August 22, 2017

DEAD OR ALIVE 5 Last Round: Core Fighters

Developer : Team Ninja
Publisher: Tecmo Koei
Genre: Versus Fighting
Platform(s): PS4, Xbox One, PC
Release Date: April 26, 2017 [f2p version]
Gameplay – 9
Graphics – 8.5
Story – 7.5
Presentation – 8
Final Score – 8.5 out of 10

Tecmo Koei ရဲ့ Dead or Alive ဂိမ်းစီးရီးဟာ ရောင်းအား အကောင်းဆုံး Versus Fighting ဂိမ်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သလို ချောမောတဲ့ ကောင်မလေးတွေနဲ့ သင်ယူရလွယ်ကူပေမယ့် အဆင့်မြင့်တိုက်ခိုက်မှုပိုင်း ပေါင်းများစွာလည်း ပါဝင်တဲ့အတွက်ကြောင့် အပျော်တမ်း ကစားသူတွေ ကြားမှာရော Professional Fighting Game Tournament ပွဲတွေအထိ ဝင်ရောက်ကစား သူတွေကြားမှာပါ နာမည်ကြီးတဲ့ ဂိမ်းစီးရီးတစ်ခု ဖြစ်ပါတယ်။ ဂိမ်းခွေပေါင်းသန်းနဲ့ချီ ရောင်းချပြီးဖြစ်တဲ့ Dead or Alive 5 ကတော့ DoA Series တွေထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရမှာဖြစ်ပြီး DLC တွေ အားလုံးနီးပါး ပါဝင်တဲ့ Dead or Alive 5: Last Round ထွက်အပြီးမှာတော့ story mode ကလွဲပြီး game modes အားလုံးနီးပါးနဲ့ online mode တွေကို အခမဲ့ကစားနိုင်မယ့် free to play version ကို console တွေမှာ အရင်ဖြန့်ပြီးနောက် PC မှာပါ ဆက်လက် ထွက်ရှိလာတာ တွေ့ရပါတယ်။

Core Fighters Version ကို Console တွေရဲ့ online store မှာရော PC Steam version မှာပါအခုဆိုရင် download အခမဲ့ ပြုလုပ်ကစားနိုင်မှာ ဖြစ်ပါတယ်။ Free characters တွေအနေနဲ့ Ayane, Hayate , Kasumi နဲ့ RyuHayabusa တို့ကို ရွေးချယ် ကစားနိုင်မှာဖြစ်သလို Jann Lee၊, Mila၊Kokoro နဲ့ Leifang အစရှိတဲ့ ဇာတ်ကောင်တွေပေါ် မူတည်ပြီး ကစားနိုင်မှာမို့လို့ full version မဝယ်ခင် gameplay ပိုင်းနဲ့လုံးဝ lag လို့မဖြစ်တဲ့ versus fighting ဂိမ်းမို့လို့ multiplayer online connection ပိုင်း စမ်းသပ် ချင်သူတွေအတွက် တော်တော်လေး အဆင်ပြေသွားတာ တွေ့ရမှာပါ။ ကစားရတာ သဘောကျ သွားပြီဆိုရင်တော့ full version ကို 40$ နဲ့ ဝယ်ယူနိုင်ပြီး story mode တွေနဲ့ ကျန်ရှိတဲ့ ဇာတ်ကောင်တွေ အားလုံးကို အသုံးပြုနိုင်မှာပါ။ Story mode အနေနဲ့ကတော့ ငါးကြိမ်မြောက် DoA Tournament ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ဇာတ်ကောင် တွေအကြောင်း အခြေခံထားပြီးတော့ ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်မှုရှိတဲ့ Storyline တွေ ပါဝင်ထားသလို  ဇာတ်လမ်းအလိုက် ဇာတ်ကောင်တွေကို
ပြောင်းလဲကိုင်တွယ်ပြီး ကစားရတဲ့ Story gameplay နဲ့ Bonus Mission တွေ ပါဝင်ထားလို့ Mortal Kombat 9 တုန်းကလိုမျိုး Single Player ပဲ ကစားဖြစ်ရင် တောင်မှ ကစားရတာတန်တဲ့ Versus Fighting ဂိမ်းတစ်ခုဖြစ် တာတွေ့ရမှာပါ။

Dead or Alive 5 Last Round full version မှာတော့ အရင်ပါနေကြ game modes တွေဖြစ်တဲ့  Story Mode ၊ ပြီးတော့ ကစားသူအချင်းချင်း တိုက်ခိုက်နိုင်တဲ့ Versus Mode နဲ့ ရန်သူတွေကို မိမိဇာတ်ကောင် Knock Out (K.O) မဖြစ်မချင်း တိုက်ခိုက်ရမယ့် Survival Mode နဲ့ Time Attack Mode တို့ ပါဝင်ပါတယ်။ Training Mode မှာ ဇာတ်ကောင် တစ်ယောက်ချင်းစီကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်အောင် beginner level ကနေ expert level အဆင့်အထိ tutorial မျိုးစုံပါဝင်လို့ DoA ကစားသမား
အသစ်တွေကော အဟောင်းတွေအတွက်ပါ အဆင်ပြေမှာပါ။ Kasumi , Ayane , itomi နဲ့ Kokoro တို့လို ပါနေကြဇာတ် ကောင်တွေ အကုန်ပြန်ပါသလို Ninja Gaiden series မှဇာတ် လိုက်ဖြစ်တဲ့ RyuHarabusa နဲ့အတူ အခြားဇာတ်ကောင် သစ်တွေအဖြစ် Ninja Gaiden ဂိမ်းများထဲမှ Momiji, Rachel, Virtua Fighter series ထဲမှ Jacky Bryan, Leon နဲ့ Ein တို့ ပါဝင်လာပါတယ်။ အခြား Versions တွေမှာ လုံးဝမပါဝင်ဖူးတဲ့ ဇာတ်ကောင်တွေကတော့ ကျောင်းသူ လေး Honoka, Ayane ရဲ့ ဖခင်ကို လူတစ်ပိုင်းစက်တစ်ပိုင်း Cyborg စက်ရုပ်အသွင် ပြောင်းထားတဲ့ Raidou , Arcade Versions က Marie Rose နဲ့ Nyotengu တို့လည်း ပါဝင်လာပါတယ်။

Gameplay ပိုင်းမှာ attack button တွေကို အများကြီး မထည့်ထားဘဲ အထူးအဆန်း ပါဝါတွေထုတ်တဲ့ special attack တွေလည်း ပါဝင်မှာ မဟုတ်သလို သုံးခုပဲပါဝင်ပေမယ့် တိုက်ကွက်တစ်ခုနဲ့ တစ်ခုချိတ်ဆက်ပြီး combo တွေအများကြီး ရရှိအောင် အချိန်ကိုက် ကစားတတ်ဖို့ အရေးကြီးသလို Strike move , Throw move နဲ့ Counter attack move သုံးမျိုးကို သထိထားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ အရင်လို အခန်းတစ်ခန်းကနေ တစ်ခန်းပြုတ်ကျလို့ဖြစ်စေ ကူးပြောင်းလို့ဖြစ်စေအ ခန်းပုံစံပြောင်းလဲနိုင်တဲ့ Danger Zone ပုံစံသစ်တွေ တိုက်ခိုက်ရင်း ပေါက်ကွဲမှုတွေ နောက်ခံတိုက်ပွဲတွေကြောင့် ကစားပုံပြောင်းလဲသွားနိုင်တဲ့ Destructable environment အသစ်တွေလည်း ပါဝင်လာပါတယ်။

DEAD OR ALIVE 5 Last Round: Core Fighters ဟာ graphics ပိုင်းရော gameplay ပိုင်းပါ ကောင်းမွန်သလို free
to play version ကို စမ်းသပ် ကစားနိုင်တဲ့အတွက် Tekken၊ Virtua Fighter နဲ့ Street Fighter လိုမျိုး ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းဖြစ်ပါတယ်။

-နေအောင်လတ်