September 26, 2017

Android ပေါ်မှာ VPN account တစ်ခု ဘယ်လိုဖန်တီးမလဲ

VPN ( virtual private network) account တစ်ခုကို Android phone တစ်လုံးမှာ ဖန်တီးဖို့အတွက် သိပ်အခက်အခဲတော့ မရှိပါဘူး။ VPN ဆိုတာကတော့ အင်တာနက် သုံးစွဲတဲ့အခါမှာ ပိုမိုလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ဖို့နဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ကြားဖြတ် ဝင်ရောက်ပြီး သုံးစွဲလို့မရအောင် encrypt လုပ်ပြီး လုံခြုံစွာ သုံးစွဲနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အချို့ အခကြေးငွေပေးပြီး သုံးစွဲနေတဲ့ VPN တွေဆိုရင် browsing ပြုလုပ်ချိန်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို လုံခြုံစိတ်ချ ရစေဖို့အတွက် ကွယ်ဝှက်ပေးထားပါတယ်။

VPN တစ်ခုကို ဘာကြောင့် သုံးစွဲကြသလဲဆိုရင် ဥပမာ Play Store မှာရှိတဲ့ app တစ်ချို့ နဲ့ game တစ်ချို့ဟာ သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံက မဟုတ်တဲ့အတွက် ဝယ်ယူဖို့ အခက်အခဲရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ VPN ကို သုံးစွဲနိုင်ကြပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံကို အထောက်အပံ့မပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးတွေကို သုံးစွဲချင်တဲ့အခါမှာလည်း VPN ကို သုံးကြပါတယ်။ ဥပမာအားဖြင့် Netflix တို့ Hulu တို့ဟာလည်း ကိုယ့်နိုင်ငံကို အထောက်အပံ့ မပေးထားဘူးဆိုရင် VPN ကနေတစ်ဆင့် အဆိုပါ ဝန်ဆောင်မှုတွေကို သုံးစွဲနိုင်ပါတယ်။

Android အတွက် အထောက်အပံ့ပေးနိုင်တဲ့ VPN protocol တွေက PPTP, L2TP, IPsec ဆိုတဲ့ protocol တွေပဲဖြစ်ပါတယ်။

Android device ပေါ်ကနေ VPN account တစ်ခု ဖန်တီးတော့မယ်ဆိုရင် ပထမဆုံး Settings app ကို ဖွင့်ပါ။

ပြီးရင် Wireless & networks section အောက်မှာရှိတဲ့ More ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ VPN ဆိုတာကို ရွေးပေးရပါမယ်။ ပြီးရင် + sign ကို နှိပ်ရပါမယ်။

နောက်တစ်ဆင့်ကတော့ ကိုယ်အသုံးပြုတဲ့ VPN ရဲ့ အချက်အလက်တွေကို ထည့်ပေးရပါမယ်။ ဥပမာ VPNBook လိုမျိုး အခမဲ့ VPN service ကိုသုံးစွဲမယ်ဆိုရင် username, password တို့အပြင် VPN protocol အမျိုးအစားနဲ့ VPN server address တွေကို ထည့်သွင်းပေးရပါမယ်။ တစ်ကယ်လို့ ကုမ္ပဏီက ထောင်ထားတဲ့ VPN ဆိုရင် network admin ပေးတဲ့အချက်အလက်တွေနဲ့ VPN ရဲ့အချက်အလက်တွေကို ထည့်သွင်းပေးရပါမယ်။

ပြီးရင် Save button ကို နှိပ်ပါ။ ဒါဆိုရင် VPN account တစ်ခုကို Android device ထဲမှာ ဖန်တီးနိုင်ပါပြီ။