BQ Aquairs M10

တန်ဖိုး – ကန်ဒေါ်လာ ၃၁၁.၅

အားသာချက်

ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ခံစားနိုင်စေဖို့ Vivid display ကို အသုံးပြုထားတဲ့ tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

စပီကာပိုင်းမှာ အားနည်းချက် အနည်းငယ်ရှိမှာဖြစ်ပြီး app တွေကို run တဲ့ အခါမှာtablet ဟာ ပုံမှန်ထက် အနည်းငယ်ပိုပူမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

Display screen အရွယ်အစား ကြီးမားတဲ့အတွက် လုပ်ငန်းသုံး အသုံးပြုမယ်ဆိုရင် သင့်တော်တဲ့ tablet ဖြစ်ပြီး Linux operating system ကို အသုံးပြုထားတာကြောင့် app များစွာလည်း အထောက်အပံ့ ရနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

MediaTek Quad Core Chip ကို အသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 1.3GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 2 GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16 GB ပမာဏရှိတဲ့ Storage ပါဝင်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Ubuntu 15.04 ပါ။ Screen အရွယ်အစား ၁၀.၁ လက်မရှိပြီး Screen Resolution ကတော့ 1920 x 1200 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ အနောက်ဘက် ကင်မရာမှာ 8 megapixels ရှိမှာဖြစ်ပြီး အရှေ့ဘက် ကင်မရာကတော့ 5 megapixels သာရှိပါတယ်။ Micro HDMI, microSD အစရှိတာတွေကို အထောက်အပံ့ ပေးနိုင်မှာဖြစ်ပြီး အချက်အလက်များများ သိမ်းဆည်းချင် သူတွေအတွက် microSD ကို 64GB ပမာဏထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း

အလေးချိန် ၁ အောင်စ ကျော်ကျော်သာရှိပြီး ကိုင်တွယ်အသုံးပြုရတာ ကောင်းမွန်စေရန်အတွက် စီစဉ်ပေးထားတဲ့ tablet ဖြစ်ပါတယ်။ Power button နဲ့ volume button တွေကို tablet ရဲ့ညာဘက်အခြမ်းမှာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Micro HDMI, micro USB အစရှိတာတွေကိုတော့ tablet ရဲ့အပေါ်ဘက်မှာ ထည့်သွင်းပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ Tablet ရဲ့အရှေ့ဘက် မျက်နှာပြင် အောက်ခြေနားမှာ စပီကာကို တပ်ဆင်ပေးထားပါတယ်။

-Ref: laptopmag