October 20, 2017

Bluetooth speaker

မိုဘိုင်းဖုန်းနဲ့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်တွေအတွက် အကြိုက်တွေ့စေမယ့် BZ-B32 မော်ဒယ် Bluetooth speaker ဖြစ်ပါတယ်။ Bass အသံအားကောင်းကောင်းနဲ့ နားဆင်တတ်သူတွေ အကြိုက်တွေ့စေမှာဖြစ်ပြီး Output power 5W ရှိတဲ့အတွက် အသံထွက်ရှင်းလင်းပြီး ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ Bluetooth Version 3.0 ဖြစ်ပြီး Bluetooth function ပါဝင်တဲ့ ဖုန်းအားလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အကွာအဝေး ၁၀ မီတာ (ပေ ၃၀ ခန့်) အထိ အသုံးပြုနိုင်ပါတယ်။

Bluetooth နဲ့ချိတ်ဆက်နိုင်သလို USB stick, Micro SD card, Aux in တို့နဲ့လည်း မိမိနှစ်သက်ရာ သီချင်းတွေကိုထည့်သွင်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။ စပီကာအပေါ်ဘက်မှာ on board control button ကို ထည့်သွင်းပေးထားပြီး အသံအတိုး၊ အကျယ်၊ သီချင်းကျော်ခြင်း၊ နောက်ဆုတ်ခြင်း၊ ဖုန်းကိုင်ခြင်း၊ ဖုန်းချခြင်းတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ FM လိုင်းတွေကိုလည်း နားဆင်နိုင်မည်ဖြစ်သလို ဖုန်းတင်ဖို့အတွက်လည်း နေရာပါရှိတာကြောင့် အသုံးပြုသူတွေ အနေနဲ့အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ တန်ဖိုးမှာ ၁၆,၉၀၀ ကျပ်ဖြစ်ပြီး [email protected] Engineering & Electric ဖုန်း ၀၁- ၂၅၂၆၂၇၊ ၀၂- ၆၉၃၈၉ နဲ့ ၀၉ ၉၁၀၃၉၂၀၆ မှာဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ဝေဝေ