January 17, 2018

Computer Shortcut Key (Android)

Computer သုံးစွဲသူများအတွက် shortcut key တွေကိုအလွယ်တကူနဲ့ Android device ပေါ်ကနေ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ အဆိုပါ app ဟာ Windows နဲ့ ပတ်သက်တဲ့ အခြေခံ shortcut key များ Mac နဲ့ ပတ်သက်တဲ့ shortcut key များအပြင် အခြား third-party software များတွင် အသုံးပြုတဲ့ shortcut key များကိုပါ လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။

အဆိုပါ app ကို ထည့်သွင်း သုံးစွဲလိုသူတွေအနေနဲ့ Play Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Download လုပ်ယူရမယ့်ဖိုင်အရွယ်အစားကတော့ 2.0MB ခန့်သာရှိမှာဖြစ်ပြီး Android version 2.3.2 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ