July 15, 2018

External GPU သစ်အတွက် BlackMagic နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Apple





Ref: TheVerge

[ Unicode ]

Apple ဟာ graphic processing power ပိုမိုလိုအပ်နေတဲ့ သုံးစွဲသူတွေအတွက် ထုတ်ကုန်တစ်မျိုးကို ရောင်းချနေပါတယ်။

Apple ဟာ Radeon Pro 580 နဲ့ 8GB video memory ပါဝင်တဲ့ external GPU အတွက် ရုပ်ရှင်ကုမ္ပဏီ Blackmagic နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီ external GPU သစ်ဟာ ၁၅ လက်မ MacBook Pro ပေါ်မှာ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ၂.၈ ဆ၊ ၁၃ လက်မမှာ ၈ ဆ ပိုမိုလျင်မြန်စေတယ်လို့ Apple က ပြောပါတယ်။

ဒါ့အပြင် Blackmagic eGPU မှာ Thunderbolt 3 port နှစ်ခု၊ USB 3 port လေးခုနဲ့ HDMI 2 port တစ်ခု ပါဝင်ပါတယ်။ ဒါဟာ MacBook Pro နဲ့အသုံးပြုဖို့အတွက် Apple က အကြံပြုထောက်ခံထားတဲ့ 5K LG monitor လိုမျိုး Thunderbolt 3 display တွေကို အထောက်အပံ့ပေးတဲ့ ပထမဆုံး eGPU ဖြစ်ပါတယ်။

Blackmagic eGPU ကို Apple က ၆၉၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။

Ref: TheVerge