September 26, 2017

Atelier Firis: The Alchemist and the Mysterious Journey

Developer – Gust Co. Ltd.
Publisher – Koei Tecmo
Platform – PS4, PSVita, PC
Genre – Simulation, JRPG
Release Date – March 27, 2017
Gameplay – 8.5
Story – 7.5
Graphics – 8
Presentation – 8
Score – 8 out of 10

Developer Gust ရဲ့ Atelier Firis: The Alchemist and the Mysterious Journey ဂိမ်းဟာ Alchemy တွေ ရောစပ်ဖန်တီးရတဲ့ Simulation gameplay , dungeons တွေမှာရန်သူတွေနဲ့ တိုက်ခိုက်ရသော turn based RPG battle gameplay တွေပါဝင်တဲ့ RPG ဂိမ်းသစ်ဖြစ်ပြီး Harvest Moon လို Simulation ဂိမ်းတွေ နှစ်သက်သူတွေရော RPG ဂိမ်းပရိသတ်တွေပါ သဘောကျမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အရင် PlayStation ဂိမ်းစက် exclusive series တွေဖြစ်ခဲ့တဲ့ Hyperdimension Neptunia နှင့် Fairy Fencer F တို့အနေနဲ့ PC Platform မှာ ၂၀၁၅ ကစပြီး ဆက်တိုက် ထွက်လာပေမယ့် Atelier Firis နဲ့ သူ့မတိုင်ခင် က ထွက်ရှိထားတဲ့ Atelier Sophie ကလွဲပြီး Rorona, Atelier Totori နဲ့ Atelier Meruru လိုဂိမ်းတွေကတော့ PlayStation exclusive ဂိမ်းစီးရီး တစ်ခုအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ဖေဖော်ဝါရီ လမှာ ထွက်ရှိခဲ့တဲ့ Atelier Sophie: The Alchemist of the Mysterious Book ဂိမ်းသစ်ကတော့ PC တွင် Console version ထွက်ပြီး လအနည်းငယ် အကြာမှာထွက်ရှိလာပြီး မတ်လ မှာတော့ Atelier Firis ရဲ့ PC version က Console version တွေနဲ့ တစ်ပြိုင်တည်း ထွက်လာပြီဖြစ်လို့ အရင်ဂိမ်းတွေ မဆော့ဖြစ်လိုက်တဲ့ Simulation ဂိမ်းနှစ်သက် သူတွေအတွက် လည်း အဆင်ပြေသွားမှာပါ။

PlayStation 1 ခေတ်က Atelier Marie ကနေစတင် ထွက်ရှိခဲ့တာမှာ Atelier Firis: The Alchemist and the Mysterious Journey ဟာ Atelier Series ရဲ့ ၁၈ ခွေမြောက် RPG ဂိမ်းဖြစ်ပြီး အခြား Atelier Sophie ဇာတ်လမ်းဆင်ထားတဲ့ Kirchen Bell မြို့ရှိရာ နယ်မြေများအတွင်း မှာကစားရဖြစ်ပြီး Mysterious series ရဲ့ ဒုတိယမြောက်ဂိမ်းဖြစ် ပါတယ်။ PlayStation 3 မှာထွက်ထားတဲ့ သုံးဂိမ်းတွဲArland Trilogy , Dusk Trilogy တို့နဲ့တော့ ဇာတ်လမ်းမတူတဲ့ အတွက် Atelier စီးရီးနဲ့မရင်းနှီးသူတွေ လည်း အလွယ်တကူ ကစားနိုင်မှာ ဖြစ်ပါတယ်။ လူနေအိမ် ခြေသိပ်မရှိသလို ပြင်ပလောကနဲ့လည်း ဆက်ဆံမှုသိပ်မရှိတဲ့ မိုင်းတွင်းမြို့လေးမှာ နေထိုင်သူ FirisMistlud နေရာ ကကစားရမှာဖြစ်ပြီး တစ်နေ့မှာတော့ ပထမ Atelier Sophie ဂိမ်းကအဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Sophie, Plachta တို့နဲ့ တွေ့ဆုံပြီး နောက်မှာ Alchemy ပညာကို သင်ယူပြီးနောက် ပြင်ပလောကကို စွန့်စားခန်းထွက်ဖို့ စီစဉ်ပုံနဲ့ဇာတ် လမ်းဆင်ထားပါတယ်။အရင် Dusk ဇာတ်လမ်းတွဲ တုန်းကလိုမြို့ ကိုကယ်တင်ဖို့တို့ ပျောက်ဆုံးနေ သူတွေလိုက်ရှာဖို့တို့လိုမျို ဟုတ်ဘဲ ပင်မ main story ကို ပေါ့ပေါ့ပါးပါးလေးလုပ်ထားပေ မယ့် Firis အနေနဲ့ တစ်နှစ်အတွင်းမှာ  alchemist certification စာမေးပွဲကိုတော့အောင်အောင် ဖြေဖို့အတွက် deadline တော့ ထည့်သွင်းပေးထားလို့ အရင် Atelier Sophie မှာ လုံးဝမပါတော့ တဲ့ deadline features က တော့ main storyline အတွက် ပြန်ပါလာတယ်လို့ ပြောနိုင်မှာပါ။ ဒါပေမဲ့ quest တစ်ခုချင်းဆီကိုတော့ Atelier Sophie ကလို အေးဆေးလုပ် နိုင်ပြီး နေ့တစ်နေ့တာအတွက် Day and Night cycle တွေ ပါဝင် ထားပါတယ်။

Gameplay ပိုင်းကတော့ ingredients တွေမျိုးစုံစပ်ရတဲ့ Alchemy gameplay နဲ့လိုအပ်တဲ့ ingredients တွေရှာဖို့ Dungeon တွေ၊ သစ်တောတွေအတွင်း လိုက်ရှာရတဲ့ အခါမှာ ရန်သူတွေ၊ သတ္တဝါဆိုးတွေနဲ့ တိုက်ခိုက်ရတဲ့ Battle gameplay တွေပါဝင်ပါတယ်။ ရန်သူတွေနဲ့ အလှည့်ကျ တိုက်ခိုက်ရမယ့် turn based gameplay ဖြစ်ပြီး game over ဖြစ်ရင်တော့ world map ပေါ် ပြန်ရောက် သွားမှာမို့လို့ Dungeon အတွင်း အချိန်မရွေး ပြန်လည်ဝင်ရောက် နိုင်မှာပါ။ အရင်လိုမျိုး အချိန်အကန့် အသတ်နဲ့ time limit quests တွေအစား life task system လို့အမည်ပေးထားတဲ့ စနစ်က ကစားသူရဲ့ play style တွေနဲ့ ဇာတ်လမ်းတွေကို ရွေးချယ်မှုအလိုက် ပြောင်းလဲသွားစေပြီး တိုက်ပွဲများများ ဝင်သူတွေကို battle quests တွေပိုများလာစေသလို life task တွေလုပ်ပြီးတိုင်း ရှိပြီးသား dungeons  မြေပုံတွေနဲ့ monster encounters တွေကပါ ပုံစံပြောင်းလဲနိုင်တာ တွေ့ရပါတယ်။ Quest တွေအများဆုကတော့ customer တွေအ တွက် လိုအပ်တဲ့ items တွေ ဖော်စပ်ပေးရတာ ဖြစ်ပါတယ်။ Monsters တွေနှိမ်နှင်းရတဲ့ quest တွေ ပါဝင်ထားပြီး အစပိုင်းငါးနာရီက ဆယ်နာရီလောက်မှာ တော့ basic gameplay ပိုင်း သင်ရတာရယ်၊ ရန်သူတွေ အရမ်းလွယ်နေတာရယ်ကြောင့် ကစားရတာ နည်းနည်းလေးနေမှာ ဖြစ်ပေမယ့် dungeons တွင်းက items တွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်နိုင်မှာ ဖြစ်သလို နောက်ပိုင်းမှာ နည်းဗျူဟာနဲ့တိုက် ခိုက်ရမယ့် monsters တွေ၊
level မြင့် missions တွေ ပါဝင်ပြီဆိုရင်တော့ နောက်ပိုင်း ခရီး တစ်ခါထွက်တိုင်း ကြိုတင်စီစဉ်မှုတွေ အများကြီး လိုအပ်လာမှာပါ။

Graphics ကတော့ Cell Shading graphics ကို အသုံးပြု ထားပါတယ်။ တစ်နေရာနဲ့တစ် နေရာသွားလာတဲ့အခါမှာ လမ်း လျှောက်ပုံနဲ့ဆံပင်၊ အဝတ်တွေ လေထဲ လွင့်နေပုံတွေကို အရင်ကထက် သဘာဝကျအောင် ဆွဲထားနိုင်သလို JRPG ပရိသတ်အားလုံး နီးပါးက Anime ဆန်ဆန် ဇာတ်ကောင် ဒီဇိုင်းတွေကို သဘောကျပြီးသားမို့လို့ အပြစ်ပြောစရာ သိပ်တွေ့မှာ မဟုတ်ပါဘူး။ နောက်ခံရှုခင်းတွေ ကတော့ Cell Shading ပိုင်းဖြစ်တဲ့အတွက် Western RPG အားလုံးနီးပါးလိုမျိုး သဘာဝကျတဲ့ ပုံစံအစစ် မြင်ချင်သူတွေနဲ့ သိပ်မကိုက်ပေမယ့် သာမန်မြင်နေ ကျအတွင်းပိုင်း dungeon တွေ အပြင် ရှုခင်းလှပတဲ့ အပြင်ဘက် level တွေပါ ပါဝင်တာကို တွေ့ရမှာပါ။ Background ရော character details ပိုင်းပါ အရင် Atelier ဂိမ်းတွေထက် ပိုကြည့်ကောင်း လာသလို ရန်သူပုံစံတွေကလည်း ပိုစိတ်ဝင်စား ဖို့ ကောင်းတာကိုတွေ့ရမှာဖြစ်ပါ တယ်။ Simulation ဆန်ဆန် JRPG ဂိမ်းကောင်း ဆော့ချင်သူ ပရိသတ်တွေနဲ့ သင့်တော်တဲ့ ဂိမ်းသစ်ဖြစ် ပါတယ်။