July 26, 2017

Day One (Mac)

$ 39.99 == > Free (Limited Time)

Day One ဆိုတဲ့ ဆော့ဖ်ဝဲဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မှတ်တမ်းတင်ထားနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဓာတ်ပုံတွေကို ထည့်သွင်းကာ သက်ဆိုင်ရာနေ့အလိုက် အကြောင်းအရာတွေကို မှတ်တမ်းတင်ပေးထားနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲကို အရင်က Mac App Store မှာ ကန်ဒေါ်လာ ၃၉.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်ပေမယ့် အခုအခါ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ OS X 10.11 နဲ့ အထက်မှာ ထည့်သွင်းသုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ