Android Beam ကို သုံးၿပီး ဖုိင္နဲ႔ ဓာတ္ပုံေတြ ဘယ္လုိပုိ႔မလဲ

[ Zawgyi ]

Android Beam ဆိုတာကေတာ့ NFC စနစ္ေထာက္ပံ့ပါ၀င္ တဲ့ Android ဖုန္းအခ်င္းခ်င္း အခ်က္အလက္ဖုိင္ေတြ၊ ဓာတ္ပုံ ေတြနဲ႔ ဗီဒီယုိဖုိင္ေတြကို အလြယ္တကူေပးပို႔ လက္ခံႏုိင္တဲ့ လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က Android OS v4.0 (Ice Cream Sandwich) စတင္ထုတ္လုပ္ကတည္းက Android ဖုန္းနဲ႔ Tablet ေတြမွာပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။
မိမိရဲ႕ဖုန္းနဲ႔ အခ်က္အလက္ ကူးေျပာင္းေပးပို႔မယ့္ဖုန္းေတြမွာ NFC စနစ္ေထာက္ပံ့ပါ၀င္မယ္၊ Android OS v4.0 နဲ႔အထက္ျဖစ္ မယ္ဆိုရင္ေတာ့ Android Beam ကို သုံးၿပီး အလြယ္တကူ အခ်က္ အလက္ေတြကို ဖုန္းတစ္လုံးကေန တစ္လုံးကူးေျပာင္းႏုိင္မွာ ျဖစ္ပါတယ္။

အရင္ဆုံး NFC စနစ္ကို ဖြင့္ ေပးထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။ Settings စနစ္ထဲကို ၀င္လုိက္ပါ။ ၿပီးရင္ေတာ့ More ဆိုတာကို ရွာၿပီးႏွိပ္ပါ။

More စနစ္ထဲကို ေရာက္သြား ရင္ေတာ့ NFC ဆိုတဲ့စာသား ေဘးနားက ခလုတ္ေလး ပြင့္ေနလား ပိတ္ထားလားဆိုတာၾကည့္ၿပီး ပိတ္ေနရင္ေတာ့ ဖြင့္ေပးလိုက္ပါ။

ၿပီးရင္ေတာ့ Android Beam စနစ္က ဖြင့္ထားလား၊ မဖြင့္ ထားလားဆိုတာကို More ထဲကပဲ Android Beam ဆိုတဲ့စာသားကို တစ္ခ်က္ႏွိပ္လိုက္ပါ။

Android Beam စနစ္ထဲ ေရာက္သြားရင္ေတာ့ ေအာက္ကပုံ အတုိင္း On ေဘးနားကခလုတ္ ေလးပြင့္ေနလား ပိတ္ေနလား ၾကည့္ၿပီး ပိတ္ေနရင္ေတာ့ ဖြင့္ေပးလိုက္ပါ။

လိုအပ္တဲ့စနစ္ေတြကို ဖြင့္ေပး ၿပီးရင္ေတာ့ မိမိဖုန္းထဲက Gallery ထဲက ပုံတစ္ပုံကုိ ေရြးလိုက္ရင္ ေတာ့ ေအာက္ေဖာ္ျပပါပုံအတုိင္း ပုံရဲ႕ ထိပ္ဖက္နားမွာ Touch to beam ဆိုတဲ့စာသားေလးေပၚေန မွာျဖစ္ပါတယ္။

အဲဒီေပၚေနတဲ့ Touch to beam ဆိုတဲ့စာသားကိုႏွိပ္ၿပီး ပုံကို ေပးပို႔ႏုိင္ၿပီျဖစ္ပါတယ္။

ဒီ Beam လုပ္ေဆာင္ခ်က္က ဖုန္းရဲ႕ NFC နဲ႔ Bluetooth စနစ္ ႏွစ္မ်ဳိးလုံးကို အသုံးျပဳကာ ဖုိင္ေတြ ကို ကူးေျပာင္းေပးပို႔တာျဖစ္တဲ့ အတြက္ ပိုမိုျမန္ဆန္စြာေပးပို႔ႏုိင္ မွာျဖစ္ပါတယ္။ ဒီစနစ္ကို Sam-sung ဖုန္းေတြမွာေတာ့ S Beam ဆိုၿပီးသုံးႏႈန္းပါတယ္။ ဒါေပမယ့္ S Beam က Android Beam နဲ႔ မတူပါဘူး။ သူက Wi-Fi Direct စနစ္ကိုအသုံးျပဳတာျဖစ္ပါတယ္။ ေနာက္တစ္ခုက ဖုန္းႏွစ္လုံးကို ေက်ာခ်င္းကပ္လိုက္႐ုံနဲ႔ Android Beam စနစ္နဲ႔ဖိုင္ေပးပို႔လက္ခံႏုိင္တာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

==============

[ Unicode ]

Android Beam ကို သုံးပြီး ဖိုင်နဲ့ ဓာတ်ပုံတွေ ဘယ်လိုပို့မလဲ

==============

Android Beam ဆိုတာကတော့ NFC စနစ်ထောက်ပံ့ပါ၀င် တဲ့ Android ဖုန်းအချင်းချင်း အချက်အလက်ဖိုင်တွေ၊ ဓာတ်ပုံ တွေနဲ့ ဗီဒီယိုဖိုင်တွေကို အလွယ်တကူပေးပို့ လက်ခံနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Android OS v4.0 (Ice Cream Sandwich) စတင်ထုတ်လုပ်ကတည်းက Android ဖုန်းနဲ့ Tablet တွေမှာပါဝင်လာတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
မိမိရဲ့ဖုန်းနဲ့ အချက်အလက် ကူးပြောင်းပေးပို့မယ့်ဖုန်းတွေမှာ NFC စနစ်ထောက်ပံ့ပါ၀င်မယ်၊ Android OS v4.0 နဲ့အထက်ဖြစ် မယ်ဆိုရင်တော့ Android Beam ကို သုံးပြီး အလွယ်တကူ အချက် အလက်တွေကို ဖုန်းတစ်လုံးကနေ တစ်လုံးကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး NFC စနစ်ကို ဖွင့် ပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Settings စနစ်ထဲကို ၀င်လိုက်ပါ။ ပြီးရင်တော့ More ဆိုတာကို ရှာပြီးနှိပ်ပါ။

More စနစ်ထဲကို ရောက်သွား ရင်တော့ NFC ဆိုတဲ့စာသား ဘေးနားက ခလုတ်လေး ပွင့်နေလား ပိတ်ထားလားဆိုတာကြည့်ပြီး ပိတ်နေရင်တော့ ဖွင့်ပေးလိုက်ပါ။

ပြီးရင်တော့ Android Beam စနစ်က ဖွင့်ထားလား၊ မဖွင့် ထားလားဆိုတာကို More ထဲကပဲ Android Beam ဆိုတဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Android Beam စနစ်ထဲ ရောက်သွားရင်တော့ အောက်ကပုံ အတိုင်း On ဘေးနားကခလုတ် လေးပွင့်နေလား ပိတ်နေလား ကြည့်ပြီး ပိတ်နေရင်တော့ ဖွင့်ပေးလိုက်ပါ။

လိုအပ်တဲ့စနစ်တွေကို ဖွင့်ပေး ပြီးရင်တော့ မိမိဖုန်းထဲက Gallery ထဲက ပုံတစ်ပုံကို ရွေးလိုက်ရင် တော့ အောက်ဖော်ပြပါပုံအတိုင်း ပုံရဲ့ ထိပ်ဖက်နားမှာ Touch to beam ဆိုတဲ့စာသားလေးပေါ်နေ မှာဖြစ်ပါတယ်။

အဲဒီပေါ်နေတဲ့ Touch to beam ဆိုတဲ့စာသားကိုနှိပ်ပြီး ပုံကို ပေးပို့နိုင်ပြီဖြစ်ပါတယ်။

ဒီ Beam လုပ်ဆောင်ချက်က ဖုန်းရဲ့ NFC နဲ့ Bluetooth စနစ် နှစ်မျိုးလုံးကို အသုံးပြုကာ ဖိုင်တွေ ကို ကူးပြောင်းပေးပို့တာဖြစ်တဲ့ အတွက် ပိုမိုမြန်ဆန်စွာပေးပို့နိုင် မှာဖြစ်ပါတယ်။ ဒီစနစ်ကို Sam-sung ဖုန်းတွေမှာတော့ S Beam ဆိုပြီးသုံးနှုန်းပါတယ်။ ဒါပေမယ့် S Beam က Android Beam နဲ့ မတူပါဘူး။ သူက Wi-Fi Direct စနစ်ကိုအသုံးပြုတာဖြစ်ပါတယ်။ နောက်တစ်ခုက ဖုန်းနှစ်လုံးကို ကျောချင်းကပ်လိုက်ရုံနဲ့ Android Beam စနစ်နဲ့ဖိုင်ပေးပို့လက်ခံနိုင်တာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း