October 20, 2017

Asus Zenfone Go TV

ASUS Zenfone Go TV မှာ ၅.၅ လက်မရွယ် 1080P Full HD Resolution ရှိတဲ့ IPS LCD Display အသုံးပြုထားပါတယ်။ Dual Sim ဖြစ်ပြီး 4G ကွန်ရက်အထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Micro SD ကတ် ထပ်စိုက်နိုင်သလို OTG အသုံးပြုချင်သူတွေအတွက်လဲ အဆင်ပြေစေမှာဖြစ်ပါတယ်။ Asus Zenfone Go TV မှာ ဆင်းမ်ကတ်မထည် အင်တာနက် သုံးစရာမလိုဘဲ Free to air လိုင်းတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။RAM 2GB ဖြစ်ပြီး Internal Storage အနေနဲ့ 32GB ပါဝင်ပါတယ်။ Storage ထပ်တိုးချင်ရင်တော့ 128GB အထိ ထပ်တိုးနိုင်မှာဖြစ်ပါတယ်။ နောက်ကျောဘက်အခြမ်းမှာ 13MP ရှိတဲ့ကင်မရာနဲ့ စကရင်ဘက်အခြမ်းမှာ 5MP ရှိတဲ့ကင်မရာတွေ ပါဝင်ပါတယ်။ 3010mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ တန်ဖိုး ၁၆၅,၀၀၀ကျပ် နဲ့ Technoland ဖုန်း ၀၉ ၉၇၀၀၃၅၁၀၁ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကောင်းမြတ်ထွန်း