax ရဲ့ Remax RT-E185 Time Series Eye Protection Lamp ဟာ မီးအိမ် အနေဖြင့်သာမက နှိုးစက်နာရီအနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မာကျောခိုင်ခံ့တဲ့ ကိုယ်ထည်နဲ့ တည်ဆောင်ပေးထားပြီး DC-5V/0.5A ဖြစ်ကာ ဖုန်းအားသွင်းခေါင်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Battery Capacity 1200mAh ဖြစ်ပြီး တစ်ခါအားသွင်းထားရုံနဲ့ ၄ နာရီမှ ၈ နာရီခန့်အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 360 degree လှည့်နိုင်မှာဖြစ်ပြီး မျက်စိမထိခိုက်ဘဲ သဘာဝအလင်းရရှိအောင် LED မီး၁၈လုံးကို အလွှာတစ်ခု ဖုံးအုပ်ပေး ထားပါတယ်။ အလင်းအဆင့် ၃ ဆင့်ကို Touch ခလုတ်လေးတွေနဲ့ စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ နာရီ ၊ ပြက္ခဒိန် နဲ့ ပတ်ဝန်းကျင် အပူချိန်ကိုလည်း ရှင်းလင်းတိကျစွာ ပြပေးနိုင်ပါတယ်။ တန်ဖိုး ၁၄,၀၀၀ ကျပ်နဲ့ Anycall Remax Showroom ဖုန်း ၀၁ ၇၇၄၀၃၀၆၂၀ မှာ ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း