April 23, 2018

Arduino Microcontroller သင်တန်းဖွင့်လှစ်မည်

နည်းပညာတက္ကသိုလ် ကျောင်းသားများ၊ အဆင့်မြင့် အီလက်ထရောနစ် ပရောဂျက်များကို ကိုယ်တိုင်တည်ဆောက်လိုသော ဝါသနာရှင်များ အပါအဝင်နောက်ဆုံးပေါ် နည်းပညာတွေကို စိတ်ဝင်စားသူတွေအတွက် Arduino Microcontroller သင်တန်း ဖွင့်လှစ်မယ်လို့ NEC Mandalay သိရပါတယ်။

Arduino နှင့် IoT Device များ၊ Sensor/Modules များ အသုံးပြု၍ Circuit များ တည်ဆောက်ခြင်း၊ Smart Project များ ပြုလုပ်ခြင်းအပြင် ပရိုဂရမ်ရေးနည်းကို အခြေခံမှစပြီးကိုယ်တိုင် ပရောဂျက် ဒီဇိုင်းထုတ်တည်ဆောက် နိုင်သည်အထိ သင်ကြားပေးမယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်းအောင် အဆင့်ကနေစပြီး တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလ ၂ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးကတော့ ၈ဝ,ဝဝဝ ကျပ်ဖြစ်ပါတယ်။ NEC အင်ဂျင်နီယာ သင်တန်း မန္တလေးဖုန်း ၀၂ ၂၂၆၅၀ မှာ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း