February 25, 2018

Cryptocurrency များကို mine လုပ်ရန် Android ဖုန်းသန်းပေါင်းများစွာ hack ခံထားရဟုဆို

Bitcoin လိုမျိုး Cryptocurrency ကို mine လုပ်ဖို့အတွက် စွမ်းအင်တွေ အများကြီးလိုအပ်ပါတယ်။ Bitcoin အပြင် အခြား cryptocurrency များစွာရှိပြီး အဲဒါတွေကို mine ပြုလုပ်တာက အမြတ်အစွန်းတွေရရှိနိုင်ပါတယ်။ အခုအခါမှာတေ့ ဟက်ကာတွေက စွမ်းဆောင်ရည်မြင့်ထုတ်ကုန်တွေကို မဝယ်ယူတော့ဘဲ အခြားကွန်ပျူတာတွေကိုအပိုင်စီးပြီး Bitcoin တွေကို mine ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဟက်ကာတွေက bitcoin တွေရရှိဖို့ အန္တရာယ်ရှိကြော်ငြာ scam တွေကတစ်ဆင့် Android ဖုန်း သန်းပေါင်းများစွာ အပိုင်စီးထားတယ်လို့ Malwarebytes ကဖော်ပြခဲ့ပါတယ်။ ဟက်ကာတွေအသုံးပြုတဲ့ နည်းလမ်းကို သေသေချာချာ မသိရှိရသေးပေမယ့် သုံးစွဲသူတွေ download လုပ်ထားတဲ့ အန္တရာယ်ရှိ appp တွေက သူတို့ကို ဝက်ဘ်ဆိုက်တွေဆီ အလျင်အမြန် redirect ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ဟာ cryptocurrency ကို mine လုပ်ဖို့ malware ကူးစက်ခံထားရတဲ့ ထုတ်ကုန်ကို အသုံးချမှာ ဖြစ်ပါတယ်။ သုံးစွဲသူက မှန်ကန်တဲ့ CAPTCHA ကုဒ်ကိုထည့်သွင်းမှပဲ အဲဒီလုပ်ဆောင်ချက် ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတစ်ဦးက အဲဒီအန္တရာယ်ရှိ ဝက်ဘ်ဆိုက်မှာ အချိန် ၄ မိနစ်လောက်ပဲ အသုံးပြုပေမယ့်လည်း တစ်လမှာ အဲဒီဝက်ဘ်ဆိုက်ကို လာရောက်လည်ပတ်သူ သန်း ၃၀ ရှိပါတယ်။ ဒါကြောင့် ဟက်ကာတွေဟာ cryptocurrency များစွာကို mine ပြုလုပ်နိုင်ပါတယ်။

စမတ်ဖုန်းသုံးစွဲသူတွေဟာ ထုတ်ကုန်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး လျော့ရဲမှုရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ Pew Research စာတမ်းအရ စမတ်ဖုန်းပိုင်ဆိုင်သူ ၂၈ ရာခိုင်နှုန်းဟာ screen lock နဲ့ အခြားလုံခြုံရေး feature တွေကို အသုံးမပြုကြဘူးလို့ သိရပါတယ်။

ဖုန်းကိုလုံခြုံစေဖို့ web filter တွေနဲ့ လုံခြုံရေး software အသုံးပြုဖို့ Malwarbytes အကြံပေးထားပါတယ်။ ဒါ့အပြင် Google Play Store ကနေပဲ app တွေ download ပြုလုပ်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။

စိုးထက်
Ref: AndroidAuthority