July 17, 2018

e-Government အေကာင္အထည္ ေဖာ္မႈအေျခအေန စစ္တမ္းေကာက္ယူႏိုင္ေရး အစည္းအေဝး က်င္းပခဲ့

[ Zawgyi ]

ဌာနအသီးသီးမွာ e-Government အေကာင္အထည္ေဖာ္ေဆာင္မႈအေျခအေနေတြကို စစ္တမ္းေကာက္ယူႏိုင္ဖို႔ ရည္ရြယ္ၿပီး e-Government စစ္တမ္းေကာက္ယူႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး က်င္းပခဲ့တယ္လို႔သိ ရပါတယ္။

ဇြန္လ ၂၁ ရက္က ေနျပည္ေတာ္မွာ က်င္းပခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံတစ္ဝန္းမွာရွိတဲ့ အစိုးရဗဟို႐ံုးတြ၊ ဝန္ႀကီးဌာနေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႔ေတြ အစရွိတဲ့ ဌာနအသီးသီး ရဲ႕ လက္ရွိေဆာင္ရြက္ေနတဲ့ အေျခအေန၊ ဆက္လက္ေဆာင္ရြက္သြားမယ့္ အစီအစဥ္ေတြကို ဦးစြာသိရွိဖို႔ လိုအပ္တာေၾကာင့္ စစ္တမ္းေကာက္ယူတာျဖစ္ေၾကာင္း e-Government ဦးေဆာင္ေကာ္မတီရဲ႕ အတြင္းေရးမွဴး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးသာဦးက အဖြင့္အမွာ စကားမွာ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။ စစ္တမ္းေကာက္ယူရာမွ ရရွိလာတဲ့ အခ်က္အလက္ေတြေပၚမွာ အဆင္သင့္ျဖစ္မႈ၊ စီမံကိန္းေတြအေကာင္ အထည္ေဖာ္ေဆာင္မႈ၊ ရန္ပံုေငြရရွိမႈနဲ႔ အသံုးျပဳမႈ၊ လူ႔စြမ္းအား အရင္းအျမစ္စတဲ့ အေျခအေန ေတြကို ခြဲျခမ္းေလ့ လာသံုးသပ္ၿပီး ဆက္လက္ေဆာင္ရြက္သြားရမယ့္ လုပ္ငန္းစဥ္၊ စီမံကိန္းေတြကို အေျဖရွာ ပံုေဖာ္ေဆာင္ရြက္သြားရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိကာလမွာ e-Government ဦးေဆာင္ေကာ္မတီနဲ႔ အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီေတြ ဖြဲ႕စည္းခဲ့ၿပီး e-Government ဦးေဆာင္ေကာ္မတီရဲ႕ ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ ျမန္မာနိုင္ငံ e-Government ရဲ႕ လုပ္ငန္းစဥ္ေတြကို ေရြးခ်ယ္သတ္မွတ္ၿပီး စတင္ေဆာင္ရြက္သြားနိုင္ဖုိ႔ စစ္တမ္းေတြေကာက္ယူ သြားေရးကိုလည္း ဆုံးျဖတ္ခဲ့ၾကၿပီး ျဖစ္ေၾကာင္း၊ Myanmar e-Governance Master Plan ရဲ႕ ရည္ရြယ္ခ်က္ေတြမွာလည္း စစ္တမ္းေကာက္ယူဖို႔ ေဖၚျပပါရွိၿပီးျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဌာနအသီးသီးမှာ e-Government အကောင်အထည်ဖော်ဆောင်မှုအခြေအနေတွေကို စစ်တမ်းကောက်ယူနိုင်ဖို့ ရည်ရွယ်ပြီး e-Government စစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့တယ်လို့သိ ရပါတယ်။

ဇွန်လ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရဗဟိုရုံးတွ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အစရှိတဲ့ ဌာနအသီးသီး ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ဦးစွာသိရှိဖို့ လိုအပ်တာကြောင့် စစ်တမ်းကောက်ယူတာဖြစ်ကြောင်း e-Government ဦးဆောင်ကော်မတီရဲ့ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက အဖွင့်အမှာ စကားမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။ စစ်တမ်းကောက်ယူရာမှ ရရှိလာတဲ့ အချက်အလက်တွေပေါ်မှာ အဆင်သင့်ဖြစ်မှု၊ စီမံကိန်းတွေအကောင် အထည်ဖော်ဆောင်မှု၊ ရန်ပုံငွေရရှိမှုနဲ့ အသုံးပြုမှု၊ လူ့စွမ်းအား အရင်းအမြစ်စတဲ့ အခြေအနေ တွေကို ခွဲခြမ်းလေ့ လာသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်၊ စီမံကိန်းတွေကို အဖြေရှာ ပုံဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ e-Government ဦးဆောင်ကော်မတီနဲ့ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့ပြီး e-Government ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ မြန်မာနိုင်ငံ e-Government ရဲ့ လုပ်ငန်းစဉ်တွေကို ရွေးချယ်သတ်မှတ်ပြီး စတင်ဆောင်ရွက်သွားနိုင်ဖို့ စစ်တမ်းတွေကောက်ယူ သွားရေးကိုလည်း ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ကြောင်း၊ Myanmar e-Governance Master Plan ရဲ့ ရည်ရွယ်ချက်တွေမှာလည်း စစ်တမ်းကောက်ယူဖို့ ဖေါ်ပြပါရှိပြီးဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း