December 12, 2017

Discs ဗီဒီယို format ကို ဒစ်ဂျစ်တယ် format အဖြစ် iPhone သုံးပြီး ပြောင်းမယ်

Discs ဗီဒီယို format ကို ဒစ် ဂျစ်တယ် format ဗီဒီယိုအဖြစ်ကို iPhone ကိုသုံးပြီး အလွယ်တကူ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Discs ဗီဒီယိုဆိုတာကတော့ DVDs ဒါမှမဟုတ် Blu-ray အခွေအမျိုး အစား ဗီဒီယို format တွေပြောတာပါ။ ဒီဗီဒီယို format တွေကို ဖုန်းမှာ ကြည့်ရှုနိုင်တဲ့ ဒစ်ဂျစ်တယ် format အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်း လဲတာကိုတော့ အခကြေးငွေ အနည်းငယ်သုံးပြီး ပြောင်းလဲနိုင်တဲ့အတွက် ကိုယ့်အနေနဲ့ ဈေးကြီးကြီးပေးပြီး အခွေတွေဝယ် ကြည့်စရာမလိုဘဲ နေရာတိုင်း အချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။

အဲလိုပြောင်းလဲဖို့အတွက် Vudu app ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ app ကိုသုံးပြီးရှိသမျှ ဗီဒီယိုအားလုံးကို ဒစ်ဂျစ်တယ် အဖြစ်ပြောင်းလဲနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Vudu က စပယ်ရှယ် multi-disc အနေနဲ့ ထုတ်ထားတာတွေ၊ TV ရှိုးတွေနဲ့ Multi-movies packs တွေကိုတော့ ထောက်ပံ့မပေးထားပါဘူး။ ဒါပေမယ့် Disney , Twentieth Century Fox, Sony Pictures, Universal, Warner Bros တို့က ထုတ်တဲ့ ရုပ်ရှင်တွေကိုတော့ ထောက်ပံ့ပေးထားပါတယ်။

အရင်ဆုံး ဖုန်းထဲမှာ Vudu app ကို ထည့်ပါ။ ပြီးရင်တော့ Vudu အကောင့် တစ်ခုလုပ်ပါ။ အကောင့်ရှိပြီးရင်တော့ ဖုန်းထဲက App ကို ဖွင့်လိုက်ပါ။ Vudu app ပွင့်လာရင်တော့ မြင်ကွင်းရဲ့ ဘယ် ဘက်အပေါ်ထောင့်နားက မျဉ်းသုံး ကြောင်းသင်္ကေတဖြစ်တဲ့ menu ကိုနှိပ်ပါ။

Menu စနစ်ထဲရောက်သွား ရင်တော့ Disc to Digital ဆိုတဲ့စာ သားကိုရှာပြီးထပ်နှိပ်ပါ။

ပြီးရင်တော့ Scan Barcode ဆိုတဲ့စာသားကို နှိပ်ပါ။

ဒါဆိုရင်တော့ ဖုန်းကနေ Scan စလုပ်မှာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ ဒစ်ဂျစ်တယ်အဖြစ် ပြောင်းချင်တဲ့ DVDs ဒါမှမဟုတ် Blu-ray ခွေကာဗာပေါ်မှာပါတဲ့ Barcode ပေါ်ကို scan လုပ်ပေး လိုက်ပါ။

Scan လုပ်လိုက်ရင်တော့ ကိုယ့်အနေနဲ့ ဒစ်ဂျစ်တယ် format ကို SD အရည်အသွေးလား၊ HDX အရည်အသွေးသားဆိုပြီး ရွေးခိုင်း ပါမယ်။ SD အရည်အသွေးဆို နှစ်ဒေါ်လာကျမှာဖြစ်ပြီး HDX အရည်အသွေးဆိုရင်တော့ ငါးဒေါ် လာကျသင့်မှာဖြစ်ပါတယ်။

ကိုယ်လိုချင်တဲ့ အရည်အသွေး ကို ရွေးပြီးရင်တော့ Submit List ဆိုတာကို နှိပ်လိုက်ပါ။

-ရဲထွဋ်ဝင်း