June 24, 2018

Curlew ကို Ubuntu OS ေပၚမွာထည့္သြင္းျခင္း

[ Zawgyi ]

Curlew ဆိုတာကေတာ့ multimedia converter ေဆာ့ဖ္ဝဲအမ်ိဳးအစားတစ္ခုပဲျဖစ္ပါတယ္။ Curlew ဟာ output format ေပါင္း ၁၀၀ ေက်ာ္ကို အေထာက္အပံ့ေပးႏိုင္ပါတယ္။ အသံုးျပဳသူေတြ အလြယ္တကူနဲ႔ သံုးစဲြႏိုင္ေစဖို႔ ႐ိုးရွင္းတဲ့ UI ကိုလည္း အသံုးျပဳေပးထား ပါတယ္။

Ubuntu OS မွာ Curlew ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကိုအသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို  အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Curlew ကို Ubuntu မွာထည့္သြင္း အသံုးျပဳဖို႔အတြက္  ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

wget https://sourceforge.net/projects/curlew/files/curlew-0.2.4/curlew_0.2.4-1_all.deb

sudo apt-get update

sudo dpkg -i curlew_*.deb; sudo apt-get -f install

ဆိုတဲ့ command ေတြကို အသံုးျပဳရပါမယ္။ wget command နဲ႔ curlew deb file ကို download လုပ္ၿပီးရင္ ေအာက္ဆံုးမွာ ေဖာ္ျပထားတဲ့ dpkg command နဲ႔ install လုပ္ေဆာင္ေပးရပါမယ္။ ဒါဆိုရင္ Ubuntu OS မွာ Curlew ကို ထည့္သြင္းၿပီးၿပီ ျဖစ္ပါတယ္။

-သီဟ

==========

[ Unicode ]

Curlew ကို Ubuntu OS ပေါ်မှာထည့်သွင်းခြင်း

==========

Curlew ဆိုတာကတော့ multimedia converter ဆော့ဖ်ဝဲအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ Curlew ဟာ output format ပေါင်း ၁၀၀ ကျော်ကို အထောက်အပံ့ပေးနိုင်ပါတယ်။ အသုံးပြုသူတွေ အလွယ်တကူနဲ့ သုံးစွဲနိုင်စေဖို့ ရိုးရှင်းတဲ့ UI ကိုလည်း အသုံးပြုပေးထား ပါတယ်။

Ubuntu OS မှာ Curlew ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Curlew ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

wget https://sourceforge.net/projects/curlew/files/curlew-0.2.4/curlew_0.2.4-1_all.deb

sudo apt-get update

sudo dpkg -i curlew_*.deb; sudo apt-get -f install

ဆိုတဲ့ command တွေကို အသုံးပြုရပါမယ်။ wget command နဲ့ curlew deb file ကို download လုပ်ပြီးရင် အောက်ဆုံးမှာ ဖော်ပြထားတဲ့ dpkg command နဲ့ install လုပ်ဆောင်ပေးရပါမယ်။ ဒါဆိုရင် Ubuntu OS မှာ Curlew ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

-သီဟ