Dr. Panda Town

Lifestyle ဂိမ်းများကိုနှစ်သက်သူများအတွက် Dr.Panda Town ဂိမ်းဖြစ်သည်။ ပန်ဒါ၏ ဇာတ်လမ်းအတိုင်း ဆော့ကစားရမည့် ဂိမ်းဖြစ်သည်။ Education ဂိမ်းတစ်ခုလိုလည်းဆိုနိုင်မည်ဖြစ်ပြီး သူငယ်ချင်းများဖြင့် တွေ့ဆုံခြင်း၊ အိမ်ခန်းရှင်းလင်းခြင်း၊ ချက်ပြုတ်ခြင်း၊ ဈေးဝယ်စင်တာသွားခြင်း၊ ကော်ဖီဆိုင်ထိုင်ခြင်း စသည့် ပုံစံများဖြင့် ပန်ဒါ၏ နေထိုင်သွားလာပုံ ဇာတ်လမ်းဖြင့်ဆော့ကစားရမည်ဖြစ်သည်။

ဂိမ်းကို ထည့်သွင်းအသုံးပြုလိုပါက iTunes တွင်အခမဲ့ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် အရွယ်အစားမှာ 124 MB ရှိမည်။ iOS version 6 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်သည်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်