December 13, 2017

AUTO POWER EXPO MYANMAR ပွဲပြုလုပ်ကျင်းပမည်

မော်တော်ကား ဆက်စပ်အပိုပစ္စည်းတွေနဲ့ လျပ်စစ်ပါဝါပိုင်းဆိုင်ရာ ပစ္စည်းတွေပြသပေးမယ့် AUTO POWER EXPO MYANMAR ပြပွဲကိုတော့ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၁ ရက်ထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ကိုးရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနဲ့ တရုတ်တိုင်ပေ (ထိုင်ဝမ်) နိုင်ငံတွေက မော်တော်ယာဉ် အစိတ်အပိုင်းတွေ၊ ဝန်ပင့်ယာဉ် အစားထိုးအစိတ်အပိုင်း၊ နောက်တွဲယာဉ်အပိုပစ္စည်း၊ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းများ ကားအလှဆင်ပစ္စည်း ယာဉ်အစိတ်အပိုင်းပြုပြင်ရေးပစ္စည်း၊ လက်ကိုင်ပစ္စည်းကိရိယာများကို ပြသပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီလက်ထရောနစ်ပစ္စည်းတွေ၊ မီးအလင်းပေးကိရိယာတွေ၊ စပရိန်တွေနဲ့ ဘထ္ထရီ တွေကိုပါ အဆိုပါပြပွဲမှာ ပြသပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာပစ္စည်းတွေကို ပြသရုံသာပြသပေးမှာဖြစ်ပြီး ရောင်းချပေးမှာတော့မဟုတ်ဘူးလို့ သိရပါတယ်။

တရုတ်တိုင်ပေ (ထိုင်ဝမ်) ရဲ့ အကောင်းဆုံးဆု တရုတ်တိုင်ပေ (ထိုင်ဝမ်) ကုန်ပစ္စည်း ၃၀ ကျော်မှ ထုတ်ကုန်ပေါင်း ၆၀ ကျော်ကိုလည်း Taiwan Excellence Pavilion သီးသန့် ပြခန်းမှာပြသပေးသွားမယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း