September 25, 2017

Edge Sense နဲ့ Snapdragon 835 ပါဝင်တဲ့ HTC U11

ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းသစ်ဖြစ်တဲ့ U11 ကို HTC က တရားဝင်မိတ်ဆက် လိုက်ပါတယ်။
HTC U11 မှာ Edge Sense လို့ခေါ်တဲ့ ထူးခြားတဲ့ feature တစ်ခုပါဝင်ပါတယ်။ အဲ့ဒီ feature ဟာ ဖုန်းရဲ့ဘောင်ကိုညှစ်လိုက်တာနဲ့ သက်ဆိုင်ရာလုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဓာတ်ပုံတစ်ပုံရိုက်ဖို့အတွက် U11 ရဲ့ ဘောင်ကို ညှစ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဘေးဘောင်ကို ခပ်ကြာကြာညှစ်ထားပြီး Google voice assistant ဖွင့်တာမျိုး ဒါမှမဟုတ် flashlight အဖွင့်အပိတ်လုပ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

U Ultra အတွက် ပထမဆုံးဖြန့်ချိပေးခဲ့တဲ့ Sense Companion ကလည်း U11 မှာ ပါဝင်လာပါတယ်။ Google Assistant built-in ပါဝင်လာပေမယ့် အချို့ဈေးကွက်တွေမှာတော့ Amazon Alexa နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

HTC U11 မှာ Snapdragon 836 chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ အချို့နိုင်ငံတကာဈေးကွက်မှာတော့ 6GB/128GB ဗားရှင်းနဲ့ ရနိုင်မယ်လို့ ဆိုပါတယ်။

Screen က ၅.၅ လက်မ QHD Super LCD 5 panel ဖြစ်ပြီး Gorilla Glass 5 ကို သုံးထားပါတယ်။ ပင်မကင်မရာက 12MP UltraPixel ဖြစ်ပြီး f/1.7 aperture, optical image stabilization, dual-LED flash, 4K video recording တို့ကို ထောက်ပံ့ပေးထားပါတယ်။ Slow motion ဗီဒီယိုကို 1080p/120fps နဲ့ ဖမ်းယူနိုင်ပါတယ်။

Selfie ကင်မရာက 16MP ဖြစ်ပြီး 1080p Full HD ဗီဒီယိုကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Selfie Panorama mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာတော့ USB Type-C port, Bluetooth 4.2, Wi-Fi 802.11ac, NFC, GPS, GLONASS နဲ့ Beidou တို့ပါဝင်ပါတယ်။ ၃.၅ မီလီမီတာ နားကြပ်ပေါက်ကိုတော့ ဖယ်ရှားထားပါတယ်။ ဟန်းဆက်ကို single-SIM, dual-SIM တို့နဲ့ ရရှိနိုင်ပြီး single-SIM မှာ 1Gbps 4G LTE အတွက် အထောက်အပံ့ပါဝင်ပါတယ်။ Dual-SIM မှာတော့ 800Mbps အထိသာ ရနိုင်ပါတယ်။

ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ Qualcomm ရဲ့ Quick Charge 3.0 အထောက်အပံ့နဲ့ power saving mode နှစ်မျိုးလည်း ပါဝင်ပါတယ်။

U11 ကို Android 7.1 Nougat နဲ့အတူ HTC Sense နဲ့ အသုံးပြုနိုင်ပါတယ်။ IP67 အဆင့်ရှိတဲ့အတွက် ဖုန်ဒဏ်ခံနိုင်ပြီး ရေအောက် အနက် ၁ မီတာမှာ မိနစ် ၃၀ ခန့် စိမ်ထားနိုင်ပါတယ်။

HTC U11 ကို Amazing Silver, Sapphire Blue, Brilliant Black, Ice White နဲ့ Solar Red ဆိုပြီး အရောင်ငါးမျိုးနဲ့ ရရှိနိုင်ပါတယ်။

တန်ဖိုးက ၆၄၉ ဒေါ်လာဖြစ်ပြီး ဇွန်လ ၉ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena