December 12, 2017

Android Oreo (Go Edition) အထောက်အပံ့ကို Qualcomm မိတ်ဆက်ကြေညာ

Qualcomm အနေနဲ့ Google ရဲ့ Android Oreo (Go Edition) platform ထောက်ပံ့မှုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ RAM 1GB အောက်ရှိတဲ့ ထုတ်ကုန်များစွာရဲ့ အရည်အသွေး တိုးတက်လာဖို့အတွက် Qualcomm က Google နဲ့ လက်တွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Qualcomm ဟာ Google နဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ် အသေးစိတ် မထုတ်ပြန်ခဲ့သလို Android Oreo (Go Edition) အစီအစဉ်တွေကိုလည်း မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ Android Oreo (Go Edition) ကို RAM နဲ့ storage space နည်းတဲ့ တန်ဖိုးနည်း ထုတ်ကုန်တွေမှာ မြန်ဆန်ပေါ့ပါးတဲ့ Google app တွေအသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် optimized app တွေ အသားပေးဖော်ပြထားတဲ့ Play Store လည်း Android Oreo (Go Edition) မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Android Oreo (Go Edition) ထုတ်ကုန်တွေကို ၂၀၁၈ ခုနှစ်အစောပိုင်းမှာ တင်ပို့ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

စိုးထက်
Ref: GSMArena