June 23, 2018

Android Oreo ရဲ႕ ထိပ္တန္းလုပ္ေဆာင္ခ်က္ ၉ ခု

[ Zawgyi ]

Google ကေန Android Oreo ဗားရွင္း update အသစ္ကို ထပ္မံထုတ္လုပ္လိုက္ပါတယ္။ အဲ ဒီ update အသစ္မွာ ဘက္ထရီ သက္တမ္းပိုမိုခံလာတဲ့အျပင္ စြမ္းေဆာင္ရည္ပိုင္းလဲ ပိုၿပီးေကာင္းလာပါတယ္။ ေနာက္ၿပီး လုံၿခဳံေရး စနစ္ပိုင္းလည္း ျမႇင့္ထားၿပီး Multi-tasking ပိုင္းလည္း ပိုေကာင္းလာ ပါတယ္။ ေနာက္ၿပီး Google က Pixel စမတ္ဖုန္းေတြအတြက္ သီးသန္႔လုပ္ေဆာင္ခ်က္ေတြကို လည္း ဒီ update မွာ ထည့္ေပးခဲ့ပါတယ္။

ခုအသစ္ထပ္ထြက္လာတဲ့ update ဗားရွင္းက ဘာေတြပို ေကာင္းလာလဲ ၾကည့္ရေအာင္။

ဘက္ထရီသက္တမ္းကို ပိုခံေစတဲ့ Vitals

Google ရဲ႕ Vitals ေၾကာင့္ ခု ဗားရွင္းမွာ ဖုန္းဘက္ထရီသက္တမ္း ပိုခံလာမွာျဖစ္ပါတယ္။ ေနာက္တစ္ခုက ေနာက္ကြယ္မွာ ပြင့္ေနတတ္တဲ့ App ေတြရဲ႕ ဆားဗစ္ေတြကို ကိုယ္စိတ္ႀကိဳက္ ကန္႔သတ္ထားႏုိင္ေအာင္ လုပ္ေဆာင္ႏုိင္မွာျဖစ္တဲ့အတြက္ ဖုန္း ဘက္ထရီသုံးစြဲမႈကို ေကာင္းစြာ ေလ်ာ့ခ်ႏုိင္မွာလည္း ျဖစ္ပါတယ္။

Notification Dots

Android Oreo မွာ ဒီလုပ္ ေဆာင္ခ်က္ notification ေတြကို ဖုန္းျမင္ကြင္းအေပၚကေန ေအာက္ ကိုဆဲြခ်ၿပီး ၾကည့္စရာမလိုေအာင္ ဖန္တီးေပးထားပါတယ္။ noti အသစ္ေတြကို တက္ေနတဲ့ App ရဲ႕ icon အေပၚနားမွာ ေဘာက္တစ္ခု အေနနဲ႔ ေဖာ္ျပေပးမွာျဖစ္ပါတယ္။ ဒါကေတာ့ iOS သမားေတြနဲ႔ ရင္းႏွီး ေနၾကပုံစံတစ္ခုလိုမ်ဳိးျဖစ္ပါတယ္။ icon ေပၚမွာ စကၠန္႔အနည္းငယ္ ဖိထားလိုက္မယ္ဆိုရင္ေတာ့ 3D Touch လိုမ်ဳိး menu ပုံစံ Notification Dot ပြင့္လာမွာျဖစ္ၿပီး မၾကည့္ရေသးတဲ့ noti ေတြကို စစ္ႏုိင္ေစမွာျဖစ္ပါတယ္။

Notification Snoozing

ဒါကေတာ့ အရင္တစ္ပတ္က ေဖာ္ျပခဲ့ဖူးတဲ့ Oreo ရဲ႕ လုပ္ ေဆာင္ခ်က္တစ္ခုပါ။ မိမိအေနနဲ႔ ဖုန္းမွာ noti ေတြကို မိနစ္ပိုင္းနဲ႔ မတက္ေအာင္ လုပ္ထားႏုိင္မွာျဖစ္ပါတယ္။ မိမိအေနနဲ႔ မီတင္မွာျဖစ္ ေစ၊ စာသင္ခ်ိန္ျဖစ္ေစ၊ ဖုန္းမွာ noti ၀င္တာကို တစ္ျခားသူေတြ သတိမထားမိေစခ်င္တဲ့အေျခအ ေနမ်ဳိးမွာ ဒီလုပ္ေဆာင္ခ်က္နဲ႔ noti ေတြက ေခတၱခဏအ၀င္ျပတာကို ပိတ္ထားႏုိင္မွာျဖစ္ပါတယ္။

Picture-in-Picture Video

ဒါကေတာ့ iOS သမားေတြ အသုံးျပဳေနတဲ့ Picture-in-Picture စနစ္အတုိင္းပါပဲ။ ဒါေပ မယ့္ဒီလုပ္ေဆာင္ခ်က္ကို iPad ေတြမွာပဲ ရတာျဖစ္ပါတယ္။ ခု Oreo မွာ PiP လို႔ေခၚတဲ့ ဒီလုပ္ေဆာင္ခ်က္နဲ႔ ဗီဒီယုိၾကည့္ေနတာမ်ဳိး ဒါမွမဟုတ္ ဗီဒီယုိဖုန္းေခၚေနတဲ့ အေျခအေနမွာ ေနာက္ App တစ္ခုကိုပါ ထပ္ၿပီး အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို Android ထုတ္ကုန္တုိင္းမွာ အသုံး ျပဳႏုိင္မွာျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္က ဖုန္းကေန အၿမဲသုံးတဲ့ Wi-Fi ကြန္ ရက္ေနရာကိုေရာက္တာနဲ႔ အလို ေလ်ာက္ခ်ိတ္ဆက္ေအာင္ လုပ္ေဆာင္ ထားႏုိင္မွာျဖစ္ပါတယ္။ မိမိက အိမ္မွာ WiFi လႊင့္သုံးတယ္ဆို ရင္ မိမိေရာက္တာနဲ႔ ဖုန္းက အိမ္ သုံး WiFi စနစ္ကို ခ်ိတ္ဆက္ေပးမွာ ျဖစ္ပါတယ္။ ဒီစနစ္ကိုလုပ္ထား ႏုိင္ဖို႔အတြက္ Setting ထဲ က Network and Internet>WiFi>WiFi Preferences ထဲ ကစနစ္ကို enable လုပ္ၿပီး ဖြင့္ေပးထားရမွာ ျဖစ္ပါတယ္။

Auto-enable Wi-Fi

ဒီလုပ္ေဆာင္ခ်က္က ဖုန္းကေန အၿမဲသုံးတဲ့ Wi-Fi ကြန္ ရက္ေနရာကိုေရာက္တာနဲ႔ အလို ေလ်ာက္ခ်ိတ္ဆက္ေအာင္ လုပ္ေဆာင္ထားႏုိင္မွာ ျဖစ္ပါတယ္။ မိမိက အိမ္မွာ WiFi လႊင့္သုံးတယ္ဆိုရင္ မိမိေရာက္တာနဲ႔ ဖုန္းက အိမ္သုံး WiFi စနစ္ကို ခ်ိတ္ဆက္ေပးမွာ ျဖစ္ပါတယ္။ ဒီစနစ္ကိုလုပ္ထား ႏုိင္ဖို႔အတြက္ Setting ထဲ က Network and Internet> WiFi>WiFi Preferences ထဲ ကစနစ္ကို enable လုပ္ၿပီး ဖြင့္ေပး ထားရမွာျဖစ္ပါတယ္။

Google Play Protect နဲ႔ လုံၿခဳံေရးကို တိုးျမႇင့္ႏုိင္မယ္

ကၽြန္ေတာ္တို႔ေတြ ဖုန္းကို မရွိ မျဖစ္အေနနဲ႔ အသုံးျပဳေနရၿပီဆို ရင္ေတာ့ ဖုန္းရဲ႕ လုံၿခဳံေရးပိုင္းက ကၽြန္ေတာ္တို႔အတြက္ အေရးႀကီး တယ္ဆိုတာကိုေတာ့ ေျပာဖို႔လိုမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Google ကေန Play Protect လို႔ေခၚတဲ့ လုံၿခဳံေရးဆုိင္ရာစနစ္တစ္ခုကို Oreo မွာ ထည့္ေပးထားပါတယ္။ ဒါကေတာ့ မိမိအေနနဲ႔ ဖုန္းထဲကို ထည့္သြင္းမယ္ App ကို လုံၿခဳံ ေရးအတြက္ စိတ္ခ်ရမႈ ရွိမရွိကုိ scan လုပ္ေပးတာျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က တစ္ေန႔ကို App ေပါင္း ၅ဝ ဘီလီယံထိကို scan လုပ္ေပးႏုိင္တယ္လုိ႔ Google က ဆိုထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္က မိမိရဲ႕ဖုန္းနဲ႔ Tablet PC ေတြကို အႏၱရာယ္ရွိႏုိင္တဲ့ App ေတြကေန အျပည့္အ၀ကာကြယ္ ႏုိင္မွာျဖစ္ပါတယ္။

Adaptive icons

Android Oreo မွာ ဒီလုပ္ ေဆာင္ခ်က္က ဖုန္းျမင္ကြင္းကို ပုိၿပီး သက္ဝင္လာေစမွာ ျဖစ္ပါတယ္။ icon ေတြကို ဖုန္း System display ေပၚမူတည္ၿပီး ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ ဒီစနစ္ကို launcher, shortcuts, settings စတာေတြမွာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

Android Instant Apps

ဒါကေတာ့ Google Play ကေန Download လုပ္စရာမလို ဘဲ App ေတြကို တိုက္႐ိုက္ဖြင့္ အသုံးျပဳႏုိင္ေအာင္လုပ္ေဆာင္ထားတဲ့ လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္ပါတယ္။ ဒီ Android Instant App လုပ္ေဆာင္ခ်က္သစ္ကို တစ္ကမၻာလုံးအတုိင္းအတာနဲ႔ ၅ဝဝ မီလီယံထုတ္ကုန္ေတြမွာ အသုံးျပဳႏုိင္ၿပီပဲျဖစ္ပါတယ္။ ဒီလုပ္ ေဆာင္ခ်က္ကို သုံးစြဲသူေတြက Web page သုံးသလိုမ်ဳိး URL ကို တစ္ခ်က္ႏွိပ္ၿပီး အသုံးျပဳရမွာျဖစ္ပါ တယ္။ ဒီလုပ္ေဆာင္ခ်က္ ဖုန္းမွာ သိုေလွာင္မႈပမာဏမလုံေလာက္ တဲ့သူေတြအတြက္ မ်ားစြာအသုံး၀င္ လွသလို App ေတြကို ခဏအစမ္း အသုံးျပဳၾကည့္ခ်င္သူေတြအတြက္ လည္း အဆင္ေျပမွာျဖစ္ပါတယ္။

ဒီဇိုင္းပိုင္းပိုဆန္းသစ္စြာ ဖန္တီးထားတဲ့ Emoji သစ္

Oreo အရင္ထြက္ခဲ့တဲ့ Android Nougat မွာကတည္းက Google က Emoji အသစ္အခ်ဳိ႕ကို မိတ္ဆက္ခဲ့ပါတယ္။ ခု Oreo မွာ လည္း ဒီဇုိင္းပိုင္းပိုဆန္းသစ္စြာ ဖန္တီးထားတဲ့ Emoji ေတြအျပင္ emoji အသစ္ ၆ဝ ေက်ာ္ကို ထပ္မံ ထည့္သြင္းေပးလုိက္ပါတယ္။

မိမိအေနနဲ႔ Google ကေန ထုတ္ထားတဲ့ ဖုန္းေတြကို အသုံးျပဳ ေနတယ္ဆိုရင္ေတာ့ Oreo ကို update ရၿပီးေလာက္ၿပီျဖစ္ပါ တယ္။ Google က နာမည္ႀကီး ဖုန္းအမွတ္တံဆိပ္ေတြျဖစ္တဲ့ Samsung, LG, HTC, Huawei, Nokia, Sony, Motorola စတာ ေတြမွာ Oreo ကို အသုံးျပဳႏုိင္ ေအာင္ေထာက္ပံ့လုပ္ေဆာင္သြား မယ္လုိ႔ဆိုထားပါတယ္။

-ရဲထြဋ္ဝင္း

======================

[ Unicode ]

Android Oreo ရဲ့ ထိပ်တန်းလုပ်ဆောင်ချက် ၉ ခု

======================

Google ကနေ Android Oreo ဗားရှင်း update အသစ်ကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ အဲ ဒီ update အသစ်မှာ ဘက်ထရီ သက်တမ်းပိုမိုခံလာတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းလဲ ပိုပြီးကောင်းလာပါတယ်။ နောက်ပြီး လုံခြုံရေး စနစ်ပိုင်းလည်း မြှင့်ထားပြီး Multi-tasking ပိုင်းလည်း ပိုကောင်းလာ ပါတယ်။ နောက်ပြီး Google က Pixel စမတ်ဖုန်းတွေအတွက် သီးသန့်လုပ်ဆောင်ချက်တွေကို လည်း ဒီ update မှာ ထည့်ပေးခဲ့ပါတယ်။

ခုအသစ်ထပ်ထွက်လာတဲ့ update ဗားရှင်းက ဘာတွေပို ကောင်းလာလဲ ကြည့်ရအောင်။

ဘက်ထရီသက်တမ်းကို ပိုခံစေတဲ့ Vitals

Google ရဲ့ Vitals ကြောင့် ခု ဗားရှင်းမှာ ဖုန်းဘက်ထရီသက်တမ်း ပိုခံလာမှာဖြစ်ပါတယ်။ နောက်တစ်ခုက နောက်ကွယ်မှာ ပွင့်နေတတ်တဲ့ App တွေရဲ့ ဆားဗစ်တွေကို ကိုယ်စိတ်ကြိုက် ကန့်သတ်ထားနိုင်အောင် လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ဖုန်း ဘက်ထရီသုံးစွဲမှုကို ကောင်းစွာ လျော့ချနိုင်မှာလည်း ဖြစ်ပါတယ်။

Notification Dots

Android Oreo မှာ ဒီလုပ် ဆောင်ချက် notification တွေကို ဖုန်းမြင်ကွင်းအပေါ်ကနေ အောက် ကိုဆွဲချပြီး ကြည့်စရာမလိုအောင် ဖန်တီးပေးထားပါတယ်။ noti အသစ်တွေကို တက်နေတဲ့ App ရဲ့ icon အပေါ်နားမှာ ဘောက်တစ်ခု အနေနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါကတော့ iOS သမားတွေနဲ့ ရင်းနှီး နေကြပုံစံတစ်ခုလိုမျိုးဖြစ်ပါတယ်။ icon ပေါ်မှာ စက္ကန့်အနည်းငယ် ဖိထားလိုက်မယ်ဆိုရင်တော့ 3D Touch လိုမျိုး menu ပုံစံ Notification Dot ပွင့်လာမှာဖြစ်ပြီး မကြည့်ရသေးတဲ့ noti တွေကို စစ်နိုင်စေမှာဖြစ်ပါတယ်။

Notification Snoozing

ဒါကတော့ အရင်တစ်ပတ်က ဖော်ပြခဲ့ဖူးတဲ့ Oreo ရဲ့ လုပ် ဆောင်ချက်တစ်ခုပါ။ မိမိအနေနဲ့ ဖုန်းမှာ noti တွေကို မိနစ်ပိုင်းနဲ့ မတက်အောင် လုပ်ထားနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ မီတင်မှာဖြစ် စေ၊ စာသင်ချိန်ဖြစ်စေ၊ ဖုန်းမှာ noti ၀င်တာကို တစ်ခြားသူတွေ သတိမထားမိစေချင်တဲ့အခြေအ နေမျိုးမှာ ဒီလုပ်ဆောင်ချက်နဲ့ noti တွေက ခေတ္တခဏအဝင်ပြတာကို ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

Picture-in-Picture Video

ဒါကတော့ iOS သမားတွေ အသုံးပြုနေတဲ့ Picture-in-Picture စနစ်အတိုင်းပါပဲ။ ဒါပေ မယ့်ဒီလုပ်ဆောင်ချက်ကို iPad တွေမှာပဲ ရတာဖြစ်ပါတယ်။ ခု Oreo မှာ PiP လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက်နဲ့ ဗီဒီယိုကြည့်နေတာမျိုး ဒါမှမဟုတ် ဗီဒီယိုဖုန်းခေါ်နေတဲ့ အခြေအနေမှာ နောက် App တစ်ခုကိုပါ ထပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Android ထုတ်ကုန်တိုင်းမှာ အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က ဖုန်းကနေ အမြဲသုံးတဲ့ Wi-Fi ကွန် ရက်နေရာကိုရောက်တာနဲ့ အလို လျောက်ချိတ်ဆက်အောင် လုပ်ဆောင် ထားနိုင်မှာဖြစ်ပါတယ်။ မိမိက အိမ်မှာ WiFi လွှင့်သုံးတယ်ဆို ရင် မိမိရောက်တာနဲ့ ဖုန်းက အိမ် သုံး WiFi စနစ်ကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်ကိုလုပ်ထား နိုင်ဖို့အတွက် Setting ထဲ က Network and Internet>WiFi>WiFi Preferences ထဲ ကစနစ်ကို enable လုပ်ပြီး ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

Auto-enable Wi-Fi

ဒီလုပ်ဆောင်ချက်က ဖုန်းကနေ အမြဲသုံးတဲ့ Wi-Fi ကွန် ရက်နေရာကိုရောက်တာနဲ့ အလို လျောက်ချိတ်ဆက်အောင် လုပ်ဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ မိမိက အိမ်မှာ WiFi လွှင့်သုံးတယ်ဆိုရင် မိမိရောက်တာနဲ့ ဖုန်းက အိမ်သုံး WiFi စနစ်ကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်ကိုလုပ်ထား နိုင်ဖို့အတွက် Setting ထဲ က Network and Internet> WiFi>WiFi Preferences ထဲ ကစနစ်ကို enable လုပ်ပြီး ဖွင့်ပေး ထားရမှာဖြစ်ပါတယ်။

Google Play Protect နဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်မယ်

ကျွန်တော်တို့တွေ ဖုန်းကို မရှိ မဖြစ်အနေနဲ့ အသုံးပြုနေရပြီဆို ရင်တော့ ဖုန်းရဲ့ လုံခြုံရေးပိုင်းက ကျွန်တော်တို့အတွက် အရေးကြီး တယ်ဆိုတာကိုတော့ ပြောဖို့လိုမှာ မဟုတ်ပါဘူး။ ဒါကြောင့် Google ကနေ Play Protect လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာစနစ်တစ်ခုကို Oreo မှာ ထည့်ပေးထားပါတယ်။ ဒါကတော့ မိမိအနေနဲ့ ဖုန်းထဲကို ထည့်သွင်းမယ် App ကို လုံခြုံ ရေးအတွက် စိတ်ချရမှု ရှိမရှိကို scan လုပ်ပေးတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က တစ်နေ့ကို App ပေါင်း ၅ဝ ဘီလီယံထိကို scan လုပ်ပေးနိုင်တယ်လို့ Google က ဆိုထားပါတယ်။ ဒီလုပ်ဆောင်ချက်က မိမိရဲ့ဖုန်းနဲ့ Tablet PC တွေကို အန္တရာယ်ရှိနိုင်တဲ့ App တွေကနေ အပြည့်အဝကာကွယ် နိုင်မှာဖြစ်ပါတယ်။

Adaptive icons

Android Oreo မှာ ဒီလုပ် ဆောင်ချက်က ဖုန်းမြင်ကွင်းကို ပိုပြီး သက်ဝင်လာစေမှာ ဖြစ်ပါတယ်။ icon တွေကို ဖုန်း System display ပေါ်မူတည်ပြီး ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို launcher, shortcuts, settings စတာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Android Instant Apps

ဒါကတော့ Google Play ကနေ Download လုပ်စရာမလို ဘဲ App တွေကို တိုက်ရိုက်ဖွင့် အသုံးပြုနိုင်အောင်လုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီ Android Instant App လုပ်ဆောင်ချက်သစ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၅ဝဝ မီလီယံထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ ဒီလုပ် ဆောင်ချက်ကို သုံးစွဲသူတွေက Web page သုံးသလိုမျိုး URL ကို တစ်ချက်နှိပ်ပြီး အသုံးပြုရမှာဖြစ်ပါ တယ်။ ဒီလုပ်ဆောင်ချက် ဖုန်းမှာ သိုလှောင်မှုပမာဏမလုံလောက် တဲ့သူတွေအတွက် များစွာအသုံးဝင် လှသလို App တွေကို ခဏအစမ်း အသုံးပြုကြည့်ချင်သူတွေအတွက် လည်း အဆင်ပြေမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းပိုဆန်းသစ်စွာ ဖန်တီးထားတဲ့ Emoji သစ်

Oreo အရင်ထွက်ခဲ့တဲ့ Android Nougat မှာကတည်းက Google က Emoji အသစ်အချို့ကို မိတ်ဆက်ခဲ့ပါတယ်။ ခု Oreo မှာ လည်း ဒီဇိုင်းပိုင်းပိုဆန်းသစ်စွာ ဖန်တီးထားတဲ့ Emoji တွေအပြင် emoji အသစ် ၆ဝ ကျော်ကို ထပ်မံ ထည့်သွင်းပေးလိုက်ပါတယ်။

မိမိအနေနဲ့ Google ကနေ ထုတ်ထားတဲ့ ဖုန်းတွေကို အသုံးပြု နေတယ်ဆိုရင်တော့ Oreo ကို update ရပြီးလောက်ပြီဖြစ်ပါ တယ်။ Google က နာမည်ကြီး ဖုန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ Samsung, LG, HTC, Huawei, Nokia, Sony, Motorola စတာ တွေမှာ Oreo ကို အသုံးပြုနိုင် အောင်ထောက်ပံ့လုပ်ဆောင်သွား မယ်လို့ဆိုထားပါတယ်။

-ရဲထွဋ်ဝင်း