September 26, 2017

Elecom Stereo Headset

သီချင်းနားထောင်ခြင်းနဲ့ ဖုန်းပြောဆိုခြင်းကိုပါ ပြုလုပ်နိုင်တဲ့ Elecom အမှတ်တံဆိပ် Stereo Headset တစ်မျိုးဖြစ်ပြီး အသံအရည်အသွေး ကြည်လင်ပြတ်သားမှု ရှိပါတယ်။ neodymium magnet ကို အသုံးပြုထားတဲ့အတွက် Bass အသံကောင်းမွန်ပြီး သီချင်းနားထောင်နေစဉ် နားကိုနာကျင်မှုဖြစ်စေခြင်းမှ ကင်းဝေးစေနိုင်သလို နားနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် Silicon Ear Cap (S /M/L) များလည်း အပိုပါဝင်မှာ ဖြစ်ပါတယ်။

L-type plug adoption ကိုအသုံးပြုထားပြီး Smartphone နဲ့ချိတ်ဆက် အသုံးပြုထားချိန်မှာ အံဝင်ခွင်ကျဖြစ်စွာ အသုံးပြုနိုင်တဲ့အပြင် အသံလုံတဲ့အတွက် ပတ်ဝန်းကျင်မှ ဆူညံသံများမှလည်း ကင်းဝေးစေပါတယ်။ လွယ်ကူစွာ အသံအတိုး၊အကျယ် ပြုလုပ်နိုင်ကာ အရောင်အနေနဲ့ အနက်၊ အပြာ၊ ပန်းရောင်၊ ခရမ်းနဲ့ အဖြူရောင်တို့ ရရှိ နိုင်ပါတယ်။ ဈေးနှုန်း၂၅၀၀၀ ကျပ်ဖြစ်ပြီး Elecom Myanmar ဖုန်း ၀၁- ၂၂၇၅၉၃၊ ၀၉-၇၃၀၅၆၄၈၃၊ ၀၉- ၂၅၇၃၇၁၀၀၅ ကို ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။