April 21, 2018

e-Government အတြက္ ဘာေတြလုိအပ္မလဲ

[ Zawgyi ]

“e-Government ကို ဘယ္လိုလုပ္ရမလဲဆိုတာကို ကြ်န္ေတာ္တို႔ေတြ ေျပာတဲ့အတိုင္း လိုက္လုပ္မယ္ဆိုရင္ ေအာင္ျမင္ပါတယ္၊ တကယ္ေတာ့ မခက္ပါဘူး၊ အခုေခတ္ ပိုလြယ္ေသးတယ္” လို႔ ဦးတင္ဝင္းေအာင္ (Patron – Myanmar Computer Industry Association), Chairman, Myanma Computer Company Limited. (MCC) ကေျပာပါတယ္။ e-Government အေကာင္အ
ထည္ေဖာ္ဖို႔ကိစၥရပ္ဟာ ခက္ခဲတဲ့ကိစၥမဟုတ္ေၾကာင္း၊ လြယ္ကူတဲ့ ကိစၥျဖစ္ေၾကာင္း မတ္လ ၁၆ ရက္က က်င္းပခဲ့တဲ့ ICT Industry Development Workshop မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အစိုးရအေျပာင္းအလဲ၊ ေပၚလစီအေျပာင္းအလဲေၾကာင့္ အေကာင္
အထည္ေဖာ္မႈ ေႏွာင့္ေႏွးတာလားဆိုတဲ့ အလားသ႑ာန္ေမးခြန္း ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ “ႏိုင္ငံေရးနဲ႔ စီးပြားေရးကို က႑အားျဖင့္ ခြဲထားၾကမယ္၊ အစိုးရဆိုတာကေတာ့ ခဏခဏေျပာင္းမွာပဲ၊ သူတို႔ အရင္တုန္းကေလာက္ ၁၀ ႏွစ္ ႏွစ္ ၂၀
အုပ္ခ်ဳပ္သြားတယ္၊ အခုကေတာ့ ငါးႏွစ္တစ္ႀကိမ္ေျပာင္းတယ္၊ အစိုးရေျပာင္းတိုင္းသာ စီးပြားေရး ေပၚလစီကိုေျပာင္းမယ္ဆိုရင္ ဘယ္ေတာ့မွ တိုးတက္မွာမဟုတ္ဘူး” လို႔ ဦးတင္ဝင္းေအာင္ ကေျပာပါတယ္။

လက္ရွိမွာ e-Government ဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းၿပီးျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီေကာ္မတီမွာ ႏိုင္ငံေတာ္အတိုင္
ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က နာယကအျဖစ္ပါဝင္ၿပီး ဒုတိယသမၼတ (၁) ဦးျမင့္ေဆြက ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္ရြက္
သြားမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအသင္းခ်ဳပ္အေနနဲ႔ အေကာင္အထည္ေဖာ္ေဆာင္ေရး ေကာ္မတီထဲမွာ ပါဝင္ေၾကာင္း ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအသင္းခ်ဳပ္ ဥကၠ႒ဦးခြန္ဦးက ေျပာၾကားခ့ဲဖူးပါတယ္။ e-Government ဦးေဆာင္ေကာ္မတီရဲ႕ ပထမအႀကိမ္ လုပ္ငန္းညိႇႏိႈင္း အစည္းအေဝးကို ဧၿပီ ၄ ရက္က ေနျပည္ေတာ္မွာ က်င္းပခဲ့ၿပီးျဖစ္ပါတယ္။ “e-Government ပတ္သက္လို႔ ကၽြန္မတို႔ အစကတည္းက စီးပြားေရးနဲ႔ ပတ္သက္ၿပီးခ်ထားတဲ့မူဝါဒ ၁၂ ခ်က္ထဲမွာ တစ္ခ်က္ပါဝင္ပါတယ္၊

အဲဒီအထဲမွာ ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုတာ ပါဝင္ပါတယ္၊ ဒါကို e-Government ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုရင္လည္း ကၽြန္မတို႔ရဲ႕ဒီႏွစ္အတြင္းမွာ အဲဒီဘက္က ေႏွာင့္ေႏွးေနတာကိုလည္း သတိျပဳမိပါတယ္၊ e-Government ျမန္ျမန္လုပ္ဖို႔၊ တိုးတက္ဖို႔ဆိုရင္ အခ်က္ ၃ ခ်က္က အဓိကျဖစ္ပါတယ္၊ ကၽြမ္းက်င္မႈလိုအပ္ခ်က္ရွိမယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈလိုအပ္ခ်က္ရွိမယ္၊ ပူးေပါင္း ေဆာင္ရြက္မႈ လိုအပ္ခ်က္ရွိမယ္” လို႔ ဦးေဆာင္ေကာ္မတီနာယက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

e-Government ကို အေကာင္အထည္ေဖာ္ရာမွာ ေအာင္ျမင္ဖို႔ အပိုင္းႏွစ္ပိုင္းနဲ႔ ေဆာင္ရြက္သြားဖို႔ လိုအပ္မွာျဖစ္ေၾကာင္း၊ e- Government ေအာင္ျမင္တဲ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အစိုးရနဲ႔ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္ၾကတာ ျဖစ္ေၾကာင္း အဲဒီလိုေဆာင္
ရြက္သြားမယ္ဆိုရင္ ေအာင္ျမင္မွာ ျဖစ္တယ္လု႔ိ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ e-Government Conference and ICT Exhi-
bition 2017 အခမ္းအနားမွာ ပညာရွင္ေတြကေျပာၾကားခဲ့ဖူးပါ တယ္။ “ကုမၸဏီေတြရဲ႕ေနာက္မွာ ပါတနာေတြဖြဲ႕ၿပီး e-Government
ကိုအေကာင္အထည္ေဖာ္ႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီးပါပဲ၊ ဘတ္ဂ်က္မရွိဘူးဆိုၿပီး ေႏွာင့္ေႏွး မေနေစခ်င္ပါဘူး၊ Private က
ဘတ္ဂ်က္ရွာၿပီးေတာ့ လုပ္ႏုိင္ပါတယ္၊ အစိုးရဘက္က ထိန္းကြပ္ေပး႐ံုပါပဲ” လို႔ ဦးသိန္းဦး (Patron – Myanmar Computer Federation), Chairman, ACE Data Consulting Services Co., Ltd. (ACE) အဲဒီအခမ္းအနားမွာ ေျပာၾကားခဲ့ဖူးပါတယ္။ ဘ႑ာေရးဆိုင္ရာေတြကို ပုဂၢလိကအေနနဲ႔ တာဝန္ယူေဆာင္ရြက္ၿပီး ဥပေဒဆိုင္ရာေတြ ခ်မွတ္ျခင္းနဲ႔ ထိန္းကြပ္ျခင္းေတြကို အစိုးရဘက္က ေဆာင္ရြက္ရင္ ေအာင္ျမင္မယ္လို႔ ျမင္မိေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ္တို႔ႏိုင္ငံက လြတ္လပ္ေရးရၿပီး ကတည္းက အစိုးရအဆက္ဆက္ေျပာင္းလာတဲ့အခါမွာ အစိုးရသစ္တစ္ခုျဖစ္ လာေပမယ့္ ေပၚလစီေျပာင္းတယ္၊ ကြ်န္ေတာ္တို႔ e-Government ကိုလုပ္တာ ဟိုးအေစာပိုင္းကတည္းကလုပ္တာ၊ အေစာပိုင္းကတည္းက လုပ္တဲ့အခါမွာ ဒီလုိေတာင္မွ မဟုတ္ဘူး၊ အာဏာရွိတဲ့ ႏိုင္ငံေခါင္းေဆာင္နဲ႔ကို ကြ်န္ေတာ္တို႔ေျပာတဲ့အတိုင္းကို နားေထာင္ၿပီးေတာ့လုပ္တယ္၊ ဒါေပမဲ့ မေမွ်ာ္လင့္ဘဲ အဲဒီႏိုင္ငံ့ ေခါင္းေဆာင္က တစ္မ်ိဳးတစ္မည္ျဖစ္သြားေတာ့ ေနာက္တက္လာတဲ့ ႏိုင္ငံေခါင္းေဆာင္နဲ႔လုပ္တယ္၊ အဲဒီ Level နဲ႔ အလုပ္လုပ္တာပဲ၊ ဒါေပမဲ့ မေမွ်ာ္လင့္တာ ျဖစ္သြားျပန္ေတာ့ ေတာ္ေတာ္ေလးအခက္ေတြ႕တယ္၊ ရပ္သြားျပန္ေရာ” လို႔ ဦးတင္ဝင္းေအာင္က ေတြ႕ႀကံဳရတဲ့ အခက္အခဲကို ေျပာပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ e-Gover-nment ဖြံ႕ၿဖိဳးတိုးတက္မႈကို အခ်က္သံုးခ်က္နဲ႔ တိုင္းတာႏိုင္မယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး
ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ e-Government Conference and ICT Exhibition 2017 အခမ္းအနားမွာ ေျပာၾကားခဲ့ဖူးပါတယ္။ အဲဒီအခ်က္သံုးခ်က္ကေတာ့ (၁) အြန္လိုင္းဝန္ေဆာင္မႈေတြ ဘယ္ေလာက္ရွိသလဲ (၂) တယ္လီကြန္ျမဴနီေကးရွင္းဆိုင္ရာ ၫႊန္းကိန္း (၃) လူသားစြမ္းရည္ဖြံ႕ၿဖိဳး တိုးတက္မႈၫႊန္းကိန္းတို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ “e-Government ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဒီသံုးခုအခ်ိဳးညီညီ တိုးတက္ဖြံ႕ၿဖိဳးလာဖို႔ လိုအပ္ပါတယ္၊ ဒီေနရာမွာ ျမန္မာႏိုင္ငံရဲ႕ e-Government ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ စြမ္းေဆာင္ေပးမယ့္ အဓိကအေထာက္အကူျပဳ အပိုင္းသံုးပိုင္းျဖစ္တဲ့ နည္းပညာအသံုးခ်မႈ၊ လုပ္ငန္းေဆာင္ရြက္မႈ လုပ္ငန္းစဥ္မ်ားနဲ႔ စီမံခန္႔ခြဲမႈတို႔ကို ဌာနမ်ားက ျပန္လည္သံုးသပ္ ျပဳျပင္ၾကရမွာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။ အဲဒီအပိုင္းမွာ စီမံခန္႔ခြဲမႈအပိုင္းက အေရးႀကီးဆံုး ျဖစ္လာေၾကာင္း၊ ဒါေၾကာင့္ e-Government လုပ္ငန္းစဥ္ေတြကို
ဦးစီးဦးေဆာင္တဲ့ေနရာမွာ စနစ္က်တဲ့စီမံခန္႔ခြဲမႈ လိုအပ္လာမွာျဖစ္ၿပီး လက္ရွိေဆာင္ရြက္ေနတဲ့ လုပ္ငန္းပံုစံတစ္ခ်ိဳ႕ကိုလည္း ျပန္လည္ သံုးသပ္ဖို႔ ပိုမိုေကာင္းမြန္တဲ့ ပိုမိုျမန္ဆန္တဲ့ပံုစံမ်ိဳးေျပာင္းလဲဖို႔က နည္းပညာထက္ အေရးႀကီးေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ e-Government ေဆာင္ရြက္ခ်က္ကို ၂၀၀၄ ခုႏွစ္ေလာက္ကတည္းက စတင္ခဲ့တာလို႔ သိရပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ e-Government ၫႊန္းကိန္းကိုၾကည့္ရင္ ၂၀၁၆ ခုႏွစ္မွာ အဆင့္ ၁၆၉ မွာရွိတယ္လို႔ သိရပါတယ္။ အဲဒါ
ဟာ ႏိုင္ငံေပါင္း ၁၉၃ မွာ ၁၆၉ ရွိတာ ျဖစ္ပါတယ္။ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ e-Government လုပ္ငန္း စဥ္ေတြကို ဆက္လက္ေအာင္ျမင္စြာ အေကာင္ေဖာ္ေဆာင္ႏိုင္ေရးအတြက္ စီမံကိန္းမ်ားေရးဆြဲၿပီး ႀကိဳးပမ္းေဆာင္ရြက္ေနတယ္လို႔ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ သိရပါတယ္။ ဝန္ႀကီးဌာနေတြနဲ႔ အစိုးရအဖြဲ႕အစည္းေတြအားလံုး e-Government လုပ္ငန္းစဥ္
ေတြ ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ဖို႔ လုပ္ငန္းေတြ ဝန္ေဆာင္မႈေပးေနေၾကာင္း ဝက္ဘ္ဆိုက္မွာေဖာ္ျပ ထားတာေတြ႕ရပါတယ္။ အဲဒီ
လုပ္ငန္းေတြထဲမွာ (က) Data Center သို႔ ခ်ိတ္ဆက္အသံုးျပဳရန္ လိုအပ္သည့္ Access Network မ်ားအား တည္ေဆာက္၊ ခ်ဲ႕ထြင္၊ ျပဳျပင္၊ ထိန္းသိမ္းျခင္း။ (Network Development & Mainten-ance)၊ (ခ) Data Center ရိွ Server မ်ားႏွင့္ အျခားဆက္စပ္
စက္ပစၥည္းမ်ား (Switch, Router, Firewall, UPS, Generator) အား ျပဳျပင္ထိန္းသိမ္းျခင္း။ (Servers and Hardware Maintenance)၊ (ဂ) Server မ်ားရိွ ဝန္ႀကီးဌာနမ်ား၏ အခ်က္အလက္မ်ား က်ဳိးေပါက္မႈမရိွေစရန္ လိုအပ္ေသာလံုၿခံဳေရး အစီအမံမ်ားေဆာင္ရြက္ျခင္း။ (Data Security) စတာေတြ ပါဝင္ပါတယ္။

အဲဒါအျပင္ (ဃ) ဝန္ႀကီးဌာန မ်ားအားလံုးမွ အသံုးျပဳလ်က္ရိွေသာ GPMS ႏွင့္ EDMS App-lication မ်ား၊ System မ်ား၊ Database မ်ား၊ Software မ်ား အား ပံုမွန္လုပ္ငန္း ေဆာင္ရြက္ႏုိင္ရန္ ျပဳျပင္ထိန္းသိမ္းျခင္း။ (Soft-ware Maintenance)၊ (င) Application မ်ား၊ System မ်ား ပ်က္ဆီးခ်ိဳ႕ယြင္းပါက ျပန္လည္ ျပဳျပင္ေရးသားေပးျခင္းႏွင့္ ဝန္ႀကီးဌာနမ်ား၏ လိုအပ္ခ်က္ႏွင့္အညီ ျပဳျပင္ေရးသားေပးျခင္း။ (Soft-ware Modification and Cus-tomization)၊ (စ) တိုးတက္ေျပာင္းလဲလာသည့္ ေခတ္စနစ္၊ နည္းပညာမ်ားႏွင့္ ကိုက္ညီမႈရိွေစရန္ Application မ်ား၊ System မ်ားအား အဆင့္ျမႇင့္တင္ျခင္း။ (Software Upgrading)၊ (ဆ) Database မ်ား ပ်က္ဆီးခ်ိဳ႕ယြင္းပါက ျပန္လည္ျပဳျပင္ ေရးသားေပးျခင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာန၏ လိုအပ္ခ်က္ႏွင့္အညီ SQL Design မ်ားျပဳျပင္
ေရးသားေပးျခင္းႏွင့္ အဆင့္ျမႇင့္တင္ျခင္း။ (Database Modification, Customization, Upgrading)၊ (ဇ) ဝန္ႀကီးဌာနမ်ား၏ Data မ်ား ပံုမွန္သိမ္းဆည္းျခင္းႏွင့္ Data ဆံုး႐ံႈးမႈျဖစ္ေပၚပါက ျပန္လည္ရယူေပးျခင္း။ (Data Backup and Recovery) စတဲ့ လုပ္ငန္းေတြ ပါ၀င္တာကိုလည္း ေတြ႕ရပါတယ္။ (စ်) ဝန္ႀကီးဌာနမ်ား၏ ခ်ိတ္ဆက္အသုံးျပဳမႈမ်ား၊ Access, Autho-rization, Authentication System မ်ားအား ေစာင့္ၾကပ္ၾကည့္႐ႈျခင္း။ (Monitoring and Control) နဲ႔ (ည) ဝန္ႀကီးဌာနမ်ားအားလုံးမွ e-Government Application မ်ားအား ကြ်မ္းက်င္စြာ အသံုးျပဳႏိုင္ရန္ႏွင့္ ထိေရာက္စြာ စီမံခန္႔ခြဲႏိုင္ရန္ ပံုမွန္ႏွင့္မြမ္းမံ သင္တန္းမ်ားအား သင္ၾကားပို႔ခ်ေပးျခင္း၊ Workshop, Seminor မ်ား က်င္းပေပးျခင္းႏွင့္ လုပ္ငန္းေဆာင္ရြက္ရာတြင္ ေတြ႕ႀကံဳလာေသာ အခက္အခဲမ်ားအား ကူညီေျဖရွင္း၍ နည္းပညာအေထာက္အပ့ံေပးျခင္း။ (Training and Help Desk) လုပ္ငန္းေတြကိုလည္း ေဆာင္ရြက္မယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

==================

[ Unicode ]

e-Government အတွက် ဘာတွေလိုအပ်မလဲ

==================

“e-Government ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့တွေ ပြောတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင် အောင်မြင်ပါတယ်၊ တကယ်တော့ မခက်ပါဘူး၊ အခုခေတ် ပိုလွယ်သေးတယ်” လို့ ဦးတင်ဝင်းအောင် (Patron – Myanmar Computer Industry Association), Chairman, Myanma Computer Company Limited. (MCC) ကပြောပါတယ်။ e-Government အကောင်အ
ထည်ဖော်ဖို့ကိစ္စရပ်ဟာ ခက်ခဲတဲ့ကိစ္စမဟုတ်ကြောင်း၊ လွယ်ကူတဲ့ ကိစ္စဖြစ်ကြောင်း မတ်လ ၁၆ ရက်က ကျင်းပခဲ့တဲ့ ICT Industry Development Workshop မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အစိုးရအပြောင်းအလဲ၊ ပေါ်လစီအပြောင်းအလဲကြောင့် အကောင်
အထည်ဖော်မှု နှောင့်နှေးတာလားဆိုတဲ့ အလားသဏ္ဍာန်မေးခွန်း မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံရေးနဲ့ စီးပွားရေးကို ကဏ္ဍအားဖြင့် ခွဲထားကြမယ်၊ အစိုးရဆိုတာကတော့ ခဏခဏပြောင်းမှာပဲ၊ သူတို့ အရင်တုန်းကလောက် ၁၀ နှစ် နှစ် ၂၀
အုပ်ချုပ်သွားတယ်၊ အခုကတော့ ငါးနှစ်တစ်ကြိမ်ပြောင်းတယ်၊ အစိုးရပြောင်းတိုင်းသာ စီးပွားရေး ပေါ်လစီကိုပြောင်းမယ်ဆိုရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး” လို့ ဦးတင်ဝင်းအောင် ကပြောပါတယ်။

လက်ရှိမှာ e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကော်မတီမှာ နိုင်ငံတော်အတိုင်
ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နာယကအဖြစ်ပါဝင်ပြီး ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်
သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေနဲ့ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီထဲမှာ ပါဝင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌဦးခွန်ဦးက ပြောကြားခဲ့ဖူးပါတယ်။ e-Government ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ “e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီးချထားတဲ့မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်၊

အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်၊ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်၊ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိကဖြစ်ပါတယ်၊ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်” လို့ ဦးဆောင်ကော်မတီနာယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

e-Government ကို အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့ အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ e- Government အောင်မြင်တဲ့ နိုင်ငံတော်တော်များများမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ကြောင်း အဲဒီလိုဆောင်
ရွက်သွားမယ်ဆိုရင် အောင်မြင်မှာ ဖြစ်တယ်လို့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e-Government Conference and ICT Exhi-
bition 2017 အခမ်းအနားမှာ ပညာရှင်တွေကပြောကြားခဲ့ဖူးပါ တယ်။ “ကုမ္ပဏီတွေရဲ့နောက်မှာ ပါတနာတွေဖွဲ့ပြီး e-Government
ကိုအကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေ အများကြီးပါပဲ၊ ဘတ်ဂျက်မရှိဘူးဆိုပြီး နှောင့်နှေး မနေစေချင်ပါဘူး၊ Private က
ဘတ်ဂျက်ရှာပြီးတော့ လုပ်နိုင်ပါတယ်၊ အစိုးရဘက်က ထိန်းကွပ်ပေးရုံပါပဲ” လို့ ဦးသိန်းဦး (Patron – Myanmar Computer Federation), Chairman, ACE Data Consulting Services Co., Ltd. (ACE) အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ဖူးပါတယ်။ ဘဏ္ဍာရေးဆိုင်ရာတွေကို ပုဂ္ဂလိကအနေနဲ့ တာဝန်ယူဆောင်ရွက်ပြီး ဥပဒေဆိုင်ရာတွေ ချမှတ်ခြင်းနဲ့ ထိန်းကွပ်ခြင်းတွေကို အစိုးရဘက်က ဆောင်ရွက်ရင် အောင်မြင်မယ်လို့ မြင်မိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးရပြီး ကတည်းက အစိုးရအဆက်ဆက်ပြောင်းလာတဲ့အခါမှာ အစိုးရသစ်တစ်ခုဖြစ် လာပေမယ့် ပေါ်လစီပြောင်းတယ်၊ ကျွန်တော်တို့ e-Government ကိုလုပ်တာ ဟိုးအစောပိုင်းကတည်းကလုပ်တာ၊ အစောပိုင်းကတည်းက လုပ်တဲ့အခါမှာ ဒီလိုတောင်မှ မဟုတ်ဘူး၊ အာဏာရှိတဲ့ နိုင်ငံခေါင်းဆောင်နဲ့ကို ကျွန်တော်တို့ပြောတဲ့အတိုင်းကို နားထောင်ပြီးတော့လုပ်တယ်၊ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီနိုင်ငံ့ ခေါင်းဆောင်က တစ်မျိုးတစ်မည်ဖြစ်သွားတော့ နောက်တက်လာတဲ့ နိုင်ငံခေါင်းဆောင်နဲ့လုပ်တယ်၊ အဲဒီ Level နဲ့ အလုပ်လုပ်တာပဲ၊ ဒါပေမဲ့ မမျှော်လင့်တာ ဖြစ်သွားပြန်တော့ တော်တော်လေးအခက်တွေ့တယ်၊ ရပ်သွားပြန်ရော” လို့ ဦးတင်ဝင်းအောင်က တွေ့ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ e-Gover-nment ဖွံ့ဖြိုးတိုးတက်မှုကို အချက်သုံးချက်နဲ့ တိုင်းတာနိုင်မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e-Government Conference and ICT Exhibition 2017 အခမ်းအနားမှာ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီအချက်သုံးချက်ကတော့ (၁) အွန်လိုင်းဝန်ဆောင်မှုတွေ ဘယ်လောက်ရှိသလဲ (၂) တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ညွှန်းကိန်း (၃) လူသားစွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုညွှန်းကိန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “e-Government ဖွံ့ဖြိုးတိုးတက်ဖို့ ဒီသုံးခုအချိုးညီညီ တိုးတက်ဖွံ့ဖြိုးလာဖို့ လိုအပ်ပါတယ်၊ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ e-Government ဖွံ့ဖြိုးတိုးတက်လာဖို့ စွမ်းဆောင်ပေးမယ့် အဓိကအထောက်အကူပြု အပိုင်းသုံးပိုင်းဖြစ်တဲ့ နည်းပညာအသုံးချမှု၊ လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနဲ့ စီမံခန့်ခွဲမှုတို့ကို ဌာနများက ပြန်လည်သုံးသပ် ပြုပြင်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဲဒီအပိုင်းမှာ စီမံခန့်ခွဲမှုအပိုင်းက အရေးကြီးဆုံး ဖြစ်လာကြောင်း၊ ဒါကြောင့် e-Government လုပ်ငန်းစဉ်တွေကို
ဦးစီးဦးဆောင်တဲ့နေရာမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှု လိုအပ်လာမှာဖြစ်ပြီး လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းပုံစံတစ်ချို့ကိုလည်း ပြန်လည် သုံးသပ်ဖို့ ပိုမိုကောင်းမွန်တဲ့ ပိုမိုမြန်ဆန်တဲ့ပုံစံမျိုးပြောင်းလဲဖို့က နည်းပညာထက် အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ e-Government ဆောင်ရွက်ချက်ကို ၂၀၀၄ ခုနှစ်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင် ၂၀၁၆ ခုနှစ်မှာ အဆင့် ၁၆၉ မှာရှိတယ်လို့ သိရပါတယ်။ အဲဒါ
ဟာ နိုင်ငံပေါင်း ၁၉၃ မှာ ၁၆၉ ရှိတာ ဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ e-Government လုပ်ငန်း စဉ်တွေကို ဆက်လက်အောင်မြင်စွာ အကောင်ဖော်ဆောင်နိုင်ရေးအတွက် စီမံကိန်းများရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ ဝန်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအားလုံး e-Government လုပ်ငန်းစဉ်
တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းတွေ ဝန်ဆောင်မှုပေးနေကြောင်း ဝက်ဘ်ဆိုက်မှာဖော်ပြ ထားတာတွေ့ရပါတယ်။ အဲဒီ
လုပ်ငန်းတွေထဲမှာ (က) Data Center သို့ ချိတ်ဆက်အသုံးပြုရန် လိုအပ်သည့် Access Network များအား တည်ဆောက်၊ ချဲ့ထွင်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း။ (Network Development & Mainten-ance)၊ (ခ) Data Center ရှိ Server များနှင့် အခြားဆက်စပ်
စက်ပစ္စည်းများ (Switch, Router, Firewall, UPS, Generator) အား ပြုပြင်ထိန်းသိမ်းခြင်း။ (Servers and Hardware Maintenance)၊ (ဂ) Server များရှိ ဝန်ကြီးဌာနများ၏ အချက်အလက်များ ကျိုးပေါက်မှုမရှိစေရန် လိုအပ်သောလုံခြံုရေး အစီအမံများဆောင်ရွက်ခြင်း။ (Data Security) စတာတွေ ပါဝင်ပါတယ်။

အဲဒါအပြင် (ဃ) ဝန်ကြီးဌာန များအားလုံးမှ အသုံးပြုလျက်ရှိသော GPMS နှင့် EDMS App-lication များ၊ System များ၊ Database များ၊ Software များ အား ပုံမှန်လုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်း။ (Soft-ware Maintenance)၊ (င) Application များ၊ System များ ပျက်ဆီးချို့ယွင်းပါက ပြန်လည် ပြုပြင်ရေးသားပေးခြင်းနှင့် ဝန်ကြီးဌာနများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ရေးသားပေးခြင်း။ (Soft-ware Modification and Cus-tomization)၊ (စ) တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်၊ နည်းပညာများနှင့် ကိုက်ညီမှုရှိစေရန် Application များ၊ System များအား အဆင့်မြှင့်တင်ခြင်း။ (Software Upgrading)၊ (ဆ) Database များ ပျက်ဆီးချို့ယွင်းပါက ပြန်လည်ပြုပြင် ရေးသားပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ SQL Design များပြုပြင်
ရေးသားပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း။ (Database Modification, Customization, Upgrading)၊ (ဇ) ဝန်ကြီးဌာနများ၏ Data များ ပုံမှန်သိမ်းဆည်းခြင်းနှင့် Data ဆုံးရှုံးမှုဖြစ်ပေါ်ပါက ပြန်လည်ရယူပေးခြင်း။ (Data Backup and Recovery) စတဲ့ လုပ်ငန်းတွေ ပါ၀င်တာကိုလည်း တွေ့ရပါတယ်။ (စျ) ဝန်ကြီးဌာနများ၏ ချိတ်ဆက်အသုံးပြုမှုများ၊ Access, Autho-rization, Authentication System များအား စောင့်ကြပ်ကြည့်ရှုခြင်း။ (Monitoring and Control) နဲ့ (ည) ဝန်ကြီးဌာနများအားလုံးမှ e-Government Application များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်နှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ပုံမှန်နှင့်မွမ်းမံ သင်တန်းများအား သင်ကြားပို့ချပေးခြင်း၊ Workshop, Seminor များ ကျင်းပပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြံုလာသော အခက်အခဲများအား ကူညီဖြေရှင်း၍ နည်းပညာအထောက်အပ့ံပေးခြင်း။ (Training and Help Desk) လုပ်ငန်းတွေကိုလည်း ဆောင်ရွက်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း