Android ဖုန်းအဟောင်းများတွင် Google Assistant အသုံးပြုနိုင်ဖွယ်ရှိ

လက်ရှိမှာ Pixel နဲ့ Pixel XL မှာပဲ အသုံးပြုနိုင်တဲ့ Google Assistant app ကို အသစ်ထွက်မယ့် Android ထုတ်ကုန်တွေမှာ တွေ့မြင်ရနိုင်သလို Android ဖုန်းအဟောင်းတွေမှာလည်း အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Google app for Android ရဲ့ alpha edition

သစ်တစ်ခုမှာ ပါဝင်တဲ့ code အရ Google Assistant ကို Android ဖုန်းအဟောင်းတွေမှာလည်း အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ app မှာ Google Assistant ကို ဘယ်ဖုန်းမှာမဆို ထည့်သွင်းနိုင်တဲ့ code ပါဝင်တယ်လို့လည်း Android Police က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ Android ဖုန်းအဟောင်းတွေမှာ Assistant app သုံးနိုင်မယ့်အကြောင်းကိုတော့ Google က တရားဝင်ပြောကြားထားတာမျိုး မရှိသေးဘူး။

သုံးစွဲသူအချို့တော့ Android ဖုန်းအဟောင်းတွေမှာ Google Now ကို အသုံးပြုဖို့အတွက် home ခလုတ်ကို အတန်ကြာဖိထားတဲ့အခါ Google Assistant welcome screen ပေါ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
Assistant နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဒီလကုန်ပိုင်းမှာကျင်းပမယ့် Mobile World Congress ဒါမှမဟုတ် မေလ ၁၇ ရက်မှာကျင်းပမယ့် Google I/O မှာ သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: TechRadar