September 26, 2017

Daily Ad Workout Free (Mac)

Mac OS သုံးစွဲသူတွေအတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို personal trainer နဲ့ လေ့ကျင့်ခန်းနေရ သလိုမျိုး လေ့ကျင့်နိုင်အောင် အကူအညီပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲမှာ လေ့ကျင့်ခန်း လုပ်ရမယ့် အချိန်နဲ့ နည်းစနစ်များကို ဗီဒီယို ဖိုင်များနဲ့ ကြည့်ရှုနိုင်အောင် စီစဉ် ပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲကို Mac App Store မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 3.1MB ခန့်ရှိမှာ ဖြစ်ပြီး OS X 10.10 နဲ့အထက်မှာ ထည့်သွင်း သုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ

-သီဟ