July 15, 2018

Donkey Kong Country: Tropical Freeze

[ Zawgyi ]

အရင္က Donkey Kong Country ကစားဖူးသူေတြအတြက္ စိတ္ႀကိဳက္ျဖစ္မယ့္ အသစ္ Version ျဖစ္ပါတယ္။ ၅ ဆက္ေျမာက္ Series အျဖစ္ ထြက္ရွိလာျခင္း ျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ကေတာ့ Nintendo Wii U အတြက္ပဲ ရႏိုင္တဲ့ေနရာကေန အခုေတာ့ Switch အတြက္ပါ ရႏိုင္လာျခင္းပါ။ ဂ်ပန္မွာအရင္ ျဖန္ခ်ိခဲ့ၿပီး ကမာၻတစ္ဝွမ္းလံုးကိုေတာ့ ေမလကုန္ပိုင္းကမွ ေရာက္လာပါတယ္။ Single အေနနဲ႔ေရာ Multi အေနနဲ႔ပါ ကစားႏိုင္လုိ႔ သေဘာက်စရာပါ။

ဂိမ္းက Donkey Kong နဲ႔ သူ႔သူငယ္ခ်င္းေတြ အဖြဲ႔လိုက္ပံုစံနဲ႔ ကၽြန္းေပါင္း ၆ ကၽြန္းကိုျဖတ္ၿပီး Snowmads ကို အႏိုင္ရေအာင္ ျဖတ္သန္း သြားလာၿပီးႏိုင္ေအာင္ ကစားရမွာပါ။ ထိန္းခ်ဳပ္ခလုတ္ေတြက ေရွ႕ထြက္ဂိမ္းေတြနဲ႔ ပံုစံတူပါပဲ။ Pluck ဆိုတဲ့ Item အသစ္တစ္ခုေတာ့ ပါလာပါတယ္။ သူကရန္သူကို ေျမျပင္ကေနကိုင္ ေျမႇာက္ၿပီး အေဝးကို ပစ္ထုတ္လိုက္ႏုိင္မယ့္ စြမ္းရည္ရွိပါတယ္။ Single အေနနဲ႔ ကစားရင္ေတာ့ Donkey Kong က အဓိကဇာတ္ေကာင္ပါ။ က်န္တဲ့ သူ႔သူငယ္ခ်င္းေတြကေတာ့ အကူေပါ့။ တျခား ဇာတ္ေကာင္ေတြ အေနနဲ႔က Diddy Kong, Dixie Kong, Cranky Kong လို ဇာတ္ေကာင္ အသစ္ေတြ ေရြးခ်ယ္ကစားႏုိင္ေအာင္လည္း အသစ္ဖန္တီးလာတာ ေတြ႕ရပါတယ္။

ဇာတ္ေကာင္ တစ္ေကာင္ခ်င္းစီမွာေတာ့ ပံုမွန္အတိုင္းအားသာ ခ်က္တစ္ခုစီ ရွိထားမယ္။ ဇာတ္ေကာင္ အသစ္ေတြျဖစ္တဲ့ Diddy က အခုဂိမ္းမတိုင္ခင္ကတည္းက အႏၱရာယ္ရွိတဲ့ ကၽြန္းေတြေပၚကို သြားဖူး၊ ရင္ဆိုင္ဖူးသူ၊ အေတြ႕အႀကံဳရွိသူေပါ့၊ Dixie မွာဆိုရင္ Doneky ကိုေတာင္မယူ ပ်ံသန္းႏုိင္ေလာက္တဲ့အစြမ္းေတြ ရွိမယ္၊ Cranky မွာလည္း လမ္း ၾကမ္းေတြ ျဖတ္ေက်ာ္ႏုိင္ မႈမွာေရာ Donkey မယွဥ္ႏိုင္တဲ့ တခ်ိဳ႕ ရန္သူေတြကိုေတာင္ သတ္ႏိုင္တဲ့ အစြမ္းေတြ ထည့္ထားတာ ေတြ႕ရပါတယ္။

Kong-POW ဆိုတဲ့ စနစ္သစ္တစ္ခုလည္း ထပ္အားျဖည့္ထားတာ ေတြ႕ရပါေသးတယ္။ ဒီစနစ္ကေတာ့ Donkey နဲ႔ သူ႔အဖြဲ႕ ေတြရဲ႕ စြမ္းရည္ Item ေတြကို လိုအပ္သလို ေပါင္းစပ္တိုက္ခိုက္ႏိုင္မႈ၊ လုပ္ေဆာင္ႏုိင္မႈေတြကုိ ေပါင္းစည္းေပးမွာပါ။ ဆိုလိုတာကေတာ့ အားလံုးရဲ႕ စြမ္းရည္ေတြကို စုတိုက္ႏုိင္ေအာင္ ခ်ိတ္ဆက္ေပးမယ့္ စနစ္ပါ။ ဒါကေတာ့ အခုဂိမ္းမွာမွ အသစ္ပါလာတာ ျဖစ္လုိ႔ Multi ကစားတတ္သူေတြအတြက္ စုေပါင္းတိုက္ခိုက္ႏုိင္မႈ ဘယ္ေလာက္ေကာင္းလဲ စမ္းသပ္ႏိုင္ေစမွာပါ။

ၿပီးေတာ့ Funky Kong အမည္နဲ႔ ဇာတ္ေကာင္သစ္က Switch သမားေတြအတြက္ Version မွာ ပါလာမယ္။ Wii U သမားေတြ အတြက္ကေတာ့ ပံုမွန္ ဇာတ္ေကာင္ပဲ ျဖစ္ေနမွာပါ။ သူက Donkey ထက္ေတာင္ အသက္က ပိုျပင္းတယ္၊ ႏွစ္ဆ ခုန္ႏိုင္တယ္။ ေလထဲဝဲႏိုင္ေသးတယ္။ ေရထဲမွာလည္း အသက္႐ွဴႏိုင္ဦးမွာပါ။ ဒါေတာင္ အခ်ိ္န္အကန္႔အသတ္ မရွိ ေရထဲမွာ အသက္႐ွဴႏုိင္မွာပါ။ ဒီေတာ့ Donkey Kong က စားတာခ်င္း အတူတူဆိုရင္ေတာင္ Switch နဲ႔ကစားရသူေတြက Funky ကို သံုးႏိုင္မွာျဖစ္လုိ႔ ပိုၿပီးသေဘာက်စရာ ေကာင္းပါတယ္။ ဒါဆိုရင္ေတာ့ အခုဂိမ္းက Version အသစ္ကို သိသာေလာက္ေအာင္ အဆင့့္ျမႇင့္ၿပီး ျဖန္႔ခ်ိလာတာျဖစ္လို႔ သေဘာက်စရာပါပဲ။ Switch သမားေတြ အတြက္ အသင့္ရႏိုင္ေနပါၿပီ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

အရင်က Donkey Kong Country ကစားဖူးသူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် အသစ် Version ဖြစ်ပါတယ်။ ၅ ဆက်မြောက် Series အဖြစ် ထွက်ရှိလာခြင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတော့ Nintendo Wii U အတွက်ပဲ ရနိုင်တဲ့နေရာကနေ အခုတော့ Switch အတွက်ပါ ရနိုင်လာခြင်းပါ။ ဂျပန်မှာအရင် ဖြန်ချိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးကိုတော့ မေလကုန်ပိုင်းကမှ ရောက်လာပါတယ်။ Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်လို့ သဘောကျစရာပါ။

ဂိမ်းက Donkey Kong နဲ့ သူ့သူငယ်ချင်းတွေ အဖွဲ့လိုက်ပုံစံနဲ့ ကျွန်းပေါင်း ၆ ကျွန်းကိုဖြတ်ပြီး Snowmads ကို အနိုင်ရအောင် ဖြတ်သန်း သွားလာပြီးနိုင်အောင် ကစားရမှာပါ။ ထိန်းချုပ်ခလုတ်တွေက ရှေ့ထွက်ဂိမ်းတွေနဲ့ ပုံစံတူပါပဲ။ Pluck ဆိုတဲ့ Item အသစ်တစ်ခုတော့ ပါလာပါတယ်။ သူကရန်သူကို မြေပြင်ကနေကိုင် မြှောက်ပြီး အဝေးကို ပစ်ထုတ်လိုက်နိုင်မယ့် စွမ်းရည်ရှိပါတယ်။ Single အနေနဲ့ ကစားရင်တော့ Donkey Kong က အဓိကဇာတ်ကောင်ပါ။ ကျန်တဲ့ သူ့သူငယ်ချင်းတွေကတော့ အကူပေါ့။ တခြား ဇာတ်ကောင်တွေ အနေနဲ့က Diddy Kong, Dixie Kong, Cranky Kong လို ဇာတ်ကောင် အသစ်တွေ ရွေးချယ်ကစားနိုင်အောင်လည်း အသစ်ဖန်တီးလာတာ တွေ့ရပါတယ်။

ဇာတ်ကောင် တစ်ကောင်ချင်းစီမှာတော့ ပုံမှန်အတိုင်းအားသာ ချက်တစ်ခုစီ ရှိထားမယ်။ ဇာတ်ကောင် အသစ်တွေဖြစ်တဲ့ Diddy က အခုဂိမ်းမတိုင်ခင်ကတည်းက အန္တရာယ်ရှိတဲ့ ကျွန်းတွေပေါ်ကို သွားဖူး၊ ရင်ဆိုင်ဖူးသူ၊ အတွေ့အကြုံရှိသူပေါ့၊ Dixie မှာဆိုရင် Doneky ကိုတောင်မယူ ပျံသန်းနိုင်လောက်တဲ့အစွမ်းတွေ ရှိမယ်၊ Cranky မှာလည်း လမ်း ကြမ်းတွေ ဖြတ်ကျော်နိုင် မှုမှာရော Donkey မယှဉ်နိုင်တဲ့ တချို့ ရန်သူတွေကိုတောင် သတ်နိုင်တဲ့ အစွမ်းတွေ ထည့်ထားတာ တွေ့ရပါတယ်။

Kong-POW ဆိုတဲ့ စနစ်သစ်တစ်ခုလည်း ထပ်အားဖြည့်ထားတာ တွေ့ရပါသေးတယ်။ ဒီစနစ်ကတော့ Donkey နဲ့ သူ့အဖွဲ့ တွေရဲ့ စွမ်းရည် Item တွေကို လိုအပ်သလို ပေါင်းစပ်တိုက်ခိုက်နိုင်မှု၊ လုပ်ဆောင်နိုင်မှုတွေကို ပေါင်းစည်းပေးမှာပါ။ ဆိုလိုတာကတော့ အားလုံးရဲ့ စွမ်းရည်တွေကို စုတိုက်နိုင်အောင် ချိတ်ဆက်ပေးမယ့် စနစ်ပါ။ ဒါကတော့ အခုဂိမ်းမှာမှ အသစ်ပါလာတာ ဖြစ်လို့ Multi ကစားတတ်သူတွေအတွက် စုပေါင်းတိုက်ခိုက်နိုင်မှု ဘယ်လောက်ကောင်းလဲ စမ်းသပ်နိုင်စေမှာပါ။

ပြီးတော့ Funky Kong အမည်နဲ့ ဇာတ်ကောင်သစ်က Switch သမားတွေအတွက် Version မှာ ပါလာမယ်။ Wii U သမားတွေ အတွက်ကတော့ ပုံမှန် ဇာတ်ကောင်ပဲ ဖြစ်နေမှာပါ။ သူက Donkey ထက်တောင် အသက်က ပိုပြင်းတယ်၊ နှစ်ဆ ခုန်နိုင်တယ်။ လေထဲဝဲနိုင်သေးတယ်။ ရေထဲမှာလည်း အသက်ရှူနိုင်ဦးမှာပါ။ ဒါတောင် အချိ်န်အကန့်အသတ် မရှိ ရေထဲမှာ အသက်ရှူနိုင်မှာပါ။ ဒီတော့ Donkey Kong က စားတာချင်း အတူတူဆိုရင်တောင် Switch နဲ့ကစားရသူတွေက Funky ကို သုံးနိုင်မှာဖြစ်လို့ ပိုပြီးသဘောကျစရာ ကောင်းပါတယ်။ ဒါဆိုရင်တော့ အခုဂိမ်းက Version အသစ်ကို သိသာလောက်အောင် အဆင့့်မြှင့်ပြီး ဖြန့်ချိလာတာဖြစ်လို့ သဘောကျစရာပါပဲ။ Switch သမားတွေ အတွက် အသင့်ရနိုင်နေပါပြီ။

-သက်နိုင်ဦး (UCSL)