Dell Latitude 5290 2-in-1

[ Zawgyi ]

အားသာခ်က္

အလြယ္တကူ ျဖဳတ္တပ္ႏုိင္မယ့္ ကီးဘုတ္စနစ္၊ ၾကည္လင္ေကာင္းမြန္လွတဲ့ Webcam နဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

စပီကာပိုင္း အနည္းငယ္ အားနည္းတယ္လို႔ ထင္ပါတယ္။ ေနာက္ၿပီး ဒီ Laptop ကို 128GB သိုေလွာင္မႈ ပမာဏအတြက္ ေပးရတဲ့ေစ်းက အနည္းငယ္မ်ားတယ္လို႔ ခံစားရပါတယ္။

သုံးသပ္ခ်က္

Microsoft Surface Pro နဲ႔ ေတာ္ေတာ္ေလးဆင္တူတဲ့ ဒီ Laptop က လုပ္ငန္းသုံး 2-in-1 အမ်ဳိးအစား Laptop ျဖစ္ပါတယ္။ စပီကာအသံထြက္ အနည္းငယ္တိုးတာ၊ ေစ်းအနည္းငယ္ႀကီးတယ္လို႔ ခံစားရတာကလြဲရင္ ျမန္ဆန္ေကာင္းမြန္တဲ့ ေနာက္ဆုံးေပၚ processor၊ ေပါ့ပါးမႈနဲ႔ လုပ္ငန္းသုံးအတြက္ လုံၿခဳံေရးစနစ္ေတြ မ်ားစြာပါ၀င္တဲ့ Dell Latitude 5290 2-in-1 အမ်ဳိးအစားက လုပ္ငန္းသုံးအတြက္ ေရြးခ်ယ္ဖို႔ေကာင္းမြန္လွတဲ့ Laptop တစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၂ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိေထာက္ပံ့ေပးႏုိင္တဲ့အျပင္ IPS anit-reflective anti-smudge multi-touch အမ်ဳိးအစားျဖစ္ပါတယ္။ Intel Core i5-8350U processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB PCIe NVMe SSD ပါဝင္မွာျဖစ္ပါတယ္။ ကန္ေဒၚလာ ၆ဝ တန္ဖိုးရွိတဲ့ Dell Active Pen ကိုလည္း Tablet ရဲ႕ကိုယ္ထည္မွာ တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 620 ေထာက္ပံ့ပါဝင္ပါတယ္။ Webcam ကေတာ့ 2560x1440p အမ်ဳိးအစားျဖစ္ၿပီး ၃.၉x ၂.၁ လက္မအရြယ္အစား Touchpad က ေခ်ာေမြ႕ေကာင္းမြန္မႈ ရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.2၊ လက္ေဗြလုံၿခဳံေရး စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး Smart card reader ေပါက္၊ USB 3.0 ေပါက္၊ USB Type-C နဲ႔ USB 2.0 ေပါက္ေတြ ပါဝင္ပါတယ္။ Windows 10 Pro လိုင္စင္ပါဝင္ၿပီး လုပ္ငန္းလုပ္ေဆာင္ျခင္းကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၇ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂၇ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာျဖစ္ပါတယ္။

Latitude 5290 2-in-1 အမ်ဳိးအစား Intel Core i5-8350U CPU, 8GB RAM, 256GB NVME SSD နဲ႔ကို ကန္ေဒၚလာ ၁၇၇ဝ.၄ဝ၊ Intel Core i3-7130U CPU, 4GB RAM နဲ႔ SATA 128GB SSD နဲ႔ကို ကန္ေဒၚလာ ၈၉၉.၉၉၊ 8th Gen Core i5-8250U CPU, 8GB RAM

တန္ဖိုး – ကန္ေဒၚလာ ၈၉၉.၉၉~၁,၇၇ဝ.၄ဝ
Ref: www.laptopmag.com

-ရဲထြဋ္ဝင္း

==========

[ Unicode ]

Dell Latitude 5290 2-in-1

==========

အားသာချက်

အလွယ်တကူ ဖြုတ်တပ်နိုင်မယ့် ကီးဘုတ်စနစ်၊ ကြည်လင်ကောင်းမွန်လှတဲ့ Webcam နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

စပီကာပိုင်း အနည်းငယ် အားနည်းတယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီ Laptop ကို 128GB သိုလှောင်မှု ပမာဏအတွက် ပေးရတဲ့စျေးက အနည်းငယ်များတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Microsoft Surface Pro နဲ့ တော်တော်လေးဆင်တူတဲ့ ဒီ Laptop က လုပ်ငန်းသုံး 2-in-1 အမျိုးအစား Laptop ဖြစ်ပါတယ်။ စပီကာအသံထွက် အနည်းငယ်တိုးတာ၊ စျေးအနည်းငယ်ကြီးတယ်လို့ ခံစားရတာကလွဲရင် မြန်ဆန်ကောင်းမွန်တဲ့ နောက်ဆုံးပေါ် processor၊ ပေါ့ပါးမှုနဲ့ လုပ်ငန်းသုံးအတွက် လုံခြုံရေးစနစ်တွေ များစွာပါ၀င်တဲ့ Dell Latitude 5290 2-in-1 အမျိုးအစားက လုပ်ငန်းသုံးအတွက် ရွေးချယ်ဖို့ကောင်းမွန်လှတဲ့ Laptop တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၂ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိထောက်ပံ့ပေးနိုင်တဲ့အပြင် IPS anit-reflective anti-smudge multi-touch အမျိုးအစားဖြစ်ပါတယ်။ Intel Core i5-8350U processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB PCIe NVMe SSD ပါဝင်မှာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၆ဝ တန်ဖိုးရှိတဲ့ Dell Active Pen ကိုလည်း Tablet ရဲ့ကိုယ်ထည်မှာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါဝင်ပါတယ်။ Webcam ကတော့ 2560x1440p အမျိုးအစားဖြစ်ပြီး ၃.၉x ၂.၁ လက်မအရွယ်အစား Touchpad က ချောမွေ့ကောင်းမွန်မှု ရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.2၊ လက်ဗွေလုံခြုံရေး စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Smart card reader ပေါက်၊ USB 3.0 ပေါက်၊ USB Type-C နဲ့ USB 2.0 ပေါက်တွေ ပါဝင်ပါတယ်။ Windows 10 Pro လိုင်စင်ပါဝင်ပြီး လုပ်ငန်းလုပ်ဆောင်ခြင်းကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ရ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၇ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Latitude 5290 2-in-1 အမျိုးအစား Intel Core i5-8350U CPU, 8GB RAM, 256GB NVME SSD နဲ့ကို ကန်ဒေါ်လာ ၁၇၇ဝ.၄ဝ၊ Intel Core i3-7130U CPU, 4GB RAM နဲ့ SATA 128GB SSD နဲ့ကို ကန်ဒေါ်လာ ၈၉၉.၉၉၊ 8th Gen Core i5-8250U CPU, 8GB RAM

တန်ဖိုး – ကန်ဒေါ်လာ ၈၉၉.၉၉~၁,၇၇ဝ.၄ဝ
Ref: www.laptopmag.com

-ရဲထွဋ်ဝင်း