June 24, 2018

E3 2018 ျပပြဲက Nintendo ရဲ႕အႀကီးမားဆုံး ေၾကညာခ်က္ (၃) ခု

ဒီႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ႏွစ္စဥ္က်င္းပေနက် E3 ဂိမ္းျပပြဲမွာ Nintendo ရဲ႕တင္ဆက္မႈေတြက စိတ္ပ်က္စရာ မျဖစ္ခဲ့ပါဘူး။

Microsoft, Sony အျပင္ Ubisoft နဲ႔ Bethesda လိုမ်ိဳး ဂိမ္းထုတ္လုပ္သူေတြကလည္း ၿပီးခဲ့တဲ့ရက္အနည္းငယ္က ဂိမ္းစက္ေတြမွာ ျဖန္႔ခ်ိမယ့္ ဂိမ္းအသစ္ေတြကို မိတ္ဆက္ထားပါတယ္။ E3 ျပပြဲ က်င္းပတဲ့ ဇြန္လ ၁၂ ရက္ (အဂၤါေန႔) မွာေတာ့ Nintendo ရဲ႕အႀကီးဆုံး တင္ဆက္ျပသမႈတစ္ခုပဲ ျပဳလုပ္ခဲ့ပါတယ္။ Nintendo ရဲ႕တင္ဆက္ျပသမႈထဲက အႀကီးမားဆုံး ေၾကညာခ်က္ ၃ ခုကို ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။

(၁) “Super Smash Bros. Ultimate” ဟာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္မွာ Nintendo Switch အတြက္ပဲ သီးသန္႔ျဖန္႔ခ်ိသြားမွာ ျဖစ္တယ္။

၂၀၁၈ ခုႏွစ္အတြင္း Nintendo Switch မွာထြက္ရွိမယ့္ အႀကီးဆုံးဂိမ္းရဲ႕ တရားဝင္အမည္ကေတာ့ “Super Smash Bros. Ultimate” ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္မွာ ထြက္ရွိမွာ ျဖစ္ပါတယ္။

E3 2018 ပြဲမွာ Nintendo ဟာ ဂိမ္းတစ္ခုတည္းအတြက္ တင္ဆက္ျပသမႈ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ရယူခဲ့ပါတယ္။ Nintendo ဟာ ရရွိတဲ့ ၄၂ မိနစ္ထဲမွာ ၂၄ မိနစ္အထိ အသုံးျပဳၿပီး Nintendo Direct ဗီဒီယိုကေန “Super Smash Bros. Ultimate” ဂိမ္းအေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

သိထားရမယ့္ ထုတ္ျပန္ေၾကညာခ်က္မ်ား

– အရင္က ထြက္ရွိထားတဲ့ “Super Smash Bros” ဂိမ္းေတြက ဇာတ္ေကာင္ေတြတိုင္းမွာ roster သစ္ေတြ ပါဝင္လာသလို Nintendo ရဲ႕ “Splatoon” ဂိမ္းစီးရီးအသစ္က Inklings လုိမ်ိဳး ဇာတ္ေကာင္သစ္ေတြနဲ႔ “Metroid” ဂိမ္းက ကာလရွည္ ေစာင့္ဆိုင္းေနၾကတဲ့ Ridley ဇာတ္ေကာင္လည္း ပါဝင္လာပါတယ္။

– “Super Smash Bros.” ဂိမ္းေတြက level မ်ားစြာ ျပန္လည္ ပါဝင္လာမွာျဖစ္သလို ေျမပုံသစ္ေတြလည္း ပါဝင္လာႏိုင္ပါတယ္။

– ဘယ္လို Nintendo Switch ဂိမ္းခလုတ္နဲ႔မဆို ဂိမ္းကစားႏိုင္သလို သီးျခားေရာင္းခ်ေနတဲ့ ဘယ္လို Nintendo GamesCube ခလုတ္ေတြနဲ႔မဆိုလည္း ကစားႏိုင္ပါတယ္။

– Nintendo အေနနဲ႔ ဂိမ္းကို ဘယ္လိုကစားရမလဲ ဆုိတာကေန level-design tweak ေတြ၊ ဇာတ္ေကာင္ အသြင္အျပင္နဲ႔ ကစားနည္း အေျပာင္းအလဲျပဳလုပ္တာနဲ႔ ဂိမ္းအတြင္းအသုံးျပဳႏိုင္တဲ့ item မ်ားစြာ၊ “Final Smash” တိုက္ခိုက္မႈေတြပါဝင္တဲ့ update ေထာင္ေပါင္းမ်ားစြာ ထည့္သြင္းေပးထားပါတယ္။

(၂) ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္မွာ “Super Mario Party” ဂိမ္းသစ္ ထြက္ရွိလာပါမယ္

ေနာက္ဆုံး “Mario Party” ထြက္ရွိခဲ့တဲ့ ၃ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီဂိမ္းကလည္း Wii U ဂိမ္းစက္မွာပဲ ထြက္ရွိခဲ့တာျဖစ္ၿပီး ေရာင္းအားမေကာင္းခဲ့ပါဘူး။

Nintendo ရဲ႕အေက်ာ္ၾကားဆုံး ဂိမ္းစီးရီးထဲက တစ္ခုျဖစ္တဲ့ “Mario Party” ဟာ သက္တမ္းအရွည္ဆုံး မီနီဂိမ္းစီးရီးေတြထဲက တစ္ခုျဖစ္ပါတယ္။ အခုဆိုရင္ Nintendo Switch ဂိမ္းစက္အတြင္း “Super Mario Party” ဂိမ္းသစ္ကုိ ျဖန္႔ခ်ိေတာ့မွာ ျဖစ္ပါတယ္။

“Super Mario Party” ဟာ Nintendo ရဲ႕ဖန္တီးမႈအား အေကာင္းဆုံး ျဖစ္လာႏိုင္ပါတယ္။
“Super Mario Party” ကို Nintendo Switch ရဲ႕ထူးျခားတဲ့ motion ခလုတ္ေတြနဲ႔ နည္းပညာေတြနဲ႔ ကစားႏိုင္ပါတယ္။ ဂိမ္းသစ္မွာ Nintendo Switch ဂိမ္းႏွစ္ခုကို ကပ္ရပ္ထားကစားႏိုင္သလုိ display အႀကီးနဲ႔လညး္ ကစားႏိုင္ပါေသးတယ္။

(၃) Nintendo Switch ဂိမ္းမွာ third-party ဂိမ္းေတြ ပိုမိုပါဝင္လာ

-“Fortnite” ဟာ လက္ရွိမွာ အႀကီးမားဆုံး ဂိမ္းျဖစ္ၿပီး Nintendo Switch ဂိမ္းမွာ စတင္ ကစားႏိုင္ၿပီ ျဖစ္ပါတယ္။

– “Octopath Traveler” ဟာ Square Enix ကထုတ္လုပ္တဲ့ fantasy ဂိမ္းအမ်ိဳးအစားျဖစ္ၿပီး ဇူလိုင္လ ၁၃ ရက္မွာ Nintendo Switch မွာသီးသန္႔ထြက္ရွိမွာျဖစ္ၿပီး ဇြန္လ ၁၄ ရက္မွာေတာ့ အခမဲ့ demo ဗားရွင္းရရွိမွာ ျဖစ္ပါတယ္။

– “Hollow Knight” ကို Team Cherry က ထုတ္လုပ္ၿပီး လွပၿပီး လက္နဲ႔ေရးထားတဲ့ animation, platforming နဲ႔ ရင္ဆုိင္တိုက္ပြဲတို႔ ပါဝင္လာပါတယ္။ ဇြန္လ ၁၄ ရက္ (ဒီေန႔) က စတင္ၿပီး Nintendo Switch မွာကစားႏိုင္ၿပီ ျဖစ္ပါတယ္။

– “Daemon x Mechina” ဟာ စတုိင္လ္က်လွပၿပီး ျမန္ဆန္တဲ့ action ဂိမ္းျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

– လာမယ့္ႏွစ္အတြင္း Nintendo Switch မွာပါဝင္လာမယ့္ third-party ဂိမ္းေတြမွာ “Dragon Ball FighterZ” ,“Wolfenstein II: The New Colossus”, “FIFA 2019”, “Monster Hunter Generations Ultimate” နဲ႔ “Dark Souls Rematered” တုိ႔ပါဝင္လာပါတယ္။ အဲဒီဂိမ္းေတြရဲ႕ ထြက္ရွိမႈ အနည္းငယ္ၾကာျမင့္ႏိုင္ေပမယ့္ ေႏြရာသီအတြင္း ထြက္ရွိလာႏိုင္ပါတယ္။

Nintendo E3 2018 တင္ဆက္ျပသမႈထဲက အျခား သတိျပဳစရာမ်ား

– Nintendo ဟာ သက္တမ္းရွည္ “Fire Emblem” စီးရီး ဂိမ္းသစ္ဟာ ၂၀၁၉ခုႏွစ္၊ ေႏြဦးမွာ Switch ဂိမ္းစက္ အတြက္ ထြက္ရွိလာပါမယ္။ ဂိမ္းသစ္အမည္က “Fire Emblem: Three Houses” ျဖစ္ပါတယ္။

– “Xenoblade Chronicles 2” အတြက္ “Torna: The Golden Country” အမည္ရ expansion သစ္ဟာ စက္တင္ဘာလ ၁၄ ရက္မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

– Nintendo အေနနဲ႔ “Pokémon: Let’s Go Pikachu!” နဲ႔ “Pokémon: Let’s Go Eevee!” ဂိမ္းေတြကို ႏိုဝင္ဘာလ ၁၆ ရက္မွာ Nintendo Switch ဂိမ္းစက္မွာ ကစားႏိုင္မယ္လို႔ သိရပါတယ္။

စိုးထက္
Ref: BusinessInsider

ဒီနှစ်မှာ ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ကျင်းပနေကျ E3 ဂိမ်းပြပွဲမှာ Nintendo ရဲ့တင်ဆက်မှုတွေက စိတ်ပျက်စရာ မဖြစ်ခဲ့ပါဘူး။

Microsoft, Sony အပြင် Ubisoft နဲ့ Bethesda လိုမျိုး ဂိမ်းထုတ်လုပ်သူတွေကလည်း ပြီးခဲ့တဲ့ရက်အနည်းငယ်က ဂိမ်းစက်တွေမှာ ဖြန့်ချိမယ့် ဂိမ်းအသစ်တွေကို မိတ်ဆက်ထားပါတယ်။ E3 ပြပွဲ ကျင်းပတဲ့ ဇွန်လ ၁၂ ရက် (အင်္ဂါနေ့) မှာတော့ Nintendo ရဲ့အကြီးဆုံး တင်ဆက်ပြသမှုတစ်ခုပဲ ပြုလုပ်ခဲ့ပါတယ်။ Nintendo ရဲ့တင်ဆက်ပြသမှုထဲက အကြီးမားဆုံး ကြေညာချက် ၃ ခုကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) “Super Smash Bros. Ultimate” ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ရ ရက်မှာ Nintendo Switch အတွက်ပဲ သီးသန့်ဖြန့်ချိသွားမှာ ဖြစ်တယ်။

၂၀၁၈ ခုနှစ်အတွင်း Nintendo Switch မှာထွက်ရှိမယ့် အကြီးဆုံးဂိမ်းရဲ့ တရားဝင်အမည်ကတော့ “Super Smash Bros. Ultimate” ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ရ ရက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

E3 2018 ပွဲမှာ Nintendo ဟာ ဂိမ်းတစ်ခုတည်းအတွက် တင်ဆက်ပြသမှု အချိန်တော်တော်များများ ရယူခဲ့ပါတယ်။ Nintendo ဟာ ရရှိတဲ့ ၄၂ မိနစ်ထဲမှာ ၂၄ မိနစ်အထိ အသုံးပြုပြီး Nintendo Direct ဗီဒီယိုကနေ “Super Smash Bros. Ultimate” ဂိမ်းအကြောင်း ရှင်းလင်းခဲ့ပါတယ်။

သိထားရမယ့် ထုတ်ပြန်ကြေညာချက်များ

– အရင်က ထွက်ရှိထားတဲ့ “Super Smash Bros” ဂိမ်းတွေက ဇာတ်ကောင်တွေတိုင်းမှာ roster သစ်တွေ ပါဝင်လာသလို Nintendo ရဲ့ “Splatoon” ဂိမ်းစီးရီးအသစ်က Inklings လိုမျိုး ဇာတ်ကောင်သစ်တွေနဲ့ “Metroid” ဂိမ်းက ကာလရှည် စောင့်ဆိုင်းနေကြတဲ့ Ridley ဇာတ်ကောင်လည်း ပါဝင်လာပါတယ်။

– “Super Smash Bros.” ဂိမ်းတွေက level များစွာ ပြန်လည် ပါဝင်လာမှာဖြစ်သလို မြေပုံသစ်တွေလည်း ပါဝင်လာနိုင်ပါတယ်။

– ဘယ်လို Nintendo Switch ဂိမ်းခလုတ်နဲ့မဆို ဂိမ်းကစားနိုင်သလို သီးခြားရောင်းချနေတဲ့ ဘယ်လို Nintendo GamesCube ခလုတ်တွေနဲ့မဆိုလည်း ကစားနိုင်ပါတယ်။

– Nintendo အနေနဲ့ ဂိမ်းကို ဘယ်လိုကစားရမလဲ ဆိုတာကနေ level-design tweak တွေ၊ ဇာတ်ကောင် အသွင်အပြင်နဲ့ ကစားနည်း အပြောင်းအလဲပြုလုပ်တာနဲ့ ဂိမ်းအတွင်းအသုံးပြုနိုင်တဲ့ item များစွာ၊ “Final Smash” တိုက်ခိုက်မှုတွေပါဝင်တဲ့ update ထောင်ပေါင်းများစွာ ထည့်သွင်းပေးထားပါတယ်။

(၂) ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှာ “Super Mario Party” ဂိမ်းသစ် ထွက်ရှိလာပါမယ်

နောက်ဆုံး “Mario Party” ထွက်ရှိခဲ့တဲ့ ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဂိမ်းကလည်း Wii U ဂိမ်းစက်မှာပဲ ထွက်ရှိခဲ့တာဖြစ်ပြီး ရောင်းအားမကောင်းခဲ့ပါဘူး။

Nintendo ရဲ့အကျော်ကြားဆုံး ဂိမ်းစီးရီးထဲက တစ်ခုဖြစ်တဲ့ “Mario Party” ဟာ သက်တမ်းအရှည်ဆုံး မီနီဂိမ်းစီးရီးတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Nintendo Switch ဂိမ်းစက်အတွင်း “Super Mario Party” ဂိမ်းသစ်ကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

“Super Mario Party” ဟာ Nintendo ရဲ့ဖန်တီးမှုအား အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။
“Super Mario Party” ကို Nintendo Switch ရဲ့ထူးခြားတဲ့ motion ခလုတ်တွေနဲ့ နည်းပညာတွေနဲ့ ကစားနိုင်ပါတယ်။ ဂိမ်းသစ်မှာ Nintendo Switch ဂိမ်းနှစ်ခုကို ကပ်ရပ်ထားကစားနိုင်သလို display အကြီးနဲ့လညး် ကစားနိုင်ပါသေးတယ်။

(၃) Nintendo Switch ဂိမ်းမှာ third-party ဂိမ်းတွေ ပိုမိုပါဝင်လာ

-“Fortnite” ဟာ လက်ရှိမှာ အကြီးမားဆုံး ဂိမ်းဖြစ်ပြီး Nintendo Switch ဂိမ်းမှာ စတင် ကစားနိုင်ပြီ ဖြစ်ပါတယ်။

– “Octopath Traveler” ဟာ Square Enix ကထုတ်လုပ်တဲ့ fantasy ဂိမ်းအမျိုးအစားဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်မှာ Nintendo Switch မှာသီးသန့်ထွက်ရှိမှာဖြစ်ပြီး ဇွန်လ ၁၄ ရက်မှာတော့ အခမဲ့ demo ဗားရှင်းရရှိမှာ ဖြစ်ပါတယ်။

– “Hollow Knight” ကို Team Cherry က ထုတ်လုပ်ပြီး လှပပြီး လက်နဲ့ရေးထားတဲ့ animation, platforming နဲ့ ရင်ဆိုင်တိုက်ပွဲတို့ ပါဝင်လာပါတယ်။ ဇွန်လ ၁၄ ရက် (ဒီနေ့) က စတင်ပြီး Nintendo Switch မှာကစားနိုင်ပြီ ဖြစ်ပါတယ်။

– “Daemon x Mechina” ဟာ စတိုင်လ်ကျလှပပြီး မြန်ဆန်တဲ့ action ဂိမ်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

– လာမယ့်နှစ်အတွင်း Nintendo Switch မှာပါဝင်လာမယ့် third-party ဂိမ်းတွေမှာ “Dragon Ball FighterZ” ,“Wolfenstein II: The New Colossus”, “FIFA 2019”, “Monster Hunter Generations Ultimate” နဲ့ “Dark Souls Rematered” တို့ပါဝင်လာပါတယ်။ အဲဒီဂိမ်းတွေရဲ့ ထွက်ရှိမှု အနည်းငယ်ကြာမြင့်နိုင်ပေမယ့် နွေရာသီအတွင်း ထွက်ရှိလာနိုင်ပါတယ်။

Nintendo E3 2018 တင်ဆက်ပြသမှုထဲက အခြား သတိပြုစရာများ

– Nintendo ဟာ သက်တမ်းရှည် “Fire Emblem” စီးရီး ဂိမ်းသစ်ဟာ ၂၀၁၉ခုနှစ်၊ နွေဦးမှာ Switch ဂိမ်းစက် အတွက် ထွက်ရှိလာပါမယ်။ ဂိမ်းသစ်အမည်က “Fire Emblem: Three Houses” ဖြစ်ပါတယ်။

– “Xenoblade Chronicles 2” အတွက် “Torna: The Golden Country” အမည်ရ expansion သစ်ဟာ စက်တင်ဘာလ ၁၄ ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

– Nintendo အနေနဲ့ “Pokémon: Let’s Go Pikachu!” နဲ့ “Pokémon: Let’s Go Eevee!” ဂိမ်းတွေကို နိုဝင်ဘာလ ၁၆ ရက်မှာ Nintendo Switch ဂိမ်းစက်မှာ ကစားနိုင်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: BusinessInsider