Dark Souls III – The Ringed City DLC

Developers : From Software
Publishers : Namco Bandai Games
Release Date: March 27th, 2017
Genre: Action RPG
Platforms: PC, PS4, XboxOne
Gameplay – 10
Story – 8.5
Graphics – 9
Presentation – 10
Final Score – 9.5 out of 10

၂၀၀၀ ခုနှစ်နောက်ပိုင်းတွေ မှာ ထွက်လာတဲ့ ဂိမ်းအများစုဟာ ပရိသတ်များနိုင်သမျှ များအောင်နဲ့ အရွယ်မရွေး ကစားရအဆင်ပြေအောင် Easy mode option သို့မဟုတ် power-ups တွေ equipments တွေဝယ်ယူဖို့ online store နှင့် micro transaction စနစ်တွေ ထည့်သွင်းနေကြချိန်မှာ From Software ရဲ့  PlayStation 3 exclusive Action RPG ဂိမ်းဖြစ်တဲ့  Demon’s Souls ဟာ အရမ်းခက်တဲ့ gameplay နဲ့ boss fight တွေကြောင့် gamer အများစုနဲ့ RPG ပရိသတ်ကြားမှာ နာမည်ကြီးခဲ့ပြီး မျှော်မှန်းထားတာထက် ပိုမိုရောင်းချခဲ့ရပါတယ်။ Demon’s Souls နောက်ပိုင်းမှာတော့ From Software အနေနဲ့ Dark Souls,  Dark Souls II နှင့် PS4 exclusive spin-off  ဂိမ်းဖြစ်တဲ့ Bloodborne တို့ကို gameplay quality ရော difficulty ပါ မလျှော့ဘဲနဲ့ ဆက်တိုက် ထုတ်နိုင်ခဲ့သလို ၂၀၁၆ မှာ Dark Souls III ထွက်ရှိခဲ့ပြီး သူ့ရဲ့နောက်ဆုံး expansion ဖြစ်တဲ့ The Ringed City ကတော့ ၂၀၁၇ ၊ မတ်လမှာ ထွက်ရှိလာပါပြီ။ From Software  အနေနဲ့ကတော့ လက်ရှိအချိန်မှာ Bloodborne ရော Dark Souls ဂိမ်းအသစ်တွေရော ဆက်တိုက်ထုတ်ဖို့ အစီအစဉ် မရှိသေးကြောင်း ကြော်ငြာထားတဲ့အတွက် Dark Souls ဂိမ်းပရိသတ်တွေကတော့ သူ့ရဲ့နောက်ဆုံး ဇာတ်သိမ်းဖြစ်တဲ့ The Ringed City ကို မဖြစ်မနေ ကစားသင့်ပါတယ်။ ဒါပေမဲ့ Souls ဂိမ်းတွေရဲ့ ထုံးစံအတိုင်းပဲ ချက်ချင်း အပြေး
အလွှား ဆော့ဖို့တော့ မလွယ်ပါ ဘူး၊ From Software အနေနဲ့ Dark Souls III ရဲ့ expansion boss တွေကို နိုင်ဖို့က Soul level
125 နဲ့ အထက်ရှိမှ အဆင်ပြေမယ် ပြောထားလို့ အနည်းဆုံးတစ် ခေါက်ထက်ပိုပြီး story mode ပြီးအောင် ကစားထားသူ သို့မဟုတ် level နဲ့ items တွေကောင်းကောင်း farm ထားသူတွေ အတွက်သာ ပိုအဆင်ပြေအောင် တမင်သက်သက် လုပ်ထားပါတယ်။

Dark Souls ဂိမ်းတွေဟာ gameplay ပိုင်းနဲ့ တိုက်ခိုက်မှုပိုင်းကို အသားပေးထားပေမယ့် cutscenes အချို့နဲ့  စကားပြော ခန်းအချို့ (အထူးသဖြင့် Item Descriptions တွေ) ကနေတစ်ဆင့် ဇာတ်လမ်းကို သိရှိနိုင်မှာဖြစ်ပြီး ကစားသူရဲ့ undead warrior
(Ashen One) ဇာတ်ကောင်ဟာ Kingdom of Lothric နယ်မြေ အတွင်းမှာ Lords of Cinder အမည်ရ ခေါင်းဆောင်တွေကို လိုက်လံ နှိမ်နှင်းရမှာဖြစ်ပြီး ခရီးလမ်းတစ်လျှောက်မှာ Armor အပြည့်ဝတ်ဆင်ထားတဲ့ Demon Knight တွေ၊ နဂါးအကြီးစားတွေစတဲ့ ရန်သူအရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ အခြေခံ ဇာတ်လမ်းအနေနဲ့ ရိုးရှင်းသလို ဖြစ်နေပေမယ့် နောက်ခံ lore တွေကတော့  NPC  တွေရဲ့ dialogue တွေ item descriptions တွေ၊ side quests တွေကနေတစ်ဆင့် စိတ်ဝင်စားဖို့ ကောင်းတဲ့ Lothric တိုင်းပြည်နဲ့ Lords of Cinder တွေရဲ့ သမိုင်းကြောင်း ကိုသိနိုင်မှာပါ။  Expansion အသစ်တွေမှာတော့ အတိတ်က အဖြစ်အပျက်တွေဆီ ပြန်သွား တဲ့ ပုံစံဖန်တီးသွားပြီး ပထမ Dark Souls ဂိမ်းမတိုင်ခင် နှစ် ပေါင်းများစွာ အလိုအချိန်မှာ ဇာတ်လမ်းဆင်ထားကာ dark rift နဲ့ bonfire တွေကတစ်ဆင့် သွားလာ နိုင်မှာပါ။ နှင်းတောတွေထဲမှာ နေရာယူထားတဲ့ Ashes of Ariandel expansion ကို ကစားဖို့က  Cathedral of the Deep နယ်မြေက Cleansing Chapel bonfire မှတစ်ဆင့် သွားရမှာဖြစ်ပြီး ကမ္ဘာမြေရဲ့ အဆုံးမှာ နေရာယူထားတဲ့ The Ringed City ကို သွားဖို့ကတော့ Dark Souls III ရဲ့ နောက်ဆုံး main story final boss ဆီကို သွားရာလမ်းဖြစ်တဲ့ Soul of Cinder arena မတိုင်ခင်နယ်မြေကို ရောက်ဖူးပြီးသားဖြစ်ဖို့ လိုအပ်ပါတယ်။ The Ringed City ရဲ့ နောက်ခံရှုခင်းတွေနဲ့ level design တွေကတော့ Anor Londo နယ်မြေတုန်းကလို တော်တော်လေး ကြည့်ကောင်းပြီး ပုံစံကွဲထွက်နေအောင် ဖန်တီးထားနိုင်သလို boss အသစ်လေးမျိုးနဲ့ အခြားရန်သူ အမျိုးအစား အသစ်တွေ မိုးပျံပြီး projectile တွေ ပစ်နိုင်တဲ့ ပိုခက်လာတဲ့ attack pattern တွေပါ ပါလာပါတယ်။

Character class တွေအနေ နဲ့ကတော့ light နဲ့ heavy styles တိုက်ခိုက်ပုံတွေပေါ် မူတည်ပြီး strength , dexterity နဲ့ Magic အစရှိတဲ့ stats တွေကို ပြောင်းလဲပြီး ကစားဟန်မျိုးစုံကို အသုံးချနိုင်သလို နောက်ပိုင်းမှာ လည်း ability အသစ်တွေရရှိနိုင်ပြီး level တက်တိုင်း stats တွေ စိတ်ကြိုက်တင်နိုင်လို့ class တစ်မျိုးကို ကစားပုံတစ်မျိုးပုံသေ သတ်မှတ်ပြီး ကစားစရာ မလိုတာ
တွေ့ရမှာပါ။ Souls ဂိမ်းတွေကို အဓိကခက်ခဲစေတဲ့ အချက်တစ်ခု က level ဘယ်လောက်မြင့်မြင့် ကိုယ့်ကို တစ်ချက်နှစ်ချက်နဲ့ အပျောက်ရှင်းနိုင်တဲ့ ရန်သူတွေ၊ ထောင်ချောက်တွေ ပါဝင်ထား သလို၊ Melee  attack နဲ့ ရန်သူတွေ တိုက်ခိုက်တာကို ရှောင်ရုံက အစ Stamina Bar လျှော့သွားမှာဖြစ်လို့ အချို့ Action ဂိမ်း တွေလို Attack & Dodge Spam လုပ်လို့မရသလို grinding သီးသန့်နဲ့ level မြင့်ရုံ၊ items ကောင်း ရုံမဟုတ်ဘဲ ကိုယ်ပိုင်အစွမ်းအဆ (gameplay skill) ကိုလည်းအဓိကထား အသုံးချရမှာကို တွေ့ရမှာပါ။ အရင်က Magic spell ဆိုရင်လည်း Stamina bar ကို သုံးထားပေမယ့် အခုတော့ သီးသန့် Magicbar ပါလာသလို Bloodborne
ဂိမ်းတုန်းကလိုမျိုး weapon skill တွေပါ ပါလာလို့ အရင် Souls ဂိမ်းတွေထက် Strategy အစုံ ပိုသုံးလို့ရတယ်လို့ ပြောရမှာပါ။ Bonfire လို့ခေါ်တဲ့ မီးပုံတွေမှာ မိမိရရှိခဲ့တဲ့ experience points တွေ souls တွေကို level up လုပ်နိုင်ပြီး fast travel စနစ်လည်း ပါဝင်လာလို့ အရင်လို တစ်နေရာနဲ့ တစ်နေရာသွားလာရတာ ပိုအဆင်ပြေလာ ပါတယ်။ Expansion အသစ်အ တွက် Giant Door လိုမျိုး big shield အမျိုးအစားတွေ၊ Projected Heal လိုမျိုး သွေးဖြည့်နိုင်မယ့် projectile healing weapon အသစ်တွေ ပါဝင်ထားပြီး PvP အတွက် Lothric Castle နဲ့ Archdragon Peak နယ်မြေတွေကို အခြေခံထားတဲ့ မြေပုံတွေ ပါဝင်ပါတယ်။

Dark Souls III ရဲ့ expansion နှစ်ခုစလုံးမှာ Souls Series ထုံးစံအတိုင်း ကစားသူတွေအနေနဲ့ တိုက်ပွဲပေါင်းစုံမှာ အ
ခေါက်ပေါင်းရာနဲ့ချီပြီး သေနိုင်ပေမယ့် ရပ်မပစ်ဘဲ ဆက်လက်ကစားချင်အောင် ဆွဲဆောင် နိုင်သလို ဂိမ်းအတွင်း level တက်
ရုံသက်သက်မဟုတ်ဘဲ ကစားသူ ကိုယ်တိုင်ပါ ပိုကျွမ်းလာမှပြီး အောင် ကစားနိုင်မယ့် ဂိမ်းတစ်ခု ဖြစ်တာ တွေ့ရမှာပါ။ Dark Souls ဂိမ်းတွေနဲ့ main campaign ထက်ပိုခက်တဲ့ expansions တွေကို ပြီးအောင် ကစားနိုင်သူ တွေအနေနဲ့လည်း ဂိမ်းအများစုမှတစ်ဆင့် ရရှိနိုင်ဖို့ခက်ခဲတဲ့ အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်သလို Action RPG ပရိသတ် အားလုံးနဲ့ ထူးခြားတဲ့ boss fight တွေပါဝင်တဲ့ ဂိမ်းတွေကို နှစ်သက်သူတွေ အားလုံးကစား သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ် ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။