March 23, 2017

Download အရေအတွက် ၇၈ သန်းရှိလာတဲ့ Super Mario Run ဂိမ်း

ဒီဇင်ဘာလက iOS အတွက် ဖြန့်ချိပေးခဲ့တဲ့ Super Mario Run ဂိမ်းကို download လုပ်တဲ့ အရေအတွက် ၇၈ သန်း ရှိတယ်လို့ Nintendo က ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအထဲက ၅ ရာခိုင်နှုန်းဟာ ၉.၉၉ ဒေါ်လာပေးပြီး full version ကို ဝယ်ကစားကြတယ်လို့ The Wall Street Journal က ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ Nintendo အနေနဲ့ အဆိုပါဂိမ်းကနေ ဝင်ငွေ ဒေါ်လာ ၅၃ သန်းကျော် ရရှိထားပါတယ်။ ဒီဂိမ်းကို Android အတွက် မတ်လမှာ ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။

Nintendo အနေနဲ့ ကြာသပတေးနေ့မှာ Fire Emblem Heroes ကို ဖြန့်ချိဖို့ စီစဉ်ထားပြီး Animal Crossing မိုဘိုင်းဗားရှင်းကိုတော့ ဧပြီလမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Ref: AndroidAuthority