July 15, 2018

ASUS Zenfone Max Pro

[ Zawgyi ]

Price : (219,000)

အားသာခ်က္

ဒီဖုန္းမွာ အဓိကေကာင္းမြန္ေနတဲ့ အခ်က္ကေတာ့ ဖုန္းရဲ႕ဘက္ထရီပိုင္းလို႔ ေျပာလို႔ရပါတယ္။ Power Bank တစ္လံုးေလာက္နီးနီးကို ဘက္ထရီပမာဏရွိေနတဲ့ အခ်က္က ဒီဖုန္းရဲ႕ အဓိကအားသာခ်က္ျဖစ္ေနၿပီး ဖုန္းကိုအခ်ိန္ၾကာျမင့္စြာ သံုးႏိုင္ျခင္းကလည္း ေကာင္းမြန္တဲ့ အခ်က္တစ္ခုလို႔ ဆိုရမွာပါ။ ဖုန္းမွာသံုးထားတဲ့ CPU ကလည္း သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ မယ္ဆိုရင္ေတာ့ ေကာင္းတယ္လို႔ ေျပာႏိုင္တဲ့ အေျခအေနမွာရွိေနတဲ့အျပင္ Screen နဲ႔ ကင္မရာပိုင္းေတြမွာလည္း သင့္တင့္ေကာင္းမြန္တဲ့ အခ်က္ေတြ ရွိေနပါတယ္။

အားနည္းခ်က္

ဒီဖုန္းမွာ NFC စနစ္ပါဝင္တာ မေတြ႕ရသလို Temperature Sensor လည္း ပါတာမေတြ႕ရပါဘူး။ ကင္မရာကို အသံုးျပဳတဲ့အခ်ိန္မွာ Auto စနစ္မွာပဲ Touch Focus ကို အသံုးျပဳႏိုင္ၿပီး Mode ထဲက Portrait နဲ႔ Landscape အပါအဝင္ အခ်ိဳ႕စနစ္ေတြမွာ Auto Fouch ပဲျဖစ္ေနၿပီး ကိုယ္လိုခ်င္တဲ့ေနရာကို Focus လုပ္ဖို႔အတြက္ Touch Focus သံုးဖို႔အခက္အခဲရွိပါတယ္။

ဒီဇိုင္း

ေရွ႕မ်က္ႏွာျပင္ အျပည္ပံုစံမ်ိဳး ျပဳလုပ္ထားတဲ့ ဖုန္းျဖစ္ၿပီး Screen အေပၚထိပ္ဘက္မွာလည္း Notch မပါပါဘူး။ က်ယ္ဝန္းတဲ့ မ်က္ႏွာျပင္ ဖြဲ႕စည္းမႈမ်ိဳး ရွိေနၿပီး ကိုယ္ထည္တစ္ခုလံုးကိုလည္း သတၱဳ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ ေသသပ္က်စ္လ်စ္တဲ့ ပံုစံဒီဇိုင္း မ်ိဳးျဖစ္ၿပီး ကိုင္တြယ္အသံုးျပဳခ်ိန္မွာလည္း ေကာင္းမြန္ပါတယ္။ ေရွ႕မ်က္ႏွာျပင္ အျပည့္ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာ ခလုတ္ေတြ တစ္ခုမွ မပါဝင္တာေၾကာင့္ Home, Back, Recent ေတြကို Touch စနစ္နဲ႔ပဲ အသံုးျပဳရမွာပါ။ Fingerprint Sensor ကိုေတာ့ ေက်ာဘက္ကာ ဗာေပၚမွာ တပ္ဆင္ေပးထားပါတယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၅.၉၉ လက္မရွိတဲ့ IPS LCD Screen ကိုအသံုးျပဳထားၿပီး 1080 x 2160 pixels ရွိတဲ့ Full HD+ Screen အမ်ိဳးအစားပါ။

နည္းပညာ

ကင္မရာမွာ အသံုးျပဳႏိုင္ဖို႔အတြက္ ဓာတ္ပံုအသံုးျပဳ Mode စနစ္ေတြကို ေတာ္ေတာ္ေလး စံုစံုလင္လင္ ထည့္သြင္းေပးထားတာေတြ႕ ရပါတယ္။ ေနာက္ဘက္ကင္မရာႏွစ္လံုး အသံုးျပဳထားတဲ့အတြက္ ေနာက္ခံအဝါး Bokeh ဓာတ္ပံုေတြမွာလည္း ေတာ္ေတာ္ေလးေကာင္းမြန္တာ ေတြ႕ရမွာပါ။ Fingerprint စနစ္အျပင္ မ်က္ႏွာနဲ႔ မွတ္သားၿပီး ဖြင့္ႏိုင္တဲ့ Face Recognition စနစ္ေတြကို ဒီဖုန္းမွာ အသံုးျပဳႏိုင္ပါလိမ့္မယ္။

သံုးသပ္ခ်က္

Asus Zenfone Max Pro ဟာ ေစ်းႏႈန္းအလယ္အလတ္တန္းစားဖုန္း အမ်ိဳးအစားတစ္ခုျဖစ္ေပမယ့္လည္း ဖုန္းမွာပါဝင္တဲ့ CPU, GPU ပိုင္းေတြမွာ ေကာင္းမြန္ပါတယ္။ ဒါ့အျပင္ ဖုန္းမွာထည့္သြင္းေပးထားတဲ့ ဘက္ထရီရဲ႕ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏကလည္း ေကာင္းမြန္တဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္မွာပါ။ Screen ပိုင္းမွာလည္းေကာင္း မြန္တဲ့အျပင္ ဖုန္းရဲ႕ ဖြဲ႕စည္းတည္ေဆာက္မႈ အပိုင္းမွာလည္း ကိုင္တြယ္ရတာ အဆင္ေျပပါတယ္။ ေက်ာဘက္ကာဗာပံုစံ ႐ိုးရွင္းတဲ့အခ်က္တစ္ ခ်က္ေတာ့ ရွိပါတယ္။ သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ရင္ေတာ့ မွတ္ဉာဏ္ပမာဏက သင့္တင့္တယ္လို႔ ေျပာလုိ႔ရေပမယ့္ ေစ်းႏႈန္းခ်င္းတူတဲ့ 64GB/ 4GB RAM ေတြနဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ နည္းတယ္လို႔ ေျပာလို႔ရပါတယ္။ ကင္မရာပိုင္းမွာ အသံုးျပဳႏိုင္တဲ့ Mode ေတြစံုစံုလင္လင္ ပါဝင္ေနျခင္းက လည္းေကာင္းတဲ့ အခ်က္တစ္ခုပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1.0 (Oreo)
CPU – Octa-core 1.8 GHz Kryo 260
GPU – Adreno 509
Memory – Internal 32GB, 3GB RAM , Micro SD 512GB
Camera – Dual: 13 MP (f/2.2, 25mm) + 5 MP (f/2.4), LED flash, Features, Geo-tagging, touchfocus, face detection, HDR, panorama, face unlock, Video, Secondary 8 MP (f/2.2, LED flash
Wi-Fi – 802.11 b/g/n, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Po 5000 mAh Battery

သူတို႔အျမင္

ကိုေဝလင္း (စမ္းသပ္အသံုးျပဳသူ)

Zenfone Max Pro ကေတာ့ ေစ်းႏႈန္းအရၾကည့္မယ္ဆုိရင္ သံုးေပ်ာ္တဲ့ အေျခအေနမွာ ရွိပါတယ္။ ဖုန္းထဲက Specification အခ်က္အလက္ေတြ အရဆိုရင္လည္း သံုးေပ်ာ္တယ္လုိ႔ ေျပာလို႔ရပါတယ္။ ဖုန္းရဲ႕ ပံုစံဒီဇိုင္းမွာ ေဘးေဘာင္နဲ႔ ေရွ႕မ်က္ႏွာျပင္က လွေပမယ့္ ေက်ာဘက္ကာဗာဒီဇိုင္းေတာ့ သိပ္သေဘာမက်ခ်င္ဘူး။ ဖုန္းထဲမွာ ပါတဲ့ CPU, GPU ေတြကိုေတာ့ ႀကိဳက္တယ္။ သူ႕ေစ်းႏႈန္းနဲ႔ ယွဥ္လိုက္ရင္ Processor ကေကာင္းတယ္လုိ႔ေတာင္ ေျပာလုိ႔ရတယ္။ ကင္မရာပိုင္းမွာလည္း Megapixels ေတြက ေကာင္းပါတယ္။ ကင္မရာမွာပါတဲ့ Mode စနစ္ေတြကလည္း ေတာ္ေတာ္ေလးစံုစံုလင္ လင္ရွိပါတယ္။ Settings ထဲမွာေတာ့ သံုးရတဲ့စနစ္ေတြက နည္းတယ္ ျမင္မိတယ္။

မခ်ိဳမာခိုင္ (စမ္းသပ္အသံုးျပဳသူ)

ေရွ႕ကင္မရာက ဓာတ္ပံု႐ိုက္ရတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ေနာက္ဘက္ကင္မရာကလည္း ဓာတ္ပံု႐ုိက္ရတာေကာင္းပါ တယ္။ ေနာက္ဘက္ကင္မရာက ႏွစ္လံုးဆိုေတာ့ Portrait Mode ေတြမွာလည္း ေကာင္းတယ္။ Memory ကေတာ့ ဒီထပ္နည္းနည္းပို ပါမယ္ဆုိရင္ေတာ့ ဒီဖုန္းက သူ႔ေစ်းႏႈန္းနဲ႔ တန္သြားၿပီလို႔ေျပာလို႔ရ တယ္။ ဘက္ထရီကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ဘက္ ထရီပမာဏမ်ားတဲ့အတြက္ ဖုန္းကေတာ္ေတာ္ေလး အသံုးခံတဲ့အျပင္ အင္တာနက္သံုးတာ၊ ဂိမ္းကစားတာ၊ ႐ုပ္ရွင္ၾကည့္တာေတြအ တြက္ေတာင္ အခ်ိန္ေတာ္ေတာ္ၾကာၾကာ သံုးႏိုင္တာေတြ႕ရတယ္။

ဦးျမင့္ေဝ (စမ္းသပ္အသံုးျပဳသူ)

Memory က သင့္တင့္တယ္လုိ႔ ေျပာလုိ႔ရေပမယ့္ 64GB ေလာက္ဆိုရင္ ပိုၿပီးေရြးခ်ယ္ဖို႔ ေကာင္းသြားမယ္လို႔ေတာ့ ျမင္မိတယ္။ ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ ကိုင္ရတဲ့ အေျခအေနက ေတာ္ေတာ္ေလး ေကာင္းပါတယ္။ CPU, GPU ပိုင္းေတြမွာလည္း ဒီဖုန္းက ေစ်းႏႈန္းနဲ႔ ယွဥ္လိုက္ရင္ ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ကင္မရာပိုင္းမွာလည္း ႐ုပ္ထြက္နဲ႔ အသံုးျပဳရတဲ့ Mode ေတြက ေကာင္းပါတယ္။ ဒါ ေပမဲ့ အခ်ိဳ႕ စနစ္ေတြမွာ Touch Focus သံုးလို႔မရတဲ့ အခ်က္ေလး တစ္ခ်က္ေတာ့ရွိတယ္။ Touch Focus ကို သိပ္မသံုးပဲ ဓာတ္ပံု႐ိုက္တဲ့ သူေတြအတြက္ေတာ့ ဒီဖုန္းက အဆင္ေျပႏိုင္ပါလိမ့္မယ္။ ဒီဖုန္းမွာပါတဲ့ Face Unlock စနစ္ကလည္း အဆင္ေျပေျပ သံုးလို႔ရတဲ့အျပင္ မ်က္စိမွိတ္တဲ့ အခ်ိန္ေတြမွာလည္း မဖြင့္ေပးတဲ့အတြက္ အတန္အသင့္ စိတ္ခ်ရတယ္လို႔ ေျပာလို႔ရပါတယ္။

 

 

 

-ကိုသက္

[ Unicode ]

Price : (219,000)

အားသာချက်

ဒီဖုန်းမှာ အဓိကကောင်းမွန်နေတဲ့ အချက်ကတော့ ဖုန်းရဲ့ဘက်ထရီပိုင်းလို့ ပြောလို့ရပါတယ်။ Power Bank တစ်လုံးလောက်နီးနီးကို ဘက်ထရီပမာဏရှိနေတဲ့ အချက်က ဒီဖုန်းရဲ့ အဓိကအားသာချက်ဖြစ်နေပြီး ဖုန်းကိုအချိန်ကြာမြင့်စွာ သုံးနိုင်ခြင်းကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုလို့ ဆိုရမှာပါ။ ဖုန်းမှာသုံးထားတဲ့ CPU ကလည်း သူ့ရဲ့စျေးနှုန်းနဲ့ ယှဉ်ကြည့် မယ်ဆိုရင်တော့ ကောင်းတယ်လို့ ပြောနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အပြင် Screen နဲ့ ကင်မရာပိုင်းတွေမှာလည်း သင့်တင့်ကောင်းမွန်တဲ့ အချက်တွေ ရှိနေပါတယ်။

အားနည်းချက်

ဒီဖုန်းမှာ NFC စနစ်ပါဝင်တာ မတွေ့ရသလို Temperature Sensor လည်း ပါတာမတွေ့ရပါဘူး။ ကင်မရာကို အသုံးပြုတဲ့အချိန်မှာ Auto စနစ်မှာပဲ Touch Focus ကို အသုံးပြုနိုင်ပြီး Mode ထဲက Portrait နဲ့ Landscape အပါအဝင် အချို့စနစ်တွေမှာ Auto Fouch ပဲဖြစ်နေပြီး ကိုယ်လိုချင်တဲ့နေရာကို Focus လုပ်ဖို့အတွက် Touch Focus သုံးဖို့အခက်အခဲရှိပါတယ်။

ဒီဇိုင်း

ရှေ့မျက်နှာပြင် အပြည်ပုံစံမျိုး ပြုလုပ်ထားတဲ့ ဖုန်းဖြစ်ပြီး Screen အပေါ်ထိပ်ဘက်မှာလည်း Notch မပါပါဘူး။ ကျယ်ဝန်းတဲ့ မျက်နှာပြင် ဖွဲ့စည်းမှုမျိုး ရှိနေပြီး ကိုယ်ထည်တစ်ခုလုံးကိုလည်း သတ္တု ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ သေသပ်ကျစ်လျစ်တဲ့ ပုံစံဒီဇိုင်း မျိုးဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်မှာလည်း ကောင်းမွန်ပါတယ်။ ရှေ့မျက်နှာပြင် အပြည့်ဖြစ်တဲ့အတွက် မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်ခုမှ မပါဝင်တာကြောင့် Home, Back, Recent တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ Fingerprint Sensor ကိုတော့ ကျောဘက်ကာ ဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၅.၉၉ လက်မရှိတဲ့ IPS LCD Screen ကိုအသုံးပြုထားပြီး 1080 x 2160 pixels ရှိတဲ့ Full HD+ Screen အမျိုးအစားပါ။

နည်းပညာ

ကင်မရာမှာ အသုံးပြုနိုင်ဖို့အတွက် ဓာတ်ပုံအသုံးပြု Mode စနစ်တွေကို တော်တော်လေး စုံစုံလင်လင် ထည့်သွင်းပေးထားတာတွေ့ ရပါတယ်။ နောက်ဘက်ကင်မရာနှစ်လုံး အသုံးပြုထားတဲ့အတွက် နောက်ခံအဝါး Bokeh ဓာတ်ပုံတွေမှာလည်း တော်တော်လေးကောင်းမွန်တာ တွေ့ရမှာပါ။ Fingerprint စနစ်အပြင် မျက်နှာနဲ့ မှတ်သားပြီး ဖွင့်နိုင်တဲ့ Face Recognition စနစ်တွေကို ဒီဖုန်းမှာ အသုံးပြုနိုင်ပါလိမ့်မယ်။

သုံးသပ်ချက်

Asus Zenfone Max Pro ဟာ စျေးနှုန်းအလယ်အလတ်တန်းစားဖုန်း အမျိုးအစားတစ်ခုဖြစ်ပေမယ့်လည်း ဖုန်းမှာပါဝင်တဲ့ CPU, GPU ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဖုန်းမှာထည့်သွင်းပေးထားတဲ့ ဘက်ထရီရဲ့ပါဝါသိုလှောင်နိုင်မှု ပမာဏကလည်း ကောင်းမွန်တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်မှာပါ။ Screen ပိုင်းမှာလည်းကောင်း မွန်တဲ့အပြင် ဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှု အပိုင်းမှာလည်း ကိုင်တွယ်ရတာ အဆင်ပြေပါတယ်။ ကျောဘက်ကာဗာပုံစံ ရိုးရှင်းတဲ့အချက်တစ် ချက်တော့ ရှိပါတယ်။ သူ့ရဲ့စျေးနှုန်းနဲ့ ယှဉ်ကြည့်ရင်တော့ မှတ်ဉာဏ်ပမာဏက သင့်တင့်တယ်လို့ ပြောလို့ရပေမယ့် စျေးနှုန်းချင်းတူတဲ့ 64GB/ 4GB RAM တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ နည်းတယ်လို့ ပြောလို့ရပါတယ်။ ကင်မရာပိုင်းမှာ အသုံးပြုနိုင်တဲ့ Mode တွေစုံစုံလင်လင် ပါဝင်နေခြင်းက လည်းကောင်းတဲ့ အချက်တစ်ခုပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1.0 (Oreo)
CPU – Octa-core 1.8 GHz Kryo 260
GPU – Adreno 509
Memory – Internal 32GB, 3GB RAM , Micro SD 512GB
Camera – Dual: 13 MP (f/2.2, 25mm) + 5 MP (f/2.4), LED flash, Features, Geo-tagging, touchfocus, face detection, HDR, panorama, face unlock, Video, Secondary 8 MP (f/2.2, LED flash
Wi-Fi – 802.11 b/g/n, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Po 5000 mAh Battery

သူတို့အမြင်

ကိုဝေလင်း (စမ်းသပ်အသုံးပြုသူ)

Zenfone Max Pro ကတော့ စျေးနှုန်းအရကြည့်မယ်ဆိုရင် သုံးပျော်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဖုန်းထဲက Specification အချက်အလက်တွေ အရဆိုရင်လည်း သုံးပျော်တယ်လို့ ပြောလို့ရပါတယ်။ ဖုန်းရဲ့ ပုံစံဒီဇိုင်းမှာ ဘေးဘောင်နဲ့ ရှေ့မျက်နှာပြင်က လှပေမယ့် ကျောဘက်ကာဗာဒီဇိုင်းတော့ သိပ်သဘောမကျချင်ဘူး။ ဖုန်းထဲမှာ ပါတဲ့ CPU, GPU တွေကိုတော့ ကြိုက်တယ်။ သူ့စျေးနှုန်းနဲ့ ယှဉ်လိုက်ရင် Processor ကကောင်းတယ်လို့တောင် ပြောလို့ရတယ်။ ကင်မရာပိုင်းမှာလည်း Megapixels တွေက ကောင်းပါတယ်။ ကင်မရာမှာပါတဲ့ Mode စနစ်တွေကလည်း တော်တော်လေးစုံစုံလင် လင်ရှိပါတယ်။ Settings ထဲမှာတော့ သုံးရတဲ့စနစ်တွေက နည်းတယ် မြင်မိတယ်။

မချိုမာခိုင် (စမ်းသပ်အသုံးပြုသူ)

ရှေ့ကင်မရာက ဓာတ်ပုံရိုက်ရတာ တော်တော်လေးကောင်းပါတယ်။ နောက်ဘက်ကင်မရာကလည်း ဓာတ်ပုံရိုက်ရတာကောင်းပါ တယ်။ နောက်ဘက်ကင်မရာက နှစ်လုံးဆိုတော့ Portrait Mode တွေမှာလည်း ကောင်းတယ်။ Memory ကတော့ ဒီထပ်နည်းနည်းပို ပါမယ်ဆိုရင်တော့ ဒီဖုန်းက သူ့စျေးနှုန်းနဲ့ တန်သွားပြီလို့ပြောလို့ရ တယ်။ ဘက်ထရီကလည်း တော်တော်လေး ကောင်းပါတယ်။ ဘက် ထရီပမာဏများတဲ့အတွက် ဖုန်းကတော်တော်လေး အသုံးခံတဲ့အပြင် အင်တာနက်သုံးတာ၊ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာတွေအ တွက်တောင် အချိန်တော်တော်ကြာကြာ သုံးနိုင်တာတွေ့ရတယ်။

ဦးမြင့်ဝေ (စမ်းသပ်အသုံးပြုသူ)

Memory က သင့်တင့်တယ်လို့ ပြောလို့ရပေမယ့် 64GB လောက်ဆိုရင် ပိုပြီးရွေးချယ်ဖို့ ကောင်းသွားမယ်လို့တော့ မြင်မိတယ်။ ဖုန်းရဲ့ ဒီဇိုင်းနဲ့ ကိုင်ရတဲ့ အခြေအနေက တော်တော်လေး ကောင်းပါတယ်။ CPU, GPU ပိုင်းတွေမှာလည်း ဒီဖုန်းက စျေးနှုန်းနဲ့ ယှဉ်လိုက်ရင် တော်တော်လေး ကောင်းပါတယ်။ ကင်မရာပိုင်းမှာလည်း ရုပ်ထွက်နဲ့ အသုံးပြုရတဲ့ Mode တွေက ကောင်းပါတယ်။ ဒါ ပေမဲ့ အချို့ စနစ်တွေမှာ Touch Focus သုံးလို့မရတဲ့ အချက်လေး တစ်ချက်တော့ရှိတယ်။ Touch Focus ကို သိပ်မသုံးပဲ ဓာတ်ပုံရိုက်တဲ့ သူတွေအတွက်တော့ ဒီဖုန်းက အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒီဖုန်းမှာပါတဲ့ Face Unlock စနစ်ကလည်း အဆင်ပြေပြေ သုံးလို့ရတဲ့အပြင် မျက်စိမှိတ်တဲ့ အချိန်တွေမှာလည်း မဖွင့်ပေးတဲ့အတွက် အတန်အသင့် စိတ်ချရတယ်လို့ ပြောလို့ရပါတယ်။

 

 

 

-ကိုသက်