June 26, 2017

Audio Editing Kid3 ကို Ubuntu OS မှာ ဘယ်လို ထည့်သွင်းမလဲ

Kid3 ဆိုတာကတော့ Audio editing Open-source ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Ubuntu OS ကို အသုံးပြုနေ သူများအနေနဲ့ Audio Editing ဆော့ဖ်ဝဲတစ်ခုကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် Kid3 ကို ထည့်သွင်း သုံးစွဲနိုင်ပါတယ်။ Kid3 ဟာ audio file format အများအပြားကို အထောက်အပံ့ ပေးထားနိုင်တဲ့ဆော့ဖ်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။

Kid3 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Kid3 ကို Ubuntu OS 16.04 နဲ့ Ubuntu OS 16.10  မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo add-apt-repository ppa:ufleisch/kid3

sudo apt-get update

sudo apt-get install kid3

ဆိုတဲ့ command တွေကို ထည့်သွင်းရပါမယ်။ အဆိုပါ command ကို ထည့်သွင်းပြီးရင် သက်ဆိုင်ရာ package တွေကို download ပြုလုပ်ပြီး install ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ပေး ရပါမယ်။ တစ်ကယ်လို့
Kid3 ဆော့ဖ်ဝဲကို အသုံးမပြုလို တော့ဘူးဆိုရင် uninstall ပြုလုပ်နိုင်မယ့် command ကတော့ –

sudo apt-get remove kid3

kid3-qt kid3-cli

sudo apt-get autoremove

ဆိုတဲ့ command ပဲဖြစ်ပါတယ်။ ဒီ command ကို Terminal မှာ ထည့်သွင်းပေးလိုက်တာနဲ့ Kid3 ဆော့ဖ်ဝဲကို ပြန်ဖျက် ပေးသွားပါလိမ့်မယ်။

//ambient pc code