British Council Teaching Centre တြင္ အဂၤလိပ္စာသင္တန္းတက္ေရာက္ရန္ စာရင္းေပးသြင္းႏိုင္

[Zawgyi]

British Council Teaching Centre (ရန္ကုန္) မွာ အဂၤလိပ္စာသင္တန္း General English (အသက္ ၁၆ ႏွစ္ႏွင့္အထက္ အတြက္) နဲ႔ IELTS Preparation (အသက္ ၁၈ ႏွစ္ အထက္အတြက္) သင္တန္းမ်ားတက္ ေရာက္ရန္ placement test ေျဖဆိုလိုပါက စာရင္းေပးသြင္းႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းတက္ေရာက္လိုသူေတြ အေနနဲ႔ ဝင္ခြင့္ေျဖဆိုၿပီးလွ်င္ သင္တန္းတက္ေရာက္ရန္မွာ ရရွိတဲ့ Level နဲ႔ တက္ေရာက္လိုတဲ့အခ်ိန္မွာ အတန္းေနရာရွိမွသာ တက္ေရာက္ခြင့္ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ ဝင္ခြင့္ ေျဖဆိုၿပီး Intermediate level ရမွသာ IELTS သင္တန္းတက္ေရာက္ႏိုင္မယ္လို႔ သိရပါတယ္။ အဂၤလိပ္စာစြမ္း ရည္ (၄) မ်ိဳးစလံုး ပိုမိုတိုးတက္လာေစရန္ ၿဗိတိသွ်ေကာင္စီမွ ႏိုင္ငံတကာအသိအမွတ္ျပဳလက္မွတ္ရ အရည္အ ခ်င္း ျပည့္မီတဲ့ ဆရာ၊ ဆရာမမ်ားမွ ေခတ္မီသင္ၾကားေရး အေထာက္အကူျပဳ ပစၥည္းမ်ားစြာနဲ႔ သင္ၾကားပို႔ခ် ေပးသြားမွာျဖစ္ပါတယ္။

IELTS Preparation သင္တန္းမ်ားတက္ေရာက္ရန္ placement test ေျဖဆိုလိုသူေတြအေနနဲ႔ https://goo.gl/vQyZHF မွာစာရင္းေပးၿပီးပါက ဝင္ခြင့္စာေမးပြဲေၾကး က်ပ္တစ္ေသာင္းခြဲကို ႏွစ္ရက္အတြင္း ၿဗိတိသွ်ေကာင္စီမွာ လာေရာက္ေပးသြင္းရမွာျဖစ္ပါတယ္။
အေသးစိတ္သိရွိလိုပါက ၿဗိတိသွ်ေကာင္စီ (ရန္ကုန္) ဖုန္း ၀၁- ၃၇၀၉၃၃၊ ၃၇ဝ၈၂၉၊ ၃၇ဝ၈၃ဝ ကို ဆက္သြယ္ ေမးျမန္းႏိုင္ပါတယ္။

 

[Unicode]

British Council Teaching Centre (ရန်ကုန်) မှာ အင်္ဂလိပ်စာသင်တန်း General English (အသက် ၁၆ နှစ်နှင့်အထက် အတွက်) နဲ့ IELTS Preparation (အသက် ၁၈ နှစ် အထက်အတွက်) သင်တန်းများတက် ရောက်ရန် placement test ဖြေဆိုလိုပါက စာရင်းပေးသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ ဝင်ခွင့်ဖြေဆိုပြီးလျှင် သင်တန်းတက်ရောက်ရန်မှာ ရရှိတဲ့ Level နဲ့ တက်ရောက်လိုတဲ့အချိန်မှာ အတန်းနေရာရှိမှသာ တက်ရောက်ခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဝင်ခွင့် ဖြေဆိုပြီး Intermediate level ရမှသာ IELTS သင်တန်းတက်ရောက်နိုင်မယ်လို့ သိရပါတယ်။ အင်္ဂလိပ်စာစွမ်း ရည် (၄) မျိုးစလုံး ပိုမိုတိုးတက်လာစေရန် ဗြိတိသျှကောင်စီမှ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ အရည်အ ချင်း ပြည့်မီတဲ့ ဆရာ၊ ဆရာမများမှ ခေတ်မီသင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာနဲ့ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ်။

IELTS Preparation သင်တန်းများတက်ရောက်ရန် placement test ဖြေဆိုလိုသူတွေအနေနဲ့ https://goo.gl/vQyZHF မှာစာရင်းပေးပြီးပါက ဝင်ခွင့်စာမေးပွဲကြေး ကျပ်တစ်သောင်းခွဲကို နှစ်ရက်အတွင်း ဗြိတိသျှကောင်စီမှာ လာရောက်ပေးသွင်းရမှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုန်း ၀၁- ၃၇၀၉၃၃၊ ၃၇ဝ၈၂၉၊ ၃၇ဝ၈၃ဝ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။