October 19, 2017

Blurry Photo Finder (Mac)

$ 4.99 == > Free (Limited Time)

အချိန်တိုအတွင်းမှာ Photo library ထဲက ကြည်လင်ပြတ်သားမှု မရှိတဲ့ ပုံတွေကို ရှာဖွေ ပေးနိုင်မယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ဓာတ်ပုံပေါင်းများစွာ ထည့်ထားတဲ့ photo library ထဲက ကြည်လင်ပြတ်သားတဲ့ ပုံတွေကို လွယ်ကူစွာနဲ့ ရှာဖွေပြီး ဖျက်ပစ်နိုင်စေရန် ဒါမှမဟုတ် စုစည်း သိမ်းဆည်းထားနိုင်ရန် အတွက် အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲကို အရင်က Mac App Store မှာ ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မှာဖြစ်ပေမယ့် အခုအခါမှာ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ Mac OS X 10.7.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်