Apple Watch အစား Fitbit ရဲ႕ ေဒၚလာ ၂၀၀ တန္ စမတ္နာရီကို ဝယ္ယူသင့္တဲ့ အေၾကာင္းရင္း (၇) ရပ္

[Zawgyi]

ဒီေန႔ေခတ္မွာ စမတ္နာရီတစ္လံုး ဝယ္ယူတာက ခက္ခဲတဲ့ကိစၥ မဟုတ္ေတာ့ပါဘူး။

တစ္ဖက္မွာ စမတ္နာရီေစ်းကြက္ကို ဦးေဆာင္ေနၿပီး ကမၻာ့အေရာင္းရဆံုး နာရီျဖစ္တဲ့ Apple Watch ရိွပါတယ္။
အျခားတစ္ဖက္မွာလည္း platform အမ်ိဳးမ်ိဳးနဲ႔ အလုပ္လုပ္ႏိုင္ၿပီး ေစ်းအမ်ိဳးမ်ိဳးနဲ႔ရႏိုင္တဲ့ စမတ္နာရီ အမ်ားအျပား ရိွပါတယ္။

အဲ့ဒီစမတ္နာရီေတြထဲမွာ မၾကာေသးခင္က မိတ္ဆက္ေၾကညာခဲ့တဲ့ ေဒၚလာ ၂၀၀ တန္ Fitbit Versa က Apple Watch နဲ႔ ယွဥ္ၿပိဳင္ႏိုင္တဲ့ အနီးစပ္ဆံုး ထုတ္ကုန္တစ္ခုျဖစ္ပါတယ္။

ဒါေၾကာင့္ Apple Watch အစား Fitbit ရဲ႕ ေဒၚလာ ၂၀၀ တန္ စမတ္နာရီကို ဝယ္ယူသင့္တဲ့ အခ်က္ (၇) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

(၁) Fitbit Versa ဟာ Apple Watch ထက္ အေတာ့္ကို ေစ်းသက္သာပါတယ္

Fitbit Versa ရဲ႕တန္ဖိုးက ေဒၚလာ ၂၀၀ ျဖစ္ပါတယ္။ Apple Watch Series 3 ကေတာ့ ၃၂၉ ေဒၚလာနဲ႔ စတင္ပါတယ္။ Apple Watch Series 1 ရဲ႕တန္ဖိုးက ေဒၚလာ ၂၅၀ ျဖစ္ပါတယ္။

(၂) Fitbit Versa က Apple Watch ထက္ အရြယ္ငယ္ပါတယ္

Fitbit Versa ရဲ႕ အက်ယ္က ၂၄ မီလီမီတာျဖစ္ၿပီး အရွည္က ၂၄ မီလီမီတာျဖစ္ပါတယ္။ ဒါဟာ အေသးဆံုး Apple Watch ရဲ႕ အက်ယ္ ၃၈.၆ မီလီမီတာနဲ႔ အရွည္ ၃၃.၃ မီလီမီတာထက္ အနည္းငယ္ ေသးငယ္ပါတယ္။

(၃) Fitbit Versa ရဲ႕ ဘက္ထရီသက္တမ္းက Apple ထက္ ပိုေကာင္းပါတယ္

Versa ကို ဘက္ထရီနဲ႔ ၄ ရက္အထိ သံုးႏိုင္တယ္လို႔ Fitbit က ေျပာပါတယ္။ Apple Watch ရဲ႕ ဘက္ထရီကေတာ့ ၁၈ နာရီပဲ အသံုးခံပါတယ္။

(၄) Fitbit Versa က Apple ထက္ app ပိုနည္းပါတယ္

Fitbit Versa မွာ အသံုးတည့္ေစမယ့္ app ေတြကိုပဲ ထည့္သြင္းထားပါတယ္။ Gmail နဲ႔ Twitter အတြက္ option ေတြမပါတာေၾကာင့္ notification ေတြ မနားတမ္းဝင္တာမ်ိဳး မျဖစ္ႏိုင္ပါဘူး။

(၅) Fitbit Versa က သံုးစြဲသူရဲ႕ ရာသီစက္ဝန္းကို ေျခရာခံေပးႏိုင္ပါတယ္

အမ်ိဳးသမီးေတြရဲ႕က်န္းမာေရးကို ေျခရာခံတာဟာ Fitbit သံုးစြဲသူေတြ အေတာင္းဆိုဆံုး feature ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါကို Fitbit က Versa ရဲ႕ mobile app မွာ မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ Fitbit Versa စမတ္နာရီကို သံုးစြဲသူေတြဟာ သူတို႔ရဲ႕ ရာသီစက္ဝန္းကို ေျခရာခံႏိုင္မွာျဖစ္သလို ရာသီလာႏိုင္တဲ့အခ်ိန္ကိုလည္း ခန္႔မွန္းႏိုင္မွာျဖစ္ပါတယ္။
Apple Watch မွာေတာ့ အလားတူ ဝန္ေဆာင္မႈမ်ိဳး မရႏိုင္ပါဘူး။

(၆) Fitbit Versa မွာ အိပ္စက္မႈကိုေျခရာခံႏိုင္တဲ့ လုပ္ေဆာင္ခ်က္ built-in ပါဝင္ပါတယ္

Fitbit မွာ Sleep Stages လို႔ေခၚတဲ့ feature တစ္ခု ပါဝင္ပါတယ္။ အဲ့ဒီ feature ဟာ သံုးစြဲသူက ညဘက္မွာ နာရီကိုဝတ္ဆင္ၿပီး ဘယ္ေလာက္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ႏိုင္သလဲဆိုတာကို ေျခရာခံေပးႏိုင္ပါတယ္။ အိပ္စက္မယ့္အခ်ိန္ကို သတ္မွတ္ထားႏိုင္သလို၊ ႏိုးလာတဲ့အခ်ိန္ကိုလည္း ေျခရာခံႏိုင္ပါတယ္။ ဒါ့အျပင္ ပွ်မ္းမွ် အိပ္ခ်ိန္ကိုလည္း စစ္ေဆးေပးႏုိင္ပါတယ္။
Apple Watch မွာေတာ့ အိပ္စက္မႈကို ေျခရာခံဖို႔အတြက္ third-party app ေတြနဲ႔ပဲ ျပဳလုပ္ႏုိင္ပါတယ္။

(၇) Fitbit Versa မွာ အိပ္ေပ်ာ္စဥ္ အသက္႐ွဴရပ္တဲ့ အေျခအေနမ်ိဳးေတြကို ေျခရာခံေပးႏိုင္တဲ့ SpO2 sensor ပါဝင္ပါတယ္

Fitbit Versa နဲ႔ ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ Fitbit Ion မွာ blood oxygen level ေတြကို တိုင္းတာေပးတဲ့ SpO2 sensor တစ္ခုပါဝင္ပါတယ္။ ဒါဟာ အိပ္ေပ်ာ္စဥ္ အသက္႐ႈပ္ရပ္ sleep apnea လိုမ်ိဳး က်န္းမာေရးအေျခအေနေတြကို ေျခရာခံေပးႏိုင္ပါတယ္။
Apple Watch မွာ heart-rate sensor, accelerometer, gyroscope စတဲ့ built-in sensor အမ်ားအျပား ပါဝင္ေပမယ့္ အဆင့္ျမင့္ က်န္းမာေရးေျခရာခံ sensor ေတာ့ မပါဝင္ပါဘူး။


Ref: BusinessInsider

=============

[Unicode]

ဒီနေ့ခေတ်မှာ စမတ်နာရီတစ်လုံး ဝယ်ယူတာက ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါဘူး။

တစ်ဖက်မှာ စမတ်နာရီစျေးကွက်ကို ဦးဆောင်နေပြီး ကမ္ဘာ့အရောင်းရဆုံး နာရီဖြစ်တဲ့ Apple Watch ရှိပါတယ်။
အခြားတစ်ဖက်မှာလည်း platform အမျိုးမျိုးနဲ့ အလုပ်လုပ်နိုင်ပြီး စျေးအမျိုးမျိုးနဲ့ရနိုင်တဲ့ စမတ်နာရီ အများအပြား ရှိပါတယ်။

အဲ့ဒီစမတ်နာရီတွေထဲမှာ မကြာသေးခင်က မိတ်ဆက်ကြေညာခဲ့တဲ့ ဒေါ်လာ ၂၀၀ တန် Fitbit Versa က Apple Watch နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနီးစပ်ဆုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် Apple Watch အစား Fitbit ရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်နာရီကို ဝယ်ယူသင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Fitbit Versa ဟာ Apple Watch ထက် အတော့်ကို စျေးသက်သာပါတယ်

Fitbit Versa ရဲ့တန်ဖိုးက ဒေါ်လာ ၂၀၀ ဖြစ်ပါတယ်။ Apple Watch Series 3 ကတော့ ၃၂၉ ဒေါ်လာနဲ့ စတင်ပါတယ်။ Apple Watch Series 1 ရဲ့တန်ဖိုးက ဒေါ်လာ ၂၅၀ ဖြစ်ပါတယ်။

(၂) Fitbit Versa က Apple Watch ထက် အရွယ်ငယ်ပါတယ်

Fitbit Versa ရဲ့ အကျယ်က ၂၄ မီလီမီတာဖြစ်ပြီး အရှည်က ၂၄ မီလီမီတာဖြစ်ပါတယ်။ ဒါဟာ အသေးဆုံး Apple Watch ရဲ့ အကျယ် ၃၈.၆ မီလီမီတာနဲ့ အရှည် ၃၃.၃ မီလီမီတာထက် အနည်းငယ် သေးငယ်ပါတယ်။

(၃) Fitbit Versa ရဲ့ ဘက်ထရီသက်တမ်းက Apple ထက် ပိုကောင်းပါတယ်

Versa ကို ဘက်ထရီနဲ့ ၄ ရက်အထိ သုံးနိုင်တယ်လို့ Fitbit က ပြောပါတယ်။ Apple Watch ရဲ့ ဘက်ထရီကတော့ ၁၈ နာရီပဲ အသုံးခံပါတယ်။

(၄) Fitbit Versa က Apple ထက် app ပိုနည်းပါတယ်

Fitbit Versa မှာ အသုံးတည့်စေမယ့် app တွေကိုပဲ ထည့်သွင်းထားပါတယ်။ Gmail နဲ့ Twitter အတွက် option တွေမပါတာကြောင့် notification တွေ မနားတမ်းဝင်တာမျိုး မဖြစ်နိုင်ပါဘူး။

(၅) Fitbit Versa က သုံးစွဲသူရဲ့ ရာသီစက်ဝန်းကို ခြေရာခံပေးနိုင်ပါတယ်

အမျိုးသမီးတွေရဲ့ကျန်းမာရေးကို ခြေရာခံတာဟာ Fitbit သုံးစွဲသူတွေ အတောင်းဆိုဆုံး feature တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကို Fitbit က Versa ရဲ့ mobile app မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Fitbit Versa စမတ်နာရီကို သုံးစွဲသူတွေဟာ သူတို့ရဲ့ ရာသီစက်ဝန်းကို ခြေရာခံနိုင်မှာဖြစ်သလို ရာသီလာနိုင်တဲ့အချိန်ကိုလည်း ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။
Apple Watch မှာတော့ အလားတူ ဝန်ဆောင်မှုမျိုး မရနိုင်ပါဘူး။

(၆) Fitbit Versa မှာ အိပ်စက်မှုကိုခြေရာခံနိုင်တဲ့ လုပ်ဆောင်ချက် built-in ပါဝင်ပါတယ်

Fitbit မှာ Sleep Stages လို့ခေါ်တဲ့ feature တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ feature ဟာ သုံးစွဲသူက ညဘက်မှာ နာရီကိုဝတ်ဆင်ပြီး ဘယ်လောက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်သလဲဆိုတာကို ခြေရာခံပေးနိုင်ပါတယ်။ အိပ်စက်မယ့်အချိန်ကို သတ်မှတ်ထားနိုင်သလို၊ နိုးလာတဲ့အချိန်ကိုလည်း ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် ပျှမ်းမျှ အိပ်ချိန်ကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။
Apple Watch မှာတော့ အိပ်စက်မှုကို ခြေရာခံဖို့အတွက် third-party app တွေနဲ့ပဲ ပြုလုပ်နိုင်ပါတယ်။

(၇) Fitbit Versa မှာ အိပ်ပျော်စဉ် အသက်ရှူရပ်တဲ့ အခြေအနေမျိုးတွေကို ခြေရာခံပေးနိုင်တဲ့ SpO2 sensor ပါဝင်ပါတယ်

Fitbit Versa နဲ့ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Fitbit Ion မှာ blood oxygen level တွေကို တိုင်းတာပေးတဲ့ SpO2 sensor တစ်ခုပါဝင်ပါတယ်။ ဒါဟာ အိပ်ပျော်စဉ် အသက်ရှုပ်ရပ် sleep apnea လိုမျိုး ကျန်းမာရေးအခြေအနေတွေကို ခြေရာခံပေးနိုင်ပါတယ်။
Apple Watch မှာ heart-rate sensor, accelerometer, gyroscope စတဲ့ built-in sensor အများအပြား ပါဝင်ပေမယ့် အဆင့်မြင့် ကျန်းမာရေးခြေရာခံ sensor တော့ မပါဝင်ပါဘူး။

Ref: BusinessInsider