October 20, 2017

DDR4 ထက် နှစ်ဆပိုမြန်တဲ့ DDR5 RAM ကို ၂၀၁၈ တွင် တွေ့မြင်ရမည်

ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းအင်သုံးစွဲမှု ပိုမိုသက်သာတဲ့ DDR5 (Double Data Rate 5) RAM ဖွံ့ဖြိုးတိုးတက်မှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ semiconductor စံသတ်မှတ်ရေးအဖွဲ့အစည်း JEDEC က ကြေညာလိုက်ပါတယ်။

လက်ရှိ DDR4 RAM နဲ့ နှိုင်းယှဉ်ရင် DDR5 ကွန်ပျူတာချစ်ပ်က bandwidth နဲ့ density နှစ်ဆပိုမိုပြီး စွမ်းအင်သုံးစွဲမှု ပိုမိုနည်းပါးတယ်လို့ ဆိုပါတယ်။

DDR5 RAM စံသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ်မှာ အပြီးသတ်ဖို့စီစဉ်ထားပေမယ့် OEM တွေအတွက်ကတော့ ၂၀၂၀ ခုနှစ်မတိုင်မီအထိ အသင့်မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိစံနှုန်းဖြစ်တဲ့ DDR4 ကို ၂၀၁၂ ခုနှစ်က အပြီးသတ်ခဲ့ပေမယ့်လည်း အဲ့ဒီစံနှုန်းကို ထောက်ပံ့ဖို့အတွက် processor တွေနဲ့ SoC တွေကို update လုပ်ရမယ့်အတွက်ကြောင့် ၂၀၁၅ ခုနှစ်မတိုင်မီအထိ PC တွေမှာ အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။

Ref: FossBytes