September 25, 2017

Diploma in International Relations သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနကနေ Diploma in International Relations သင်တန်းကို ဇွန်လ ၁၂ ရက်မှာ စတင်ဖွင့်မယ်လို့ သိရပါတယ်။ သင်တန်းတက် ရောက်သူတွေဟာ Diploma in International Relations (DIR) အောင်လက်မှတ် ရရှိမှာဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိထားသူများ တက်ရောက်နိုင်ပါတယ်။ သင်တန်းလျှောက်ထား လိုသူတွေဟာ မေလ ၂၂ ရက်ကနေ မေလ ၃၁ ရက်ထိ လျှောက်လွှာတွေ ၀ယ်ယူနိုင်မှာဖြစ်ပြီး မေလ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲကို ဇွန်လ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး သင်တန်းကာလ ၉ လ ကြာမြင့်မယ်လို့ သိရပါတယ်။ လျှောက်လွှာတွေကို ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်ရှိ နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ လက်ခံသွားမှာဖြစ်ပြီး အသေးစိတ်မေးမြန်းလိုပါက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။