Dynasty Warriors 9

Omega Force ကေန ဖန္တီးထားၿပီး Koei Tecmo ကေနျဖန္႔ခိ်လာတဲ့ အခုဂိမ္းက ဒီႏွစ္ ဆန္းပိုင္းမွာ ထြက္ရွိထားတဲ့ တိုက္ ခုိက္ေရး ဂိ္မ္းေတြထဲမွာေတာ့ အေကာင္းဆံုးစာရင္း၀င္အျဖစ္ သတ္မွတ္ခံထားရပါတယ္။ အထူးသျဖင့္ေတာ့ သူရဲ႕ ႐ုပ္ထြက္ ေၾကာင့္ပါ။ လူသားဇာတ္ေကာင္ တစ္ေယာက္လို ပီသတဲ့ ႐ုပ္ထြက္ကို ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၈ ရက္ကမွ ထြက္ရွိထားလို႔ အသစ္စက္စက္လည္း ျဖစ္ေနပါတယ္။ ဒါေပမဲ့ ဂိမ္းကေတာ့ အသစ္မဟုတ္ပါဘူး။ ေရွ႕ထြက္ Dynasty Warriors ေတြ ရွိပါေသးတယ္။ ကစားဖူးသူေတြ အတြက္ကေတာ့ အခု ဂိမ္းက ႐ုပ္ထြက္ ပိုေကာင္းလာၿပီး ကစား ႏုိင္မႈ အရည္အေသြးေတြ တိုးတက္ ေကာင္းမြန္လာတာကို ခ်က္ခ်င္းသိႏုိင္မယ့္ ဂိမ္းတစ္ခုပါ။

အာရွရဲ႕အႀကီးဆံုး ဂိမ္းေစ်းကြက္ ဂ်ပန္နဲ႔ တ႐ုတ္မွာေတာ့ အခုလ ၈ ရက္ကတည္းက ရခဲ့ေပမယ့္ ဥေရာပနဲ႔ အေမရိက အတြက္ကေတာ့ ၁၃ ရက္မွ ရႏုိင္ပါလိမ့္မယ္။ PS4 နဲ႔လည္း ကစားႏုိင္မယ္၊ Xbox One နဲ႔ေရာ Winds စနစ္နဲ႔ပါ ကစားႏုိင္မွာ ျဖစ္လုိ႔ သင့္မွာ ကြန္ပ်ဴတာ ရွိေန႐ံုနဲ႔ အဆင္ေျပပါၿပီ။ ဒါေပမဲ့ GPU အားေကာင္းတဲ့ Gaming Laptop ေတြန႔ဲဆို ပိုေကာင္းမွာပါ။ အခု ဂိမ္းက 3D အေနနဲ႔ ႐ုပ္ထြက္ကို သိသာေလာက္ေအာင္ အဆင့္ျမႇင့္ ထားလုိ႔ပါ။

Single အေနန႔ဲပဲ ကစားႏုိင္မႈက အဖြဲ႕လုိက္ ကစားခ်င္သူေတြ အတြက္ အဆင္မေျပခ်င္ဘူးလို႔ ဆိုေပမယ့္ ဂိမ္းတစ္ခါ ကစားရဖို႔
အေရး လူစုေနရတဲ့ ဒုကၡက ေနေတာ့ လြတ္သြားတာေပါ့။ Hack and Slash ဆိုတဲ့ ဂိ္မ္းမ်ိဳး၊ တိုက္ခိုက္ေရး ဂိမ္းပဲ၊ သူက ကစားသူရဲ႕ လက္နက္ေတြကို အဆင့္္တင္ႏုိင္ေလေလ ပိုၿပီး အစြမ္းထက္လာေလေလ ကစားရ မယ့္ ဂိမ္းပါ။ ဂိမ္းတြင္း ေျမပံုအတိုင္း ကစား သူက ပစ္မွတ္ေတြကို လိုက္လံ တိုက္ခိုက္ အႏုိင္ယူရမယ္၊ ေျခလ်င္၊ ျမင္းစီး၊ ေလွစီး ပံုစံေတြနဲ႔ ၿမိဳ႕ေတြကို တစ္ေနရာကေန တစ္ေနရာ ကူးရမယ္။ အဓိကတိုက္ခိုက္ရမႈေတြကေတာ့ ၿမိဳ႕တြင္း၊ ၿမိဳ႕အနီး ေနရာေတြမွာ ရန္သူကို ေခ်မႈန္းရမွာပါ။ လက္ေတြ႕ဆန္ဆန္ ဂိ္မ္းကို ေရးဆြဲ ထားၿပီး အခ်ိန္မွတ္ခ်က္ ရွိတယ္။ ေန႔ေတြ၊ ညေတြ ေျပာင္းလဲမယ္။ ၿပီးေတာ့ ရာသီဥတုပါ ေျပာင္းလဲ မႈေတြ ရွိေသးတယ္။ မိုးရြာခ်ိန္ေတြ၊ ညအခ်ိန္ေတြမွာဆိုရင္ အျပင္ လက္ေတြ႕မွာလိုပဲ ရန္သူကို ပိုၿပီး သတိထား တုိက္ခိုက္ရမႈေတြ လုပ္ေဆာင္ရပါလိမ့္မယ္။
ကစားသူရဲ႕ Hero ကို အစြမ္းထက္ဖို႔ကိုေတာ့ မိမိ အားသန္ရာ Item ကို ရယူ အသံုးျပဳရမယ္၊ Item ေတြ အေပၚမွာ စြမ္းရည္နဲ႔ အသံုးျပဳႏုိင္မႈ ပံုစံေတြ ခြဲျခားထားပါတယ္။ စားေသာက္ဆိုင္ေတြလည္း ပါတယ္။ အျပင္မွာလို အစာစားေပး မယ္ဆိုရင္ Hero က ပိုၿပီး အားေကာင္းလာတာေတြ၊ ျမင့္ျမင့္ခုန္ႏိုင္တာေတြ တိုးတက္လာပါ လိမ့္မယ္။ ငါးဖမ္းခန္းေတြ၊ မိမိရဲ႕ လက္နက္ကို အဆင့္ျမႇင့္ဖုိ႔ ေငြစုရတာေတြ၊ ရွာေဖြေတြ႕ရွိ လာတဲ့ ပစၥည္းေတြ သိမ္းထားရမႈ ေတြလည္း လုပ္ရပါလိမ့္မယ္။

ေရွ႕ထြက္ Dynasty Warriors 8 မွာေတာ့ ကစားသူအေနနဲ႔ ေရြးခ်ယ္ ကစားႏုိင္မယ့္ Item၈၃ ခုထိေအာင္ ထည့္သြင္း ေပးထားခဲ့ၿပီး အခု ဂိမ္းသစ္မွာ ေတာ့ ေနာက္ထပ္ Item အသစ္ အေနနဲ႔ Cheng Pu, Cao Xiu, Man Chong, Xin Xianying, Xun You, Xu Sheng နဲ႔ Zhou Cangလို Item အသစ္ ၇ မ်ိဳး ပိုလာပါတယ္။ Item တစ္ခုခ်င္းစီ အေၾကာင္းကေတာ့ ကိုယ္တိုင္သာ ကစားၾကည့္ပါေတာ့။ သေဘာ က်စရာ ေကာင္းတာက Item အသစ္ေတြရဲ႕ စြမ္းေဆာင္ရည္က တမူထူးျခားၿပီး အရင္ Item အေဟာင္းေတြ မယူခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈ ေကာင္းေနတာပါပဲ။ ကဲ .. သင္လည္း သူရဲေကာင္းတစ္ဦး ျဖစ္ခ်င္ ပါသလား၊ Dynasty Warriors 9 မွာ သူရဲေကာင္းတစ္ဦးအျဖစ္ နာမည္ ေရးသြင္းလိုက္ပါ။

-သက္ႏုိင္ဦး (UCSL)

Dynasty Warriors 9

Omega Force ကနေ ဖန်တီးထားပြီး Koei Tecmo ကနေဖြန့်ချိလာတဲ့ အခုဂိမ်းက ဒီနှစ် ဆန်းပိုင်းမှာ ထွက်ရှိထားတဲ့ တိုက် ခိုက်ရေး ဂိ်မ်းတွေထဲမှာတော့ အကောင်းဆုံးစာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ အထူးသဖြင့်တော့ သူရဲ့ ရုပ်ထွက် ကြောင့်ပါ။ လူသားဇာတ်ကောင် တစ်ယောက်လို ပီသတဲ့ ရုပ်ထွက်ကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကမှ ထွက်ရှိထားလို့ အသစ်စက်စက်လည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ဂိမ်းကတော့ အသစ်မဟုတ်ပါဘူး။ ရှေ့ထွက် Dynasty Warriors တွေ ရှိပါသေးတယ်။ ကစားဖူးသူတွေ အတွက်ကတော့ အခု ဂိမ်းက ရုပ်ထွက် ပိုကောင်းလာပြီး ကစား နိုင်မှု အရည်အသွေးတွေ တိုးတက် ကောင်းမွန်လာတာကို ချက်ချင်းသိနိုင်မယ့် ဂိမ်းတစ်ခုပါ။

အာရှရဲ့အကြီးဆုံး ဂိမ်းစျေးကွက် ဂျပန်နဲ့ တရုတ်မှာတော့ အခုလ ၈ ရက်ကတည်းက ရခဲ့ပေမယ့် ဥရောပနဲ့ အမေရိက အတွက်ကတော့ ၁၃ ရက်မှ ရနိုင်ပါလိမ့်မယ်။ PS4 နဲ့လည်း ကစားနိုင်မယ်၊ Xbox One နဲ့ရော Winds စနစ်နဲ့ပါ ကစားနိုင်မှာ ဖြစ်လို့ သင့်မှာ ကွန်ပျူတာ ရှိနေရုံနဲ့ အဆင်ပြေပါပြီ။ ဒါပေမဲ့ GPU အားကောင်းတဲ့ Gaming Laptop တွေနဲ့ဆို ပိုကောင်းမှာပါ။ အခု ဂိမ်းက 3D အနေနဲ့ ရုပ်ထွက်ကို သိသာလောက်အောင် အဆင့်မြှင့် ထားလို့ပါ။

Single အနေနဲ့ပဲ ကစားနိုင်မှုက အဖွဲ့လိုက် ကစားချင်သူတွေ အတွက် အဆင်မပြေချင်ဘူးလို့ ဆိုပေမယ့် ဂိမ်းတစ်ခါ ကစားရဖို့
အရေး လူစုနေရတဲ့ ဒုက္ခက နေတော့ လွတ်သွားတာပေါ့။ Hack and Slash ဆိုတဲ့ ဂိ်မ်းမျိုး၊ တိုက်ခိုက်ရေး ဂိမ်းပဲ၊ သူက ကစားသူရဲ့ လက်နက်တွေကို အဆင့််တင်နိုင်လေလေ ပိုပြီး အစွမ်းထက်လာလေလေ ကစားရ မယ့် ဂိမ်းပါ။ ဂိမ်းတွင်း မြေပုံအတိုင်း ကစား သူက ပစ်မှတ်တွေကို လိုက်လံ တိုက်ခိုက် အနိုင်ယူရမယ်၊ ခြေလျင်၊ မြင်းစီး၊ လှေစီး ပုံစံတွေနဲ့ မြို့တွေကို တစ်နေရာကနေ တစ်နေရာ ကူးရမယ်။ အဓိကတိုက်ခိုက်ရမှုတွေကတော့ မြို့တွင်း၊ မြို့အနီး နေရာတွေမှာ ရန်သူကို ချေမှုန်းရမှာပါ။ လက်တွေ့ဆန်ဆန် ဂိ်မ်းကို ရေးဆွဲ ထားပြီး အချိန်မှတ်ချက် ရှိတယ်။ နေ့တွေ၊ ညတွေ ပြောင်းလဲမယ်။ ပြီးတော့ ရာသီဥတုပါ ပြောင်းလဲ မှုတွေ ရှိသေးတယ်။ မိုးရွာချိန်တွေ၊ ညအချိန်တွေမှာဆိုရင် အပြင် လက်တွေ့မှာလိုပဲ ရန်သူကို ပိုပြီး သတိထား တိုက်ခိုက်ရမှုတွေ လုပ်ဆောင်ရပါလိမ့်မယ်။
ကစားသူရဲ့ Hero ကို အစွမ်းထက်ဖို့ကိုတော့ မိမိ အားသန်ရာ Item ကို ရယူ အသုံးပြုရမယ်၊ Item တွေ အပေါ်မှာ စွမ်းရည်နဲ့ အသုံးပြုနိုင်မှု ပုံစံတွေ ခွဲခြားထားပါတယ်။ စားသောက်ဆိုင်တွေလည်း ပါတယ်။ အပြင်မှာလို အစာစားပေး မယ်ဆိုရင် Hero က ပိုပြီး အားကောင်းလာတာတွေ၊ မြင့်မြင့်ခုန်နိုင်တာတွေ တိုးတက်လာပါ လိမ့်မယ်။ ငါးဖမ်းခန်းတွေ၊ မိမိရဲ့ လက်နက်ကို အဆင့်မြှင့်ဖို့ ငွေစုရတာတွေ၊ ရှာဖွေတွေ့ရှိ လာတဲ့ ပစ္စည်းတွေ သိမ်းထားရမှု တွေလည်း လုပ်ရပါလိမ့်မယ်။

ရှေ့ထွက် Dynasty Warriors 8 မှာတော့ ကစားသူအနေနဲ့ ရွေးချယ် ကစားနိုင်မယ့် Item၈၃ ခုထိအောင် ထည့်သွင်း ပေးထားခဲ့ပြီး အခု ဂိမ်းသစ်မှာ တော့ နောက်ထပ် Item အသစ် အနေနဲ့ Cheng Pu, Cao Xiu, Man Chong, Xin Xianying, Xun You, Xu Sheng နဲ့ Zhou Cangလို Item အသစ် ရ မျိုး ပိုလာပါတယ်။ Item တစ်ခုချင်းစီ အကြောင်းကတော့ ကိုယ်တိုင်သာ ကစားကြည့်ပါတော့။ သဘော ကျစရာ ကောင်းတာက Item အသစ်တွေရဲ့ စွမ်းဆောင်ရည်က တမူထူးခြားပြီး အရင် Item အဟောင်းတွေ မယူချင်လောက်အောင် ဆွဲဆောင်မှု ကောင်းနေတာပါပဲ။ ကဲ .. သင်လည်း သူရဲကောင်းတစ်ဦး ဖြစ်ချင် ပါသလား၊ Dynasty Warriors 9 မှာ သူရဲကောင်းတစ်ဦးအဖြစ် နာမည် ရေးသွင်းလိုက်ပါ။

-သက်နိုင်ဦး (UCSL)