Chrome OS နဲ့ယှဉ်ပြိုင်မယ့် Windows 10 Cloud ကို Microsoft ဖန်တီးနေ

Microsoft ရဲ့ Insider program မှာ မှတ်ပုံတင်ထားတဲ့ သူတွေထံ ဖြန့်ချိပေးခဲ့တဲ့ Windows 10 test build တွေမှာ OS ဗားရှင်းသစ် တစ်မျိုးကို ရည်ညွှန်းဖော်ပြ ထားတယ်လို့ သိရပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကို ZDNet ရဲ့ ရင်းမြစ်တွေက အတည်ပြုခဲ့ပြီး Microsoft အနေနဲ့ Windows 10 Cloud လို့ခေါ်တဲ့အရာကို ဖန်တီးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ OS သစ်ဟာ Windows 10 ရဲ့ ရိုးရှင်းတဲ့ ဗားရှင်းတစ်ခုဖြစ်ပြီး Windows Store က Unified Windows Platform (UWP) app တွေကိုပဲ အထောက်အပံ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။ Windows 10 Cloud အနေနဲ့ Microsoft ရဲ့ mainstream platform မှာ ဈေးသက်သာတဲ့ဗားရှင်းတစ်ခု ဖြစ်လာနိုင်ပြီး ဈေးပေါတဲ့ကွန်ပျူတာတွေမှာ ထည့်သွင်းခြင်းဖြင့် ပညာရေးဈေးကွက်မှာ Google ရဲ့ Chrome OS, Chromebook တို့နဲ့ ယှဉ်ပြိုင်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Ref: TheNextWeb