Chrome Browser ကို Background မှာ မ Run အောင်ဘယ်လိုလုပ်မလဲ

Chrome Browser ကို အသုံးမပြုတဲ့အခါမှာ Background မှာ run နေတာကို ပိတ်ထားချင်တယ်ဆိုရင် ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Browser ကို ပိတ်လိုက်တဲ့အခါမှာ နောက်ကွယ်မှာ run နေတာဟာ ကောင်းကျိုးရော ဆိုးကျိုးပါရှိပါတယ်။ ကောင်းကျိုးအနေနဲ့ web service တစ်ခုခုကို အသုံးပြုနေတယ်ဆိုရင် notification တွေ နဲ့ update တွေကို နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေ ပါလိမ့်မယ်။

မကောင်းတဲ့ အချက်အနေနဲ့ကတော့ Chrome browser ဟာ နောက်ကွယ်မှာ run နေတဲ့အတွက် system ပိုင်းမှာ အလုပ်လုပ်ဆောင်တဲ့အခါ အနည်းငယ်နှေးစေမှာဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ဟာ ဂိမ်းကစားမယ်ဆိုရင် Chrome browser ကနောက်ကွယ်ကနေ run နေတဲ့အတွက် အနည်းငယ် ပိုမိုလေး နေပါလိမ့်မယ်။

Browser ကို ပိတ်ထားချိန်မှာ Background မှာ run မနေစေဖို့အတွက် Chrome browser ရဲ့ Main menu ကို နှိပ်ပါ။ ပြီးရင် Settings ဆိုတာကို ရွေးရပါမယ်။

Settings ထဲကမှ Show advanced settings ဆိုတာကို ထပ်မံနှိပ်ပါ။

System အောက်က Continue running background apps when Google Chrome is closed ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားလိုက်တယ်ဆိုရင် Chrome browser ကို ပိတ်လိုက်တဲ့အခါမှာ background မှာ run နေမှာမဟုတ်တော့ပါဘူး။