Dell Precision 5520

တန်ဖိုး – ကန်ဒေါ်လာ ၂၆၅၉

အားသာချက်

မြန်ဆန်ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဒီ Laptop က ဘက်ထရီနဲ့ကို ၁၁ နာရီ ကျော်ကြာ အသုံးပြုနိုင်တာ သဘောကျစရာပါ။ Display ပိုင်းလည်း ကြည်လင်ပြတ်သားမှုရှိသလို ရုပ်ထွက်ကာလာပိုင်းလည်း တောက်ပစိုပြေမှုရှိလှပါတယ်။ ကိုယ်ထည်ဒီဇိုင်းကလည်း ပါးလွှာပြီး ပေါ့ပါးမှုလည်းရှိလှပါတယ်။ နောက်တစ်ခုက နေရာ၊ ဒေသမရွေးအသုံးပြုနိုင်တဲ့ စံသတ်မှတ်ချက် တစ်ခုဖြစ်တဲ့ MIL-SPEC durable နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားပါတယ်။

အားနည်းချက်

Dell Precision 5520 ရဲ့ အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ ပရီမီယံအမျိုးအစား Ultrabook တွေထဲမှာတော့  တစ်ခြားပြိုင်ဘက် မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဈေးအနည်းငယ် ကြီးတယ်လို့ ဆိုရမှာပါ။ နောက် တစ်ခုက Webcam ကို Displaya ရဲ့ အောက်ဘက်မှာ ထည့်သွင်းထားတာပါ။ အရင်ကလိုမျိုး ဘယ်ဘက်ထောင့်မှာ မဟုတ်ဘူး။ ဘယ်ဘက် သုံးချိုးတစ်ချိုး နေရာမှာ ထည့်သွင်းထားတာကတော့ အနည်းငယ် ကိုးယို့ကားယား နိုင်တယ်လို့ ပြောရမှာပါ။

သုံးသပ်ချက်

ဆွဲဆောင်မှုရှိလှတဲ့ ကိုယ်ထည်ဒီဇိုင်းရှိတဲ့ ပရီမီယံအမျိုးအစား Ultrabook ကို High-end PC (Work-station) တစ်လုံးလို စွမ်း
ဆောင်ရည်နဲ့အသုံးပြုချင်သူတွေ ရွေးချယ်သင့်လှတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ Entry-level အမျိုးအစား Precision 5520 ကတော့ 2.8GHz Core i5-7440 CPU, 8GB RAm, Intel HD Graphics, 1920×1080 pixel Display, 500GB (7200rpm) HDD နဲ့ 3-cell ဘက်ထရီနဲ့ကို ကန်ဒေါ်လာ ၁၃၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအရွယ်အစားကတော့ ၁၅.၆ လက်မ Full-HD Display က sRGB spectrum ၁၁၃ ရာခိုင်နှုန်းရှိတာက ပုံမှန် ၉၄ ရာခိုင်နှုန်း ဝန်းကျင်ရှိတဲ့ notebook တွေထက် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ရုပ်ထွက်အရည် အသွေးကို 1920×1080 ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမြန် နှုန်း 3.0 GHz ရှိတဲ့ Intel Core Xeon E3-1505M v6 processor ကို အသုံးပြုထားပြီး RAM 32GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု ကတော့ 512GB M.2 PCIe SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Nvidia Quadro M1200 GPU စနစ်တွေ ထောက်ပံ့ပါဝင်ပြီး ဗီဒီယို Memory အနေနဲ့ 4GB ထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ကီးဘုတ်မှာလည်း backlit စနစ်ထောက်ပံ့ပါဝင်ပြီး ချောမွေ့ကောင်းမွန်တဲ့ ၄.၁x၃.၁ လက်မ အရွယ်အစား Touchpad မှာ gestures စနစ်တွေ ထောက်ပံ့ ပါဝင်ပါတယ်။ WiFi 802.11 b/g/n/ac အနေနဲ့ ထောက်ပံ့ပါဝင်ပြီး Bluetooth 4.2 စနစ်ထောက်ပံ့ ပါဝင်ပါတယ်။ SD Card reader၊ Thunderbolt 3၊ HDMI ပေါက်၊ USB 3.1 ပေါက်နဲ့ USB ပေါက်တွေ ပါဝင်ပါတယ်။ ဂိမ်းကစားဖို့အတွက် ထုတ်ထားတဲ့ Laptop တော်တော်များများက ဘက်ထရီသက်တမ်း တိုတောင်းကြပေမယ့် ဒီ Laptopက ဘက်ထရီနဲ့ကို WiFi ချိတ်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုခြင်းကို ၁၁ နာရီနဲ့ ၅၇ မိနစ်ခန့် အသုံးပြုနိုင်တာက အပြင်သွားရင် ဘက်ထရီအားသွင်းကြိုးကို ယူသွားစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၄.၄ ပေါင် (၁.၉၉ ဂရမ်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com