October 20, 2017

Drivey X

Drivey X ဆိုတဲ့ ဂိမ်းဟာ အမှတ်အမြင့်ဆုံးရရှိအောင် ကားမောင်းကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ လူကူးမျဉ်းကြားမှာ ကူးနေတဲ့လူတွေကို မထိခိုက်စေရန်နဲ့ လမ်းပိတ်ထားတဲ့နေရာများကို အန္တရာယ်ကင်းစွာဖြတ် ကျော်ပြီး အမှတ်အများဆုံးရရှိစေရန်ကစားပေးရမှာဖြစ်ပါတယ်။

ဒီဂိမ်းကို ထည့်သွင်းကစားလိုသူများအနေနဲ့ iTunes မှာအခမဲ့ ရရှိမှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 112 MB ခန့်ရှိမှာဖြစ်ပါတယ်။ iOS version 7.0 နဲ့အထက်မှာ ထည့်သွင်းကစားနိုင်မယ့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ် ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်