November 19, 2017

‘Bixby’ Virtual Assistant သုံးထားတဲ့ စမတ်စပီကာကို Samsung ဖန်တီးနေ

Samsung အနေနဲ့ Amazon Echo နဲ့ Apple HomePod တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် အသံနဲ့ထိန်းချုပ်နိုင်တဲ့ စမတ်စပီကာကို ဖန်တီးနေတယ်လို့ သိရပါတယ်။

Samsung ရဲ့စမတ်စပီကာစီမံကိန်းအမည်က “Vega” ဖြစ်ပြီး Samsung ရဲ့ Bixby virtual assistant အခြေခံ စမတ်စပီကာ ဖြစ်တယ်လို့ သိရပါတယ်။ စပီကာရဲ့ feature နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ The Wall Street Journal ကို သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

Samsung ဟာ စမတ်စပီကာကို ဖန်တီးနေတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့် Bixby ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရတယ်လို့ ဆိုပါတယ်။

Samsung Galaxy S8 နဲ့ S8+ မထွက်ရှိခင်မှာ Bixby ကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည် ပြဿနာကြောင့် Samsung ဖုန်းတွေမှာ Bixby အင်္ဂလိပ်ဘာသာစကားဗားရှင်း မပါဝင်သေးပါဘူး။ Bixy ကို ဇူလိုင်လနှောင်းပိုင်း မတိုင်ခင် အပြည့်အဝ မိတ်ဆက်ဖို့ မဖြစ်နိုင်သေးဘူးလို့ Samsung ကပြောခဲ့ပါတယ်။

အင်တာနက်ချိတ်ဆက်ထားတဲ့ စပီကာဈေးကွက်ဟာ ပြီးခဲ့နှစ်အတွင်း အလွန်အမင်းတိုးတက်လာပါတယ်။ Amazon က ၂၀၁၄ ခုနှစ်မှာ Echo ကိုဖြန့်ချိခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်အကြာမှာ Google Home ထွက်ရှိလာပါတယ်။ Microsoft က third-party စပီကာတွေအတွက် Cortana assistant ကိုဖြန့်ချိခဲ့ပါတယ်။ Apple ကလည်း Siri အသုံးပြုထားတဲ့ HomePod ကို ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပြီး နှစ်ကုန်မှာ ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

စိုးထက်
Ref: MacRumors